Friday, January 18, 2013

ကိုယ်ပိုင်အုပ်ချုပ်ရေး နဲ့ ကိုယ်တိုင် အုပ်ချုပ်ရေး ကွာခြားပုံ။


မဆလ ခေတ်ကတည်းက အခုထိ ဗမာ စစ်ခေါင်းဆောင်များ အာရုံသွင်းလာတာက ကိုယ်ပိုင်အုပ်ချုပ် ရေး ဆိုတာကို ဆင်တူရိုးမှား ဖြစ်အောင် ကိုယ်တိုင်အုပ်ချုပ်ရေး အစားထိုးလာခဲ့ပါတယ်။

တိုင်းရင်းသား တွေ ပြောနေတာ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်တယ်။

ဗမာ စစ်ခေါင်းဆောင်တွေ လုပ်နေတာက ကိုယ်တိုင်အုပ်ချုပ်ရေး ပုံစံ.... သူတို့ အမြဲတမ်း ပြောတတ်တာက ခင်များတို့ ကချင်တွေလဲ အစိုးရ ၀န်ထမ်း အများကြီး ရှိတာပဲ၊ တပ်မတော်မှာလဲ ကချင်ရှိတာပဲ... ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူးတောင် ကချင်လူမျိုးခန့်ထားတာပဲလေ... တဲ့။

နိုင်ငံရေး နားမလည်တဲ့ သာမန်အရပ်သားများအနေနဲ့ နားယောင်လွယ်တဲ့ နည်းပရိရာယ်ပါ။

ဥပမာ...



(၁) ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာ ကချင်ပြည်နယ်က အာဏာပိုင်တွေကို ကချင်လူမျိုးတွေသာ ဖြုတ်ချပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့် ရှိခြင်းဖြစ်တယ်။ ဗဟို အစိုးရ အာဏာပိုင်တွေရဲ့ ခွက်ထဲက ရေ မဖြစ်ရဘူး။ ဒါက ဒီမိုကရေစီ စနစ်ပုံစံလဲ ဖြစ်တယ်။

(၂) ကိုယ်တိုင်အုပ်ချုပ်ရေး ဆိုတာ.... ကချင်ပြည်နယ် ကို ကချင်လူမျိုးတစ်ယောက်ကို အုပ်ချုပ်ခိုင်းမယ်။ သို့သော် ဗဟိုအစိုးရ အာဏာပိုင်တွေက သွန်လိုသွန်၊ မှောက်လိုမှောက် နေရတဲ့ လူ ဖြစ်နေရမယ်။ ပဒေသရာဇ်ခေတ် က ရှင်ဘုရင်များရဲ့ သြဇာခံ နယ်များ သဖွယ် ပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။ အလိုမတူ ရင် အပြစ်ပေးမယ်၊ အလိုကျလုပ်ပေးရင် ဂုဏ်ပြုဆုချမယ်။ ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်ခြင်းလဲ ဖြစ်ပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်