Friday, May 10, 2013

သစ္စာတရား နဲ့ စီးပွါးရေး တိုးတက်မှု

သစ္စာ တရား နဲ့ လူ့ကျင့်ဝတ် ကောင်းတဲ့ နိုင်ငံဟာ အလိုလို စီးပွါးတိုးတက် တတ်ပါတယ်။

မြန်မာ နိုင်ငံ ဘာဖြစ်လို့ ဆင်းရဲ နေသလဲ... အဖြေက ရှင်းရှင်းလေးပဲ.. သစ္စာမရှိလို့... လူ့ကျင့်ဝတ် သိက္ခာ ခေါင်းပါးလို့ ဆင်းရဲ ခြင်း ဖြစ်ပါတယ်။

အဲဒီ ကျင့်ဝတ် သိက္ခာ တို့ ဆိုတာ ဘာသာတရား ရဲ့ အဆုံးအမ နဲ့လဲ ဆိုင်ပါတယ်။ ကျင့်ဝတ်သိက္ခာ တိုးတက်သွားတဲ့ နောက်ပိုင်းမှာ ဘာသာတရားဟာ အရေးမပါတော့သလို ထင်ရပေမယ့် မူလအစက အဲဒီ လူ့အဖွဲ့အစည်းကို အုတ်မြစ်ချခဲ့တဲ့ ဘာသာတရားဟာ ယဉ်ကျေးမှုတခုလို ကပ်ပါလာတတ်ပါတယ်။

ကိုယ့်ရဲ့ ဘာသာတရား ကောင်းမကောင်း ကို နှုတ်နဲ့ လိုက်ဟော နေလို့ မပြီးပါ။ အဲဒီ ဘာသာတရား ကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းဟာ ဘယ်လောက် သစ္စာ ရှိသလဲ... ကျင့်ဝတ်သိက္ခာ ဘယ်လောက်ရှိသလဲ ဆိုတဲ့ အရာတွေမှာ Credit ပေးသွားတာ ဖြစ်ပါတယ်။


လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးလို့ အတွန့်တက်ပါလိမ့်မယ်။ ဟုတ်ပါတယ်.. ဘာသာတရား ကောင်းပေမယ့် လူတိုင်းတော့ မကောင်းနိုင်ပါ။ သို့သော်... လူ့အဖွဲ့အစည်း အားလုံးကို ခြုံပြီး ကြည့်လိုက်တဲ့ အခါမှာ ယေဘုယ သဘော အနေနဲ့ မြင်နိုင်ပါတယ်။ အဲဒါကတော့ နိုင်ငံ တနိုင်ငံရဲ့ တိုးတက်ကြီးပွါးမှုပါ။

မြန်မာပြည်က နိုင်ငံတကာက စီးပွါးရေး ပိတ်စို့ထားတာတွေကို ရုပ်သိမ်းလိုက်တယ် ဆိုရင်တောင် ရင်းနှီးမြုပ်နှံသူတွေ ချက်ခြင်းကြီး လာဖို့ မလွယ်ပါ။ သူတို့ အဓိက ချိင့်ချိန် နေတဲ့အချက်ကတော့ မြန်မာအစိုးရဟာ ကတိတည်ရဲ့လား၊ ကျင့်ဝတ်သိက္ခာကို တန်ဖိုးထားရဲ့လား၊ ယုံကြည်စရာ ကောင်းရဲ့လား၊ သစ္စာရှိရဲ့လား ဆိုတဲ့ အချက်ပေါ်မှာ Credit ပေးသွားမှာ ဖြစ်ပါတယ်။

ဒီတော့ မြန်မာပြည်ရဲ့ Credit များလာရင် ရင်းနှီးမြုပ်နှံသူတွေ များများလာမယ်။ လူ့အဖွဲ့အစည်းလဲ ပိုမိုပြီး ကြီးပွါးချမ်းသာလာမယ်။ မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံသူတွေဟာ ကျင့်ဝတ် သိက္ခာ ကို သိပ် တန်ဖိုးထားပါတယ်။ သူတို့ဟာ လူအများကြီးကို ထိန်းကျောင်းရတဲ့အခါမှာ လူတိုင်းကို မျက်စိ ဒေါက်ထောက်ကြည့်မနေနိုင်ဘူး။ စီမံခန့်ခွဲမှုကောင်းရုံနဲ့လဲ လူတွေကို ထိန်းကျောင်းဖို့မလွယ်... ဒီတော့ လူတစ်ယောက်ချင်းဆီရဲ့ credit က အရေးကြီးလာပါတယ်။ အဲဒါကြောင့်လဲ အရေးကြီးတဲ့ နေရာတွေမှာ လစာ ဘယ်လောက်ကြီးကြီး ပေးရပေးရ အနောက်နိုင်ငံတွေဟာ သူတို့နိုင်ငံက လူကိုပဲ ခန့်တတ်ပါတယ်။ လုပ်နိုင်၊ ကိုင်နိုင်၊ ပညာအရည်အချင်း တူနေရင်တောင် စိတ်ဓါတ်ချင်းက ကွာသွားတတ်တဲ့ သဘောတရားကို စီးပွါးရေး ပညာရှင်တွေက ဖေါ်ထုတ်ခဲ့ကြပါတယ်။

ဂျာမဏီ နိုင်ငံမှာ ရထားလက်မှတ် စစ်တဲ့ ဂိတ်မရှိလဲ လူတိုင်းက လမ်းဘေးက လက်မှတ်ရောင်းတဲ့ စက်မှာ လက်မှတ်ဝယ်စီးကြပါတယ်။ အဲဒါက သူတို့ လူမျိုးတွေရဲ့ Credit ပဲ။ ဂျပန်မှာ လူတိုင်း လူတိုင်း အမိုက်ပစ်တာက အစ စည်းကမ်းရှိတာ သူတို့ လူ့အဖွဲ့အစည်းရဲ့ အရင်းအနှီး တခုပါ။

နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ၀င်လာတာနဲ့ ချက်ချင်း တိုးတက်ဖို့ မလွယ်ပါ။ မြန်မာပြည်ရဲ့ တိုးတက်မှု နှုန်းဟာ မြန်မာပြည်သူတွေမှာ လုံးဝ မူတည်နေတာကို သိထားသင့်ပါတယ်။ အဓိက ကတော့ အစိုးရ တာဝန်ရှိသူတွေမှာလဲ လုံးဝ မူတည်ပါတယ်။ အထူးသဖြင့် အပစ်အခတ်ရပ်ဆဲထားတဲ့ တိုင်းရင်းသားတွေကို သစ္စာမဲ့စွာ ထိုးစစ်ဆင်နေခြင်းဟာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေကို မောင်းထုတ်လိုက်သလို ဖြစ်နေတာကိုတော့ သိမလားပဲ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်