Tuesday, December 10, 2013

တိုင်းရင်းသား ၁၃၅ မျိုး ဆိုတာ တကယ်မရှိတဲ့ လူမျိုးကို ခေါ်သည်။

မြန်မာ့နည်း မြန်မာ့ဟန် ပညာရှင်များ အဖွဲ့ရဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲက ကချင် အုပ်စု ဖြစ်ပါသတဲ့။ရုရှား ကျောင်းသားအုပ်စု က ခဏခဏ ၀ါဒ ဖြန့်တဲ့ နေရာသုံးတာကတော့ သူတို့ မသိလို့ ဖြစ်ပါလိမ့်မယ် လို့ ခွင့်လွတ်နိုင်ပါသေးတယ်။ ငယ်လဲ ငယ်သေးတယ်၊ ဗဟုသုတ ကလဲ မရှိ ဆိုတာ ဒီလောက်တော့ ဖြစ်မှာပါလေ၊ ဆိုပြီး ကြံဖန်ခွင့်လွတ်ဖူးပါတယ်။

အခုတော့ မြန်မာသံရုံး ဆိုဒ် မှာပါ ခတ်တည်တည် တင်ထားထားလိုက်တော့ ဒူဝါ လဲ မနေနိုင်တော့ဘူး

ဘယ်က ပညာရှင်က ဖေါ်ထုတ်ပြီး ဘယ်က နလပြိန်းတုံးတွေက ထပ်ချဲ့သလားတော့ မသိပါ။ တခြား တိုင်းရင်းသားတွေ အကြောင်းတော့ သိပ်မသိတော့ မပြောတော့ဘူး။ ကချင်အုပ်စု ကို ခွဲထားတာကိုပဲ ကြည့်တော့....

ကချင်လူမျိုး ဆိုတာ သီးသန့် မရှိဘူးကွဲ့.. ကလေးတို့ရယ်..

ကချင် အုပ်စု မှာ ခြောက်မျိုးပဲ ရှိတယ်။

(၁) Jinghpaw (ဂျန်းဖေါ့ အုပ်စုမှာ ခင်များတို့ ထည့်ထားတာတောင် မစုံသေးဘူး။ Hkahku ဆိုတာ ဂျန်းဖေါ့လို " မြစ်ဖျား" လို့ အဓိပ္ပါယ်ထွက်တယ် ဒါကြေင့် ခခူးဆိုရင် မြစ်ကြီးနားသား နဲ့ ရှမ်းပြည်ဖက်မှာ နေတဲ့ ဂျိန်းဖေါ့တွေက ဆွမ်ဘရာဘွမ် နဲ့ မေခ၊ မလိခ ကြားမှာ နေတဲ့ ဂျိန်ဖေါ့ ကို ပြောတာ၊ Duleng ဆိုတာ ပူတာအို ဂျိန်းဖေါ့၊ Gauri ဆိုတာ ဗန်းမော်ဂျိန်းဖေါ့။ Hugawng @ Tarung (Trone မဟုတ်) တနှိုင်း ဂျိန်းဖေါ့၊ Zinli ဆိုတာ ရှမ်းပြည်ဖက်မှာ နေတဲ့ ဂျိန်းဖေါ့၊ Htingnai ဆိုတာ မီးရထားသံလမ်း တလျှောက် နေတဲ့ ဂျိန်းဖေါ့၊ မြစ်ကြီးနားမှာ ရှိတဲ့ ဂျိန်းဖေါ့အားလုံး ဒီအဖွဲ့တွေ ပေါင်းထားတာ, နယ်လိုက် သတ်မှတ်တဲ့ နာမည်သာ ဖြစ်တယ် လူမျိုးကွဲမဟုတ်ဘူး။ အများစုက ကချင်ဆိုရင် ဂျိန်းဖေါ့လူမျိုးကို ကိုယ်စားပြု ပြောတတ်ကြတယ်။ )
(၂) Rawang (Nung Lungmi, Dalawng)
(၃) Zaiwa (AhZi), Atsi မဟုတ်ပါ။
(4) Lisu
(5) Lawngvo or Maru ( Lawngore မဟုတ်ဘူးနော်)
(6) Lachid

မသိတဲ့လူတွေကို ညာစားဖို့လောက်ပဲ စဉ်းစားနေသလား အောင့်မည့်ရတယ်။ အဲဒါတွေကြောင့် မြန်မာပြည် ဒီအဆင့်က မတက်သေးတာလဲ တခု အပါအ၀င် ပေါ့။ ကိုယ့် နိုင်ငံ နဲ့ လူမျိုး အကြောင်းတောင် သေးသေးကွဲကွဲ မသိမှတော့ နိုင်ငံကို အုပ်ချုပ်တယ် ဆိုတာ ... ဟူး...

ဖက်ဒရယ် ကို ဘယ်လို နည်းနဲ့မှ ငြင်းပယ် လို့ မရဘူး။ ခင်များတို့ စဉ်းစားတာက တိုင်းရင်းသားတွေ အများကြီး ရှိတယ် ဆိုရင် ဖက်ဒရယ်မူလုပ်လို့ မရဘူး ဆိုတဲ့ အတွေးအခေါ်ပါ။ ဖက်ဒရယ် ဆိုတာ မြန်မာပြည်မှာ ဒီထက် မက လူမျိုး ထောင်ချီ ရှိရင်တောင် ဖက်ဒရယ် လုပ်လို့ ရတယ်။ အပိုတွေ လုပ်မနေကြပါနဲ့။ နိုင်ငံရေး အကြောင်း နားမလည်ရင်လဲ စာဖတ်ကြပါ။ စာအုပ်ကောင်းတွေ ၀င်ခွင့် ပေးလိုက်ပါ။ ပညာရေး ကို ဖွင့်လိုက်ပါ။ ငတုံးငအ တွေ အုပ်ချုပ်နေတဲ့ နိုင်ငံမှာ လူဖြစ်ရတာ မောလှပါဘိ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်