Friday, January 4, 2013

ကချင်တွေက မရသေးတဲ့ အခွင့်အရေးအတွက် တိုက်နေတာ... ဗမာ တွေက ဘာအတွက် တိုက်နေတာလဲ...

ကချင်တော်လှန်ရေးကို အမြစ်ပြတ် တိုက်မယ် ဆိုတဲ့ အိမ်မက် မက်နေတဲ့ စစ်သွေးကြွ အဖွဲ့များကို ပြောချင်တယ်။

ခင်များတို့လိုပဲ အိမ်မက်မက်ခဲ့တဲ့လူတွေ နှစ် ၅၀ ကျော် တိုက်လာလဲ ဆက်ရှိနေတာ ဘာကြောင့်လဲ? ဆိုတာ တချက် စဉ်းစားပါ။

စစ်ဦးစီးချုပ် တစ်ယောက်ကို လုပ်ကြံရင် နောက်ထပ် စစ်ဦးစီးချုပ် ၁၀ ယောက်မက လာအုံးမှာပဲ။ ကချင်တော်လှန်ရေး ခေါင်းဆောင် အလီလီ ပြောင်းသွားသော်လည်း ကေအိုင်အေ ဆက်ရှိနေတယ်။ ကချင်တော်လှန်ရေး မျိုးဆက် ၃ဆက်တောင် ဖြတ်လာခဲ့ပါပြီ။ နောက်လဲ ဆက်ရှိနေမှာပါ။

ခင်များတို့က အမြစ်ပျက် လို့ ပြောတာ ဘယ်အတိုင်းအတာ ကို ပြောတာလဲ.. လိုင်ဇာ ကို ပြောတာလား... လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်မှာ ကေအိုင်အေ ဌာနချုပ် ပါဂျောင် ကို တခါ သိမ်းဖူးပါတယ်။ ကေအိုင်အေ က ရှောင်ထွက်သွားတာပဲ ရှိတယ်။ အမြစ်ပြတ် အောင် လုပ်လို့ မရပါဘူး။ အခု ပါဂျောင်မှာ ကေအိုင်အေ ပြန်ထိုင်တာပါပဲ။
ကချင်တော်လှန်ရေး ဆိုတာ လိုင်ဇာ မှာ ပဲ ရှိတာမဟုတ်။ ကချင်တွေ ရှိတဲ့ နေရာတိုင်း ရှိတာပဲ။ ခင်များတို့ မမောမပန်းနိုင် ၀ါဒဖြန့်နေတဲ့ ကေအိုင်အေ ဟာ ကချင် လူမျိုးတွေကိုယ်စား မပြုဘူး ဆိုပြီး ကြိုးစား ၀ါဒဖြန့်တာကော လက်တွေ့ အကျိုးရှိရဲ့လား။

ဒီ တစ်နှစ်ကျော်အတွင်းမှာ လူ့အသက် မြောက်များစွာ နဲ့ နိုင်ငံတော် ဘဏ္ဍငွေ အများကြီး ကုန်ခဲ့တယ်။ ခင်များတို့ ရဲ့ ကျန်းမာရေး၊ ပညာရေး ဘက်ဂျက် အဆင်းရဲခံ ပြီး တိုက်လာတာ ဘာများ အကျိုးထူးလို့လဲ..

ခင်များတို့ ဗမာ လူမျိုးအတွက်လဲ ဘာမှ အကျိုး မခံစားရပါဘူး။ ဘာဖြစ်လို့ စစ်ပဲ တိုက်ချင်နေရတာလဲ... စစ်သွေးကြွ နေတဲ့ လူမျိုး ဆိုရင်တော့ မပြောတော့ပါဘူး... ကချင်တွေလဲ ရှုံးရှုံးနိုင်နိုင် ထည့်စဉ်းစားတာ မဟုတ်... ကချင်တွေအတွက်က ရွေးချယ်စရာ လမ်းမရှိဘူး... အလုံးစုံ ဗမာ စိုးမိုးရေး ၀ါဒကို မတော်လှန်ရင် လူမျိုးပျောက်မှာပဲ.... တော်လှန်လို့ ကချင်လူမျိုး အားလုံးကို မသတ်နိုင်ပါဘူး....

ခင်များတို့မှာ လူသား အချင်းချင်း တန်းတူ ရည်တူ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်လိုတဲ့ စိတ်အခြေခံကော ရှိပါရဲ့လား။ ရှိတယ် ဆိုရင် ကချင်လူမျိုးတွေ ကချင်ပြည်ကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပြီး နေထိုင်တာ ဘာများ အနှောက်အယှက် ဖြစ်စရာ ရှိလဲ။ ကချင်တွေ အုပ်ချုပ်ရင် ဗမာ တွေ မလာရတော့ဘူး ဆိုတာလဲ မဟုတ်။ ကချင်ပြည်က လူမျိုးခြားအားလုံးကို မောင်းထုတ်မယ် ဆိုတာလဲ မဟုတ်။ ကချင်ပြည်နယ်သားတိုင်းဟာလဲ လူမျိုးမရွေး၊ ဘာသာမရွေး ကိုယ့်ဒေသ ကိုယ် အုပ်ချုပ်ပြီး နေရမှာပဲ... ရှမ်းရွာကို ကချင်လူမျိုးက လာအုပ်ချုပ်ဖို့ မဟုတ်။ ခင်များတို့ အတွက် ဘာများ အနှောက်အယှက် ရှိနိုင်လို့လဲ။

ဗိုလ်ကျ လို့မရတော့မှာ စိုးလို့လား?

ကချင်တွေက မရသေးတဲ့ အခွင့်အရေးအတွက် တိုက်နေတာ... ဗမာ တွေက ဘာအတွက် တိုက်နေတာလဲ...

ပြည်ထောင်စု အတွက် လို့တော့ မပြောပါနဲ့.. ကချင်တွေ ပြည်ထောင်စုအတွက် စဉ်းစားလာတာ ၆၅ နှစ် ရှိပြီ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်