Thursday, May 30, 2013

အော်... မြန်မာ့မီဒီယာ ဘာတွေကြောက်နေလဲ..


ဒီတခါ ကေအိုင်အို ကိုယ်စားလှယ်များ မြစ်ကြီးနားကို ရောက်လာတော့ သတင်းမီဒီယာ တွေက ဟာသလေးတွေ နဲ့ အကြောက်တရားလေးတွေ တချို့အကြောင်း ဖေါက်သည် ချ ချင်ပါတယ်။

ကေအိုင်အို ကိုယ်စားလှယ်များကို ကြိုဆိုတယ် ဆိုတာ ဘယ်သူ့ ဖိတ်ကြားချက်မှ မရှိပဲ မြစ်ကြီးနားမြို့ပေါ်နေ ကချင်ပြည်သူတွေ အင်တိုက်အားတိုက် ကေအိုင်အို အလံကိုင်ပြီး ကြိုကြတာပါ။

အဲဒါကို

(၁) မြန်မာ့ ရုပ်မြင်သံကြားကနေ ထုတ်လွင့်သွားတာကတော့ ကေအိုင်အို အလံ လွင့်ပြီး ကြိုတာကို ကချင်ပြည်နယ် အလံ လို့ သုံးနှုန်းသွားတယ်။ နောက်ပြီး ကချင်ပြည်သူတွေ ကြိုဆိုတာ ဦးအောင်မင်း နဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ကို ကြိုဆိုခဲ့ကြသယောင်နဲ့ ရောချသွားတယ်။

(၂) 7 Days News Journal မှာကျတော့ ကချင် ဒုက္ခသည် တွေက ကေအိုင်အို ကိုယ်စားလှယ်တွေကို ကြိုတာတဲ့။ လွဲချက်။ ဒုက္ခသည် ဆိုတာ ကချင်ပြည်သူ အားလုံးကို ဆိုလိုတယ် ဆိုရင်တော့ မမှားဘူးပေါ့။

အခုလို ဖုံးကွယ်ရတာဟာ... ဘယ်သူ့ကို ကြောက်လို့လဲ... ဗမာ လူထုက ကချင်ပြည်သူတွေ ကေအိုင်အို ကို ထောက်ခံသွားကြောင်း သိသွားမှာ ကြောက်လို့လား။ ဒါမှ မဟုတ် ကချင်ပြည်သူတွေကို ညာချင်တာလား... ဒါမှ မဟုတ် နိုင်ငံတကာ ကိုလား....

ဘာတွေ ကြောက်နေကြသလဲကွာ... ဒီခေတ်မှာ ဒီ ကလိမ်ကကျစ် လုပ်လို့ ရတဲ့ ခေတ် မဟုတ်တော့ပါဘူး။ ဒီလိုပဲ ဆက်လုပ်နေရင် တိုင်းရင်းသား တွေရဲ့ သံသယ ဟာ နှကိုယ်ရှိနေတာထက် ပိုဆိုးစေတာပဲ အဖတ်တင်တာပါ။ ဖွဘွတ်မှာတင် ပုလူပျံနေတဲ့ ဓါတ်ပုံတွေကို ညာလို့ မရပါဘူး။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်