Wednesday, February 27, 2013

လွတ်တော် ဥက္ကဌ ဦးသူရ ရွှေမန်းကို ကချင်စီးပွါးရေး လုပ်ငန်းရှင် ဦးယွပ်ဇော်ခေါင် ရဲ့ ဆွေးနွေးတင်ပြချက်

 
Jade Land Company Ltd. ဥက္ကဌ ဖြစ်တဲ့ ဦးယွပ်ဇော်ခေါင် ကချင်အရပ်သား တစ်ယောက် အနေနဲ့ လွတ်တော် ဥက္ကဌ သူရရွှေမန်း နဲ့ တွေ့စုံပွဲမှာ တင်ပြချက်များ ဖြစ်ပါတယ်။ 


သူ တင်ပြတဲ့ အချက်အချို့ကတော့...

(၁) ကေအိုင်အို ဟာ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရေး ကို ယုံကြည်တဲ့ နည်းတူ၊ ၁၉၉၄ ခုနှစ် အပစ်ရပ်ထားပြီး နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးဖို့ စောင့်ခဲ့တယ်။ ဒါပေမယ့် စစ်အစိုးရ လက်ထက် တလျှောက်လုံး နောင်တက်လာတဲ့ အစိုးရ နဲ့ နိုင်ငံရေး စကားပြောကြပါ၊ လို့ ပြောခဲ့တယ်။ ဒါကြောင့် အစိုးရ သစ်နဲ့ နိုင်ငံရေး အရ စကားပြောနိုင်ဖို့ ၂၀၀၈ အခြေခံဥပဒေ ကိုတောင် အပြုသဘောဆောင်တဲ့ ထောက်ခံမှု ပေးခဲ့တယ်။ ပါတီလဲ ဖွဲ့ခဲ့တယ်။ အစိုးရသစ်မှာ ပါဝင်နိုင်ဖို့ စောင့်နေခဲ့ရင်းနဲ့ပဲ ကေအိုင်အို လုံးဝ မမျော်လင့်ထားတဲ့ နယ်ခြားစောင့်တပ် လုပ်ခိုင်းခဲ့တယ်။ တပြိုင်ထဲမှာပဲ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းပါ ခံလိုက်ရပါတယ်။ ကချင်လူထုက အံ့သြခဲ့ရပါတယ်။


(၂) အစိုးရ နဲ့ ကေအိုင်အေကြား ပြီးခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တိုင်းမှာ ကေအိုင်အို အနေနဲ့ တင်ပြချက်များကို သုံးသပ်ကြည့်ရင်၊ ခွဲထွက်ရေး မဟုတ်ဘူး၊ စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့ဖို့ တောင်းဆိုနေတာသာ ဖြစ်သော်လည်း၊ အစိုးရ တပ်မတော်က ခွဲထွက်ရေး ဖြစ်တယ် ဆိုပြီး တိုက်နေတာ တွေ့ရတယ်။

(၃) ကချင်လူမျိုးများဟာ ဘိုးဘွားလက်ထက်ကတည်းက ကိုယ်နယ်ကိုယ် အုပ်ချုပ်ပြီး နေလာခဲ့တာဖြစ်တယ်။ ဘယ်လူမျိုးအောက်မှ မရောက်ခဲ့ဖူးပါ။ မြန်မာပြည်လွတ်လပ်ရေးယူတဲ့ အခါ၊ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ပြောစကား ကို ယုံခဲ့လို့ ကိုယ့်ဆန္ဒအရ ဗမာတွေနဲ့ ပူးပေါင်းလာခြင်းသာ ဖြစ်တယ်။ ဒါပေမယ့် အခုချိန် ကချင်ဘိုးဘွားများ တောင့်တခဲ့တဲ့ နိုင်ငံရေး ရပိုင်ခွင့်များ မရလို့ ကေအိုင်အေ ဆိုတဲ့ ကချင်လူငယ် အဖွဲ့တွေ တော်လှန်နေတာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေး အရ ဖြေရှင်းဖို့ဟာ အဓိက ဖြစ်တယ်။

(၄) ပြည်ထောင်စု အစိုးရ အနေနဲ့ ရခိုင်အရေး၊ လက်ပံတောင်းတောင် အရေးကိစ္စများကို သီးခြားလွတ်လပ်တဲ့ စုံစမ်းရေး ကော်မီတီ ဖွဲ့ပြီး စုံစမ်းခဲ့သော်လဲ ကချင်လူထုအတွက်တော့ စစ်တပ်ကိုသာ အမြစ်ပြတ်တိုက်ခိုင်းတယ်။ ကချင်ရွာ ၂၀၀ ကျော် နဲ့ ဘုရားကျောင်း ၆၆ ဖျက်ဆီးခံရတာ အရင် နှစ် ၃၀ ကျော် တိုက်ခဲ့တုန်းကထက် အခု တစ်နှစ်ကျော် ထိုးစစ်ဆင်မှုဟာ ပိုပြီး ကချင်လူထု အထိနာစေတာကိုတော့ ကချင်လူထုတွေ အထူးအံ့သြမိပါတယ်။

(၅) အခု ကေအိုင်အေ ကို တိုက်နေတဲ့ စစ်ပွဲဟာ နိုင်ငံခြား ကျူးကျော်စစ်ဆင်နွဲနေတဲ့ ပုံစံ နဲ့ တိုက်နေတာကို တွေ့ရပါတယ်။ ကေအိုင်အေ ဟာ လူအင်အား၊ လက်နက်အင်အားလဲ မရှိပါဘူး။ ဒါကြောင့် မိမိကိုယ် မိမိ ခုခံ ကာကွယ်တဲ့ အနေနဲ့ လိုအပ်ချက်အရ လမ်းတံတားအချို့ ဖြတ်တောက်ခဲ့တယ်၊ စစ်ကြောင်းများကို ခြုံခိုတိုက်ခဲ့ရတယ်။ အစိုးရ စစ်တပ်အနေနဲ့ အင်အား အစမတန်သုံးပြီး ဘာဖြစ်လို့ ဒီလောက် အညှိးအတေးထားပြီး တိုက်နေသလဲ ဆိုတာလဲ နားမလည်နိုင်အောင်ပါ။

ဦးယွပ်ဇော်ခေါင် ဟာ ကချင်အမျိုးသား ယဉ်ကျေးမှု ကော်မီတီ ဥက္ကဌ၊ မနောပွဲဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဌ၊ ကချင်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ ဥက္ကဌ စသည်များကို ငွေအား လူအား နဲ့ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ မြစ်ကြီးနား-လိုင်ဇာလမ်း တ၀က်အထိ (ဂါးရာယန်အထိ) နိုင်လွန်ကတ္တရာလမ်း ခင်းပေးသူလဲ ဖြစ်ပါတယ်။ ပူတာအိုသွားလမ်းတလျှောက်က တံတားပေါင်း မြောက်များစွာ အတွက်လဲ အလှူငွေ ပေးခဲ့သူပါ။ ကျောက်စိမ်း နဲ့ သစ်လုပ်ငန်းရှင် ဖြစ်ပြီး အများသူငှါ တရားဝင်ကုမ္ပဏီ ထောင်ပြီး ကြီးပွါးချမ်းသာ သူသာ ဖြစ်ပါတယ်။ သူ့ထက် ပို ချမ်းသာတဲ့ တရုတ် နဲ့ အောက်ပြည်ခရိုနီ ကျောက်စိမ်း နဲ့ ရွှေလုပ်ငန်းရှင်တွေ ကချင်ပြည်နယ်အတွက် ဘာမှ မလုပ်ပေးခဲ့ပါဘူး။

(Naw Jadup မှ ကူးယူတင်ပြပါသည်။)

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်