Friday, December 13, 2013

အတိုက်အခံခေါင်းဆောင် ဆိုတဲ့ နာမည်ကို ခါးသီး နေသူများသို့......



မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်မျှ အတိုက်အခံ ဆိုတဲ့ ခေါင်းစဉ်ဟာ လူဆိုး ဖြစ်နေခဲ့တာပါ။ အဲဒီရဲ့ အကျိုးဆက်ကတော့ မြန်မာနိုင်ငံသားတွေရဲ့ စိတ်မနောမှာ ညှိကျန်ခဲ့တာပဲ။ အဲဒါကတော့ အတိုက်အခံ ဆိုတာ သူပုန် ပုံစံ ဖြစ်သွားပါတယ်။ အတိုက်အခံ လုပ်သူဟာ အဆိုးမြင် ပေါ့။



နိုင်ငံတကာ ဒီမိုကရေစီ နိုင်ငံတွေမှာက အတိုက်အခံ ခေါင်းဆောင် ဆိုတာ ပြည်သူကို ကိုယ်စားပြုပါတယ်။ အစိုးရ အာဏာရ ပါတီ မဟုတ်ရင် အတိုက်အခံ ပါပဲ။ အတိုက်အခံ လုပ်တယ် ဆိုတာ အစိုးရ က သူ စိတ်ကြိုက်အာဏာရှင် ဆန်ဆန် မလုပ်မိဖို့ အမြဲတမ်း သတိပေးနေတဲ့ သဘောပါ။ အတိုက်အခံ ဆိုတာ ရှိမှ ပြည်သူကို အလေးထားတဲ့ အစိုးရ ပေါ်လာမှာ ဖြစ်ပါတယ်။ အတိုက်အခံ ဆိုတာ ရှိမှ ပြည်သူကို ချပြတဲ့ အစိုးရ ဖြစ်လာမယ်။ ကိစ္စတိုင်းမှာ ပြည်သူကို ရှင်းပြ၊ ချပြ၊ ငြင်းခုန်ကြမှာ ဖြစ်ပါတယ်။

အစိုးရ တခုကို Check and Balance လုပ်ပေးသူဟာ အတိုက်အခံ တွေပါ။ ဒီတော့ အတိုက်အခံ ဆိုတာ ပြည်သူအတွက် အတိုက်အခံလုပ်ပေးခြင်း ဖြစ်တယ်။ အတိုက်အခံ ခွင့်မပြုထားတာ တစ်ပါတီ စနစ် (ဆိုရှယ်လစ်နိုင်ငံတွေ) နဲ့ အာဏာရှင် စနစ် တွေပါ။

ဒေါ် အောင်ဆန်းစုကြည်ကို အတိုက်အခံ ခေါင်းဆောင် လို့ နာမည်တပ်တာ လိုတောင် လိုပါသေးတယ်။ သဘောက သူဟာ သိပ်ပြီး အစိုးရ ကို လိုက်လျှောလွန်းလှ ပါတယ်။ အတိုက်အခံ ဆိုတာ လွတ်တော်ထဲမှာ ဆွေးနွေးသမျှ ခေါင်းစဉ်တိုင်းမှာ ပြည်သူကို ထင်ဟတ်စေတဲ့ မေးခွန်းတွေ မေးရမှာပါ။ မေးခွန်းတွေအတွက်လဲ ပြည်သူ့အသံ ကို နားထောင်ရမယ်။ ပြည်သူ ဆိုတာ လူမျိုး တစ်မျိုးထဲအတွက် မဟုတ်၊ နိုင်ငံသားပြည်သူ ကို ဆိုလိုတယ်။

အတိုက်အခံ လုပ်ခြင်းဟာ ပုန်ကန်တာ မဟုတ်၊ အဆိုးမြင်တာ မဟုတ် သလို ဆန့်ကျင်ခြင်းလဲ မဟုတ်။ မြန်မာနိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင် ကောင်းကောင်း လိုနေတာတော့ အမှန်ပါ။ အတိုက်အခံ တိုင်းကို ကြိုဆိုတယ်။

1 comment:

  1. ASSK gaw dai ni du hkra kaja ai akyu rawng bungli hpa mung n-galaw shi ai hpe hpa majaw jawm shakawn taw nga ai.Grau nna myen amyu hta lai ai ni a matu hpa mung n-galaw yu ai.hpyen dap asuya ten hta shi hte myen ningbaw ni lang hte lang hkrum shaga ai raitim hpa hkrum shaga ai hpe shinggan de n ndau ai.dai hpang kaga Jinghpaw,Sam ni hpe gasat hpang wa ai dai hpe yu yang shi mung myen nre ni hpe gasat kau mayu ai kaw lawm ai myen ningbaw langai re hpe mu lu ai.Ya rai tim shi arawng sadang lu na hpe sha shakut taw nga ai hpe mu ai. shi gumsa magam nlu tai na masa hpe mu wa jang kaga amyu ni hpe bai asawng masu wa ai hpe mu lu ai

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်