Friday, July 5, 2013

လူမျိုးကြီး ၀ါဒ ဆိုတာ....



ဒီ ကွမ်မန့်မှာတော့ ပြည်ထောင်စု တိုင်းရင်းသားတွေကို စည်းလုံးရေး စကား ပြောနေတာက ကရင်တိုင်းရင်းသား ဖြစ်နေတယ်။ (အမေရိကန် မှာ ဆိုရင်တော့ ဥပဒေ ပြစ်မှုကျူးလွန်ခြင်း ဖြစ် ပါတယ်။)

လူမျိုးကြီး ၀ါဒ ဆိုတာကို တိုင်းရင်းသား တွေ ပြောတိုင်း ဗမာ တွေက မရှိပါဘူး... ဘယ်မှာ ရှိလို့လဲ ဆိုပြီး မေးတတ်ကြပါတယ်။။ အားလုံး ချစ်ချစ်ခင်ခင် နေနေတာပဲ ပေါ့။ ချစ်ချစ်ခင်ခင် နေနိုင်တာက မူ နဲ့ မဆိုင်ဘူး လူ နဲ့ ဆိုင်ပါတယ်။ ချစ်ချစ်ခင်ခင် နေနိုင်တာ၊ မနေနိုင်တာက လူတစ်ယောက်ချင်းရဲ့ စရိုက်နဲ့လဲ ဆိုင်ပါတယ်။ တရားမျှတ တဲ့ နိုင်ငံ မှာတောင် ချစ်ချစ်ခင်ခင် မနေနိုင်တဲ့ လူတွေ ရှိတယ်။ လူမျိုးခြား မပြောနဲ့ လူမျိုးအချင်းချင်း၊ ညီအစ်ကို အရင်းတွေတောင် တစ်ယောက် နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် မနေနိုင်တဲ့ လူတွေ အများကြီးပါ။ ဒါပေမယ့် လူတိုင်းလူတိုင်းတော့ အမြဲတမ်း ရန်ဖြစ်နေတာ မဟုတ်ပါဘူး။
လူမျိုး တစ်မျိုးထဲရဲ့ အမျိုး၊ ဘာသာ၊ သာသနာ ကို ရှေ့တန်းတင်နေတာဟာ လူမျိုးကြီးဝါဒ ပဲ ဖြစ် ပါတယ်။ ရှင်းရှင်း ပြောရမယ် ဆိုရင် အခု လက်ရှိ မြန်မာနိုင်ငံ ပါပဲ။

ကျန်လူမျိုးတွေ အတွက် (ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ) ကျင့်သုံးမဲ့ နေရာ အစိုးရမှာ တရားဝင် နေရာ မရှိဘူး။ (ဒီလို ပြောလိုက်ရင် တိုင်းရင်းသား ၀န်ထမ်းတွေ အများကြီး ရှိတယ် ပေါ့။) ဒါက ၀န်ထမ်းကိစ္စ ပြောနေတာ မဟုတ်၊ အုပ်ချုပ်ရေး ဆိုင်ရာ စနစ် ကို ပြောတာပါ။ ကချင်ပြည်နယ် ၀န်ကြီးချုပ် မက လို့ ကချင် ပြည်နယ်တခုလုံး ၀န်ထမ်း အားလုံး ကချင် ဖြစ်နေရင်လဲ နေပြည်တော်အစိုးရ ထားချင်ရာထား၊ စေရာသွား ဖြစ်နေရင် သူတို့ဟာ အရုပ်တွေပါ။ ကိုလိုနီအစိုးရ နဲ့ ဂျပန်အစိုးရ မှာ အမှုထမ်းခဲ့တဲ့ ဗမာလူမျိုးတွေလို ပါပဲ။ တာတောင် ဂျပန်ခေတ်မှာ ပိုအဆင့်မြင့်သေးတယ်။ အစိုးရ က ဦးဘမော်၊ စစ်သေနာပတိချုပ်က ဗိုလ်ချုပ်အောင်ဆန်း၊ အဲဒါတောင် တော်လှန်ခဲ့သေးတာပဲ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်