Friday, May 10, 2013

မြန်မာ့ တပ်မတော် မြန်မာ ပြည်သူတွေကို ကာကွယ်ပုံ အဆင့်ဆင့်...

မဆလ ခေတ် နောက်ပိုင်းဟာ ကိုပဲ တွက်ကြည့်တာပေါ့..

ဦးပိုင် ကုမ္ပဏီ တည်ထောင်ပြီး မြန်မာ့ စီးပွါးရေး ဦးပိုင် လီမိတက် ဆိုတဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းလုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ပါတယ်။ ခြေကျိုး၊ လက်ကျိုး၊ အငြိမ်းစားယူတဲ့ တပ်မတော်သားတွေကိုလဲ ကူညီမယ် ဆိုတော့ အခွန်ဆောင်စရာ မလိုတော့ဘူး။ မြန်မာ့ မြေပေါ် မြေအောက် လုပ်ငန်း အားလုံးလဲ ဦးပိုင်က ခွစီးယူလိုက်တယ်။

မြန်မာ့ လုပ်ငန်းရှင် မှန်သမျှ ဦးပိုင် နဲ့ ပေါင်းရင် အခွန်လွတ်ပြန်တယ်။ ဒီတော့ အစိုးရ ဆိုတဲ့ ခန္ဓာကိုယ်ကြီးက အဲဒီ အခွန်တွေနဲ့ပဲ အသက်ရှင်ရတာလေ။ အရေးကြီးတဲ့ အခွန်ပေါက် အားလုံး ဦးပိုင်က ဂိတ်စောင့်လိုက်တော့ အစိုးရ ဆိုတာ ယဲ့ယဲ့ပဲ ကျန်တာပေါ့....


ဒီတော့ ၀န်ထမ်း လစာ ပေးရတော့မယ်... ၀င်ငွေကမရှိ ဆိုတော့ ပိုက်ဆံ ဆိုတာ စက္ကူပဲလေ... ဘာခက်တာ မှတ်လို့ လိမ့်ထုတ်ယုံပဲပေါ့.... ဒီတော့ ရှိသင့်တဲ့ တန်ဖိုးက ၁၀၀၊ သန်းရွှေ အစိုးရ ထုတ်လိုက်တဲ့ ငွေ စက္ကူက ၁၀၀၀ ဖိုး.... ၀န်ထမ်းတွေ လစာ မလောက်ဘူးတဲ့... ဘာခက်တာမှတ်လို့ ထပ်လိမ့်ထုတ်ပြီး လစာတိုးလိုက်အုံး.... ၀င်ငွေမရှိပဲ သုံးလိုက်တဲ့ မြန်မာ ငွေစက္ကူ တန်ဖိုးက အရင်က တစ်ဒေါ်လာ ၁၀၀ ကျပ်ကနေ သန်းရွှေ လက်ထက်မှာ တစ်ထောင်ကျော်သွားတယ်။

လစာ တိုးပေးလဲ ၀န်ထမ်းတွေရဲ့ မလောက်မငှ ဖြစ်မှုက အဆင်မပြေဘူး။ ငွေ တန်ဖိုး လစာ တိုးပေးတာမှ မဟုတ်တာ... ငွေ စက္ကူပေးတာပဲလေ... ဘယ်လောက်မလဲ.... ဒီတော့...

စစ်တပ်ထဲမှာ ကတောက်ကစ စကားသံတွေ ထွက်လာတယ်။ အဲတော့... စစ်တပ်တွေ ကိုယ်နဲ့ နီးစပ်ရာ ဒေသမှာ ကြုံသလို အကျန်အဖန်လုပ်စေ... ဆိုတဲ့ အမိန့်ထွက်လာတယ်။ ၀န်ထမ်း သက်သာ ဆိုတဲ့ အမည်နာမ နဲ့ပေါ့။

ဒီတော့ လမ်း နဲ့ နီးနဲ့ စစ်တပ်က ၀ါးတားဂိတ် လုပ်တယ်။ လယ်ကွက် နီးတဲ့ စစ်တပ်က လယ်သိမ်းပြီး သီးစားချထားပေးတယ်။ ရွှေကွက်နီးတဲ့ စစ်တပ်က ရွှေကောက်တယ်။ ဖါသည်ခန်း နဲ့ နီးတဲ့ စစ်တပ်က ဖါသည်အခွန်ကောက်တယ်။ ဘိန်းကုန်သည်တွေနဲ့ နီးတဲ့ စစ်တပ်က ဘိန်းခွန် ကောက်တယ်။ နယ်စပ်ကုန်သည်ဖြတ်လမ်း နီတဲ့ စစ်တပ်က အထက်လမ်း၊ အောက်လမ်း ယစ်မျိုးခွန် (ရစ်နိုင်သလောက် ရစ်ပြီးကောက်တဲ့အခွန်) နှစ်မျိုးကောက်တယ်။

ဒီအခွန်တွေ အားလုံး နိုင်ငံတော် အစိုးရ ဆိုတဲ့ ကိုယ်ခန္ဓာထဲလဲ မရောက်ဘူး ဆိုတော့ နိုင်ငံတော် ဘဏ္ဍမရှိတော့ဘူး။ ရှိသမျှ ဘဏ္ဍ ယဲ့ယဲ့လေးထဲကလဲ တရားဝင် စစ်အသုံးစရိတ်က အများဆုံးယူထားလိုက်တယ်။ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်ဖို့ မပါတော့ဘူး။ ဘာခက်တာမှတ်လို့.....
စရိတ်မျှပေး ဆေးရုံ လုပ်လိုက်ပါ.... လမ်းတွေလဲ ကိုယ်ထူကိုယ်ထ လုပ်လိုက်ပါ။ ကျောင်းတွေလဲ ကိုယ်ထူကိုယ်ထ ကျောင်း ဆောက်ခွင့်ပေးလိုက်ပါ... စည်ပင်သာယာကနေ ၀င်စရာရှိတဲ့ ဈေးကောက်၊ ဘာကောက်၊ ညာကောက်ထဲက ၂% လောက်ကို အမှိုက်သိမ်းဖို့ သုံးပြီး ကျန်တာ အထက်ကို ပို့လိုက်ပါ... ဖြစ်လာတယ်။

ဦးပိုင်အကျိုးမထိရင် ပြီးရော.... ဖြစ်ချင်တိုင်း ဖြစ်နေပါ့စေ.... ဆိုတဲ့ မူအတိုင်း သွားရင်း... သွားရင်း... မြန်မာ့တပ်မတော်က ကာကွယ်ထားတဲ့ မြန်မာနိုင်ငံတော်ကြီး ဆိုတဲ့ အထဲမှာမှီတင်းနေထိုင်သူ ပြည်သူများကတော့...... အကာအကွယ်ကြားမှာ ပိညှက်၊ ပိတ်လှောင်... အော်တောင် မအော်နိုင်ရှာဘူး....

ဒါပေမယ့် တပ်မတော် ဆိုတာ ပြည်သူကို ကာကွယ်တယ် ဆိုတဲ့ နာမည်လေးတော့ ကောင်းကောင်းရသင့်တယ်လေ.... ဒီတော့ ရန်သူရှာရမယ်... ရန်သူမရှိရင် အလုပ်မရှိဘူးလေ.... တနိုင်ငံလုံး လူမျိုးမတူ၊ ဘာသာ မတူတာ ဘယ်ကောင်တွေရှိလဲ... အားလုံး ရန်သူပဲ... ချကွ... တဲ့။

အောင်စည် အောင်မောင်းသံ... ညာသံ... သူရဲဘောကြောင်သံတွေနဲ့ သူရဲကောင်းဘွဲ့တွေယူ.... ချီးမွှမ်းကြ... သတ်သူ သတ်... ဖြတ်သူဖြတ်... ခြေကျိုး လက်ကျိုး.. မိဘမဲ့... ဒုက္ခသည်.... ဆိုတဲ့ မြန်မာ့ထုတ်ကုန်များ အလကားရသည်။ ဖြစ်လာတာပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်