Wednesday, January 16, 2013

တိုင်းမှူးက ကချင်ဝန်ကြီးချုပ်ကို ခြိမ်းခြောက်...



 မြစ်ကြီးနားမြို့ ပတ်ဝန်းကျင်က ကချင်ရွာတွေမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်မရှိခိုက် ညတိုင်း လူဖမ်းပွဲ ကျင်းပ နေကြောင်း သိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို နေပြည်တော်မှာ တမင်တကာ မကြာကြာ အောင် အချိန်ဆွဲပြီး ထိန်းထားကြောင်းလဲ သိရပါတယ်။

ဒီရက် မတိုင်ခင် အရင်လအတွင်း၊ မြောက်ပိုင်းတိုင်း တိုင်းမှူးထွန်းထွန်းနောင် ဟာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦး လဂျောန် ငန်ဆိုင်း ကို မြစ်ကြီးနားမှ အရပ်သား အထမ်းသမား တောင်းရာ မပေးနိုင်တဲ့ အကြောင်း နဲ့ မြစ်ကြီးနားမှာ ပေါ်တာ မဆွဲဖို့ ငြင်း နေခြင်းကြောင့်၊ နေပြည်တော် တံခါးပိတ် ဆွေးနွေးပွဲတွင် အပြင်းအထန် ခြိမ်းခြောက်ခဲ့ ကြောင်း မိသားစု ၀င်များမှ တဆင့် ကြားသိရပါတယ်။


ခြိမ်းခြောက်တဲ့ နေရာမှာ ပြင်းထန်တဲ့ စကားလုံးတွေ ပါကြောင်း၊ အခုလို အရပ်သား အထမ်းသမား အကူ တောင်းတာကို ငြင်းဆိုနေတာဟာ အခြေခံဥပဒေ ကို ချိုးဖေါက်ရာ ရောက်တဲ့အတွက် ဥပဒေအရ အရေးယူမယ် ဆိုပြီး ခြိမ်းခြောက်ခဲ့ကြောင်း၊ ကချင်လူမျိုး ၀န်ကြီးချုပ်ဖြစ်ပြီး ခင်များတို့ အမျိုးတွေကိုတောင် ငြိမ်းချမ်းရေး ရအောင် မလုပ်နိုင်ဘူးလား၊ ဆိုပြီး ပြောကြောင်း၊ သိရပါတယ်။

ခြိမ်းခြောက်တာတောင် မကပဲ၊ ရာထူးက နှုတ်ထွက်ဖို့ ပြောကြောင်း၊
ဦးလဂျောန် ငန်ဆိုင်းကလဲ "ခင်များက ငါ့ကို ရာထူး ပေးထားတာ မဟုတ်၊ သမ္မတ သဘောပဲ ဖြစ်တယ်။" ဆိုပြီး ငြင်းခုန် ကြကြောင်း သိရပါတယ်။

ဒီ ငြင်းခုန်မှု သည် သမ္မတ ဦးသိန်းစိန် နိုင်ငံရပ်ခြား ခရီးသွားနေသော အချိန်တွင် ဖြစ်ပျက်ခဲ့ ခြင်း ဖြစ်သည်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်