Thursday, May 9, 2013

မြန်မာပြည်က လူမျိုး ၁၃၅ ဆိုတာ တကယ်မရှိတဲ့ ရှာကြံလူမျိုးများ ဖြစ်တယ်။


မြန်မာပြည်မှာ လူမျိုးပေါင်း ၁၃၅ မျိုးရှိတယ် ဆိုတာ ခဏခဏ တွေ့နေရတယ်။ ၀န်ကြီးတွေ ကိုယ်တိုင်လဲ ပြောတာ သတိထားမိတယ်။ ဒါပေမယ့် ဘယ်မှာ ပြဌာန်းထားသလဲ။ ဘယ် သုတေသနအဖွဲ့က ဖေါ်ထုတ်ထားသလဲ။ ဘယ် စာအုပ်မှာဖေါ်ပြထားသလဲ။ အဲဒီဟာကို ဘယ် သက္ကသိုလ်တွေက အသိအမှတ်ပြုထားသလဲ ဆိုတာ မရှင်းလင်းပါ။

အဲဒီ ၁၃၅ မျိုးဆိုတဲ့ အထဲက ကချင်အုပ်စု ကို ခွဲထားတာတော့ တော်တော် တရားကျဖို့ ကောင်းတယ်။ ကျန်လူမျိုးတွေကိုလဲ ဒီလိုပဲ ကျန်ဖန်ပြီးခွဲထားတာ ဖြစ်လိမ့်မယ် လို့ယုံတယ်။

ဘာတဲ့။ ကချင်လူမျိုး ဆိုတာ သီးသန့်ပါပြီး ကချင် ဆိုတဲ့ ဝေါဟာရ ကို အခြေခံတဲ့ လူမျိုး အားလုံးကိုလဲ ထည့်ထားသေးတယ်။ ကချင် ဆိုတာ လူမျိုးခြောက်မျိုးကို အခြေခံပြီး ပြောတာ။ ကချင်ဆိုတာ သတ်သတ်မရှိဘူး။ အဲဒီအထဲမှာ ဂျိန်းဖေါ့ ဆိုတာ သတ်သတ်ပါပြီး ဂျိန်ဖေါ့လူမျိုးတွေ ကိုယ့်ဟာကိုယ် နယ်သတ်မှတ်ခေါ်တဲ့ Duleng, Hkahku, Gauri ဆိုတာတွေကိုပါ သီးသန့်ထည့်ထားတယ်။ အဲဒါတွေက အားလုံးကို ခြုံပြီး ဂျိန်းဖေါ့ လို့ခေါ်တာကိုတောင် မသိပဲ ထည့်ထားတယ် ဆိုတော့ သုတေသီတွေရဲ့ လက်ချက်တော့ မဖြစ်နိုင်။ သုတေသီ ဟုတ်တယ် ဆိုရင်တောင် မဆလ ခေတ်က အစိုးရ သုတေသီ ပဲ ဖြစ်ပါလိမ့်မယ်။


တကယ်တော့ ဗမာ အစိုးရ ပြောပြောနေတဲ့ လူမျိုး ၁၃၅ မျိုး ဆိုတာ မရိုးသား တဲ့ ၀ါဒဖြန့် ဆိုဒ်ဝါး ပဲ ဖြစ်ပါတယ်။ မသိတဲ့ နိုင်ငံခြားသားတွေကိုပဲ ညာရင် ညာလို့ရမယ်။ သူတို့ အဓိက မျက်လှည့်ပြတာက ယူအန် လို အဖွဲ့အစည်း တွေကိုပါ။ ဖက်ဒရယ် ပေးရင် ဒီလောက်များတဲ့ လူမျိုးစု တွေကို ဘယ်လိုလုပ် ပေးရမလဲ၊ ဆိုတဲ့ ဆင်ခြေအတွက် ဖြစ်ပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်