Thursday, January 10, 2013

မြန်မာ ဖုန်း ဘာကြောင့် ဈေးကြီး


မြန်မာ နိုင်ငံရဲ့ အိမ်ဖုန်း နဲ့ မော်ဘိုင်း ဆင်မ်းကဒ် ဈေးကြီးရတဲ့ အကြောင်းရင်းကို လူတွေ အမျိုးမျိုး ဝေဖန်ကြပါတယ်။

စစ်အစိုးရ ခေတ် တလျှောက်လုံးလဲ ဘယ်နိုင်ငံမှာမှ မရှိဖူးတဲ့ ဈေးနှုန်းတွေနဲ့ ဖြတ်သန်းလာတာပါ။

ဝန်ကြီး ကိုယ်တိုင်က ဖုန်းရောင်းသူ အဖြစ်ကနေ အခုတော့ ကုမ္ပဏီ ကို ရောင်းခိုင်းတဲ့ အဆင့် တော့ ရောက်ပါပြီ။ နိုင်ငံခြားတိုင်းပြည်တွေလို လမ်းဘေး ဈေးသည်များကို ရောင်းခိုင်းတဲ့ အဆင့်တော့ ဘယ်တော့ရောက်လာမယ် မသိသေးပါ။

ဖုန်း ဆိုတာ လူသားကမ္ဘာရဲ့ ဆက်သွယ်ရေး နယ်ပယ်မှာ ထိပ်ဆုံးက ရှိနေဆဲပါ။ လူလူချင်း သတင်းဖလှယ်လွယ်တဲ့ နည်းပညာ ဆိုလဲ မမှားပါဘူး။


အာရပ် ကမ္ဘာက အာဏာ ရှင်တွေ ပြုတ်ထွက်သွားတာ ဆက်သွယ်ရေး နည်းပညာတွေ ကြောင့်ပါ။ လူတွေ အချင်းချင်း သတင်းရလွယ်တဲ့ အခါမှာ ဆိုးဆိုးကောင်းကောင်း သတင်းတွေဟာ ချက်ချင်း ပြန့်သွားတတ်ပါတယ်။

ဒီတော့.... ဒီလို ဆက်သွယ်ရေး ကောင်းခြင်းဟာ မှန်မှန်ကန်ကန် အလုပ်လုပ်နေတဲ့ အစိုးရ အတွက် ကြောက်စရာ မဟုတ်ပေမယ့်၊ မရိုးသားတဲ့ အစိုးရအတွက်၊ မကောင်းမှုကို ဖုံးကွယ်ထားချင်သူများ အတွက်တော့ ချောက်ချား စရာ ဖြစ်လာရပါတယ်။

သီရိလင်္ကာ မှာ တမီ ကျားသူပုန် တွေကို ထိုးစစ်ဆင်ပြီးနောက် ဦးဆောင်ခဲ့တဲ့ တပ်မှူးများကို စစ်ရာဇ၀တ်မှုနဲ့ ခုံရုံး တင်ခဲ့ပါတယ်။ သူတို့ကို တရားရုံးပို့ပေးတဲ့ သက်သေအထောက်အထားများကတော့ သူတို့ စစ်သားတွေရဲ့ ဖုန်းကနေ ရိုက်ထားတဲ့ ရှေ့တန်းမှာ ဖြစ်ပျက်ခဲ့တဲ့ စစ်ရာဇ၀တ်မှု မှတ်တမ်းများပဲ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံရဲ့ လမ်းမပေါ်တွေမှာ ရဲများရဲ့ မဖွေမရာ လုပ်ရပ်များကိုလဲ ဖုန်းကိုင်တဲ့ ပြည်သူများက အွန်လိုင်းပေါ်မှာ ဖွပေးခဲ့ကြပါတယ်။ ဒါကြောင့် အစိုးရ ၀န်ထမ်းများကို ထိန်းကျောင်းပေးဖို့ အကောင်းဆုံး နည်းဖြစ်လာပါတယ်။

ဒါကြောင့် မြန်မာ အစိုးရ အနေနဲ့ စစ်သားတိုင်း မ၀ယ်နိုင်တဲ့ ဈေးနှုန်းအတိုင်းအတာ ကို တွက်ချက်ပြီး ရောင်းနေကြောင်း တွေ့ရပါတယ်။

အမေရိကန် စစ်တပ်ရဲ့ ဗီယက်နမ်မှ စစ်ရာဇ၀တ်မှု များကို မီဒီယာ သမားများက ဖွင့်ချ ခဲ့ပါတယ်။ ဒါကြောင့် မြန်မာ စစ်တပ်ကလဲ ရှေ့တန်း စစ်မျက်နှာသို့ သတင်းသမားများကို မ၀င်ခိုင်းပါဘူး။ သူတို့ရဲ့ စစ်ရာဇ၀တ်မှု ပေါ်ကုန်မှာ စိုးလို့ဖြစ်ပါတယ်။


No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်