Sunday, January 13, 2013

ဒီနှစ်သစ်မှာ ရှက်စရာ......


ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရင် နဲနဲသက်သာမလားလို့ပါ။။။ အဟားဟား.....

ဟုတ်ကဲ့.. အောက်တိုဘာ ၂၀၁၂ မှာ.. ဒီတသက်တော့ မဆဲတော့ပါဘူး.. လို့ Vow လုပ်ထားပြီး ဒီဟုတ်ကဲ... ဒီဇင်ဘာ ၃၁ ည၊ နှစ်သစ်ကူးဖို့ ၃ နာရီအလိုမှာ ”အစိုးရက ကချင်စစ်ပွဲမှာ လေယာဉ်မသုံးဘူးလို့ ငြင်းဆိုလိုက်ပါတယ်” ဆိုတဲ့သတင်းက ဒိုင်းကနဲ တက်လာရာက... အစပြုပြီးသကာလ.. New Year Resolution ကို ဘုရားကျောင်းရှေ့မှာ သွားလုပ်မိတဲ့အထိ....

၁၀ ရက်တိတိ အားရပါးရ ဆဲဆိုပြီးသကာလ... တခြားသူတွေ ဘယ်လိုများ နေပါလိမ့်လို့ လူကြီးသူမများကို ချဉ်းကပ်နာယူ ရတာပေါ့ကွယ်။။ ထုံးစံအတိုင်း လုပ်နေကျ..

ဆဲတာပတ်သက်ပြီး။။။ လားလား.. လူကြီးတွေ အမြင်က ကျွန်မနဲ့ ပြောင်းပြန်။။။



လေးစားအပ်သော ခေါင်းဆောင်ကြီးတဦးကို သူရဲ့ မအားမလပ်ကြားမှာ မရမက သွားတွေ့ဆုံလိုက်တယ်။ သူ့ရဲ့ တခုတည်းသော လေးလေးနက်နက်မှာကြားချက်က ”Anhte Jinghpaw ni gasat taw nga ai gaw Myen ngu ai mungchying sha ni hte n re. Dai hpe galoi mung myit dum nna, masha ni matsa tim, anhte Jinghpaw Wunpawng Myu Sha ni gara kaw mung, n matsa na. Sari sadang hte, shamu shamawt hkawm sa, tsun shaga nna, sari rawng ai myu sha ni tai na matu aja awa hpyi lajin tsun sha ya marit" da..

ဟုတ်ကဲ့... မြန်မာလို ပြန်ပေးပါ့မယ်။။ ”ကျွန်တော်တို့ ကချင်ဒေသ စစ်ပွဲဟာ ဗမာ ဆိုတဲ့ ပြည်သူလူထုနဲ့ တိုက်နေတဲ့ စစ်မဟုတ်ဘူး။ ဒါကို အမြဲတမ်း သတိရပြီး၊ ကချင်တိုင်းရင်းသားများအနေနဲ့ သူများဆဲရင်လည်း ပြန်မဆဲနဲ့၊ သူများမိုက်ရိုင်းရင်လည်း ပြန်မမိုက်ရိုင်းပါနဲ့။ ဂုဏ်သိက္ခာရှိတဲ့ လူမျိုးတမျိုးအနေနဲ့ ပြောဆို၊ ပြုမူနေထိုင် သွားလာ လှုပ်ရှားဖို့ ကချင်တိုင်းရင်းသားများကို အလေးအနက် တောင်းပန်၊ သတိပေး၊ အကြောင်းကြားပေးပါ၊” တဲ့။

ဒါနဲ့ အခြားသော ခေါင်းဆောင်အုပ်စုလိုက်ကို appointment တောင်းပြီး သွားတွေ့လိုက်ပါတယ်။ အဲဒီမှာလည်း ကျွန်မမျှော်လင့်ထားတာနဲ့ ပြောင်းပြန်.. ”ခေတ်အဆက်ဆက်မှာ ၀ါဒဖြန့်မှု တွေက ရှိနေမှာဘဲ။ သို့သော်လည်း အဲဒီမှာ လိုက်တုန့်ပြန်ပြီး မိမိတို့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကိုမချကြပါနဲ့။ စိတ်ဓါတ်မြင့်မားသော လူမျိုးအဖြစ် ဂုဏ်ယူကြရအောင်။ အလုပ်နဲ့ သက်သေပြရအောင်” တဲ့။

ဒါနဲ့ အသင်းတော်ခေါင်းဆောင် အုပ်စုတွေဆီ သွားပြီး တရက်အချိန်ပေးပြီး ရစ်လိုက်ပါတယ်။ "Ba Ja... New Year Resolution ကို အသေထားပြီး မလိုက်ပါနဲ့.. မှားမယ်။ ကျေးဇူးပြု၍ ပြင်ပေးပါ၊ The Lord's Pray ကို ပြန်ရွတ်ကြည့်။ အလေးအနက်ပြောလိုပါတယ်။ ပြင်ပါ”တဲ့.. အဟဲ.. ဘုန်းကြီးတွေက ပြန်တောင်းပန်ပြီး ပြင်ခိုင်းရတဲ့ဘ၀.. ငါ့နှယ်နော်...

မကြေနပ်သေးတာနဲ့ နောက်ထပ်ခေါင်းဆောင်အမျိုးအစားတွေဆီ သွားလိုက်သေးတယ်။။ ရင်းရင်းနှီးနှီးဘဲ ပြစ်ပြစ်နှစ်နှစ် သြ၀ါဒ ပေးခဲ့တယ်။ ”ဟေ့... ဗမာမဆဲနဲ့.. ငါတို့တိုက်နေတာ ဗမာနဲ့ မဟုတ်ဘူး။ စနစ်တခုကို ပြောင်းလဲဖိုအတွက်.. တရားမျှတမှုအတွက် ... မိမိလူမျိုးအတွက် ဂုဏ်သိက္ခာရှိရှိတိုက်နေတာ။ နင်တို့ online သမားတွေ လုပ်တာနဲ့ ငါတို့ပါ သိက္ခာ ကျတော့မယ်။ မိမိလူမျိုးကို ချစ်ရင် အလုပ်နဲ့ သက်သေပြ” တဲ့...

ကဲ... ဆဲပြီးသလောက်လဲ ဆဲထားတဲ့ အတိုင်း ပြည့်ဝကြပါစေ..... နောက်ထပ် ဆဲနည်းအသစ်လည်း မလေ့လာတော့ဘူး.... နောက်ပြန်လှည့်တော့မယ်။

Jinghpaw ni... Hkum matsa sa da.. Ningbaw ni htet dat ma ai...
ကချင်လူမျိုးများ.. မဆဲကြပါနဲ့.. ခေါင်းဆောင်ကြီးများက မှာလိုက်ပါတယ်။

New Year မှာ နဲနဲ (များချင်များမယ်) ရှက်သွားပါတယ်။

by Khon Ja (ခေတ္တ လိုင်ဇာ)

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်