Sunday, July 7, 2013

မြန်မာက မောင်း၊ ထိုင်း က ဖေါင်း

မြန်မာပြည်မှာ ရှိနေပြီးသား နိုင်ငံသားတွေကြား အိမ်ရှင်၊ ဧည့်သည် ဆိုပြီး ခွဲခြားမှုတွေ ကြီးထွားနေချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံက သူတို့ နိုင်ငံထဲ ပြေးဝင်လာတဲ့ မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည်တွေကို နိုင်ငံသား လက်မှတ်ပေးလိုက်တယ် ဆိုတဲ့ သတင်း ကြား ရတော့ ကိစ္စတခု ဖျက်ကနဲ စဉ်းစားခန်း ၀င်လာတယ်။

ပြီးခဲ့တဲ့ ၂ နှစ် လောက်မှ စပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေဟာ ပိုက်ဆံပိုက်ပြီး ထိုင်းနိုင်ငံကို ကျောခိုင်းဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ အဲဒါကတော့ ထိုင်းမှာ ရေ ခဏခဏ ကြီးတာရယ်။ ထိုင်းလူမှု အဖွဲ့အစည်းက စည်းကမ်းကြီးလာတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ လက်မခံတော့ဘူး၊ သပိတ်တွေ မှောက်လို့ စက်ရုံတွေ ပိတ်လိုက်ရတာတွေ ရှိလာတော့ ပွင့်လင်းခါစ မြန်မာပြည်ကို မျက်စ ပစ်လာကြတယ်။

ထိုင်း နိုင်ငံသား ရိုးရိုးသာမန် လူလတ်တန်းစားတွေတောင် မြန်မာပြည်ထဲ သူတို့ Boss တွေ ၀င်သွားရင် ဒုက္ခပဲ ဆိုပြီး စိုးရိမ်သံ သဲ့သဲ့ တွေ ကြားရတယ် လို့ ဆိုပါတယ်။


ဒီတော့ အခွင့်အခါ ကောင်း စောင့်နေတဲ့ ထိုင်း အစိုးရက အခါ တော်မှီ လူ့အခွင့်အရေး ကြေငြာစာတမ်းလေး အလေးပြုလိုက်ပါတော့တယ်။ အဲဒါကတော့ အရှင်လတ်လတ် မြန်မာနိုင်ငံသားတွေကို ထိုင်း နိုင်ငံသား လက်မှတ် ပေးလိုက်တာပါပဲ။ ဒီတော့ လူ့အခွင့်အရေး ကို အလေးထားတဲ့ အနောက်နိုင်ငံသားတွေက ထိုင်းကို အမှတ် အပြည့် ပေးလိုက်ပြီပေါ့။ သူတို့ရဲ့ ငွေပင် ငွေရင်းတွေ ထိုင်းမှာ အာမခံချက် ရှိတယ်၊ ဆိုပြီး နှကိုယ်က ဒွိဟ ဖြစ်နေတဲ့ စိတ်တွေ ပျောက်သွားလေပြီ။

နေပြည်တော် မှော်တန်းဝေး နေရမှာကတော့ မြန်မာပြည်ပါ။ သမ္မတကြီးက လက်ယှက်ခေါ်တာတောင် နိုင်ငံခြားသားတွေ ငွေထုတ်ပိုက်ပြီး မလာရဲရှာဘူး။ အစိုးရ သစ် တက်ခါစ ကတော့ တော်တော်များများ ဗုံသံ၊ သယောသံတွေ နဲ့ ၀င်လာဖို့ တကဲကဲ စောင့်နေတဲ့ ဆူညံသံတွေ ကြားရပါတယ်။ ၂ နှစ် ဆိုတဲ့ ကာလကို စောင့်ကြည့်တော့ မထူးဘူးပဲ၊ ပေါ့။ တချို့ဆိုရင် မြန်မာပြည်ထဲ ၀င်ဖို့ အစည်းအဝေး တောင် မလုပ်တော့ဘူး လို့ ပြောပါတယ်။ ၀မ်းနဲ စရာ ပါ။ ဘယ်သူမပြု မိမိမှု ပါပဲ။

ခြေကျွံထားတဲ့ လူတွေလဲ ပြန်ထုတ်ရမလား... ဆက်သွားရမလား.. ဆိုပြီး မသေမခြာ ဖြစ်နေလေရဲ့။

ဘာ ဆက်လုပ်မလဲ မြန်မာပြည်?????? ဒီတိုင်း တိုက်ကြ၊ ခိုက်ကြ၊ သေကြ၊ ဘဏ္ဍာငွေတွေဖြုန်း၊ သူရဲကောင်းဘွဲ့တွေယူပြီး နေတော့မလား.... ခေတ်သစ် ကမ္ဘာ နဲ့ ဆက်သွယ်မလား... မြောက်ကိုးရီးယား ထံမှ လက်နက်ဝယ်တော့ ဒေါ်လာဈေးတွေက ကမောက်ကမ ဖြစ်။ ဟူး..... ကုန်ဈေးနှုန်းတွေတက်.. ပြည်သူတွေ ငတ်... လက်နက် ကိုက်စားလို့လဲ မရ... လူတွေ ထပ်သေမှာလား စိုးရိမ်စိတ်သာ ရခဲ့။

ဒီလို နဲ့ လူတွေကို မောင်း တော့ ထိုင်းကတော့ အသာလေး ဗိုက်ဖေါင်း ပြီပေါ့။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်