Tuesday, March 26, 2013

အစွန်းရောက် ဆိုတာ ဘာအစွန်းရောက်မှ မကောင်း။


အမေရိကန် တွေ ဘင်လာဒင် ကို တိုက်တာ မူဆလင်ကို တိုက်တာ မဟုတ်ဘူးလို့ ငြေညာခဲ့ဖူးတာ မှတ်မိမှာပါ။ အစွန်းရောက် ဆိုရင် မူဆလင်လဲ မကောင်းသလို ဗုဒ္ဓ၊ ခရစ်ယာန် အစွန်းရောက်လဲ မကောင်းဘူး။ မြန်မာ မူဆလင်တိုင်းလဲ အစွန်းရောက်တွေ မဟုတ်သလို၊ ဗမာ ဗုဒ္ဓ တိုင်းလဲ အစွန်းရောက်တွေ မဟုတ်ပါဘူး။ အခု ကျုပ်တို့ ဆန့်ကျင်နေတာ အစွန်းရောက်သမား တွေကိုပါ။ အစွန်းရောက်သမားတိုင်းက ကိုယ့်ဟာကိုယ် အစွန်းရောက်သွားမှန်းလဲ မသိကြပါဘူး။

ဒါကို ဗုဒ္ဓဘာသာ ဖြစ်ဖြစ်၊ မူဆလင်ဖြစ်ဖြစ်၊ ရှင်းရှင်းလင်းလင်း သိသင့်တယ်။ ကိုယ့်ဘာသာရေး အသိုင်းအ၀ိုင်းထဲမှာ မူဆလင် အစွန်းရောက် ရှိနေရင် ဖေါ်ထုတ်ရမယ်။ အစွန်းရောက် ဆိုရင် ဘာသာရေး၊ လူမျိုးရေး ဘာတခုမှ မကောင်းဘူး။ အတ္တသမားတွေပါ။

အဲဒီ အစွန်းရောက်တွေက ကျုပ်တို့ အသိုင်းအ၀ိုင်း သိက္ခာကို ဖျက်စီးနေတာ။ ကချင်လဲ မြန်မာနိုင်ငံသား ဖြစ်နေတော့ သိက္ခာကျတာပဲ။



လူသားဆန်တဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတိုင်းက ဥပဒေမဲ့ လူသတ်တာကို ဆန့်ကျင်ရမှာပါ။

အစွန်းရောက် မဟုတ်သေးသ၍ မူဆလင်ဖြစ်ဖြစ်၊ ဗုဒ္ဓ ဖြစ်ဖြစ် ခရစ်ယာန် ဖြစ်ဖြစ် ဆန့်ကျင်စရာ အကြောင်းမရှိ။ နေရင်းထိုင်ရင်း ဘာသာခြား ကို တိုက်ခိုက် ဖျက်ဆီးတာတော့ လွန်တာပေါ့ကွာ။ ကလေးကလား ဆန်လွန်းပါတယ်။

ရောမ အင်ပါယာက ရာစု နှစ် ၃ ခု လောက် ခရစ်ယာန်တွေကို နှိပ်ကွပ်ခဲ့တာ မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံး ရောမ ဘုရင်ကိုယ်တိုင် ခရစ်ယာန် ဖြစ်သွားပြီး ဥရောပ တိုက်တခုလုံး ခရစ်ယာန် ဖြစ်လာတယ်။ ဘာသာရေး ဆိုတာ နှိပ်ကွပ်လေ ပိုထွားလေပဲ။ အဲဒီ ဘာသာတရား ရဲ့ သွန်သင်မှုနဲ့ လူသားဆန်တဲ့ အသိအမြင်ကြွယ်လာတယ်၊ တိုးတက် ကြီးပွါးလာတော့မှ ဥရောပ နိုင်ငံတွေမှာ ဘာသာတရားယုံကြည်မှု ဆုတ်ယုတ်သွားပြီး ခရစ်ယာန်ဘာသာ ဆိုတာ ယဉ်ကျေးမှု သာသာပဲ ရှိတော့တယ်။

မူဆလင်တွေကို နှိပ်ကွပ်ရင် သူတို့ကို ပိုအားပေးသလိုပဲ ဖြစ်သွားမယ်။ ကိုယ့်ရဲ့ ဘာသာတရားကို သူများလက်ခံ စေချင်ရင် အတင်းအဓမ္မ နည်းနဲ့ မရပါဘူး။ မေတ္တာနဲ့ အလုပ်လုပ်ပါ။ ဗုဒ္ဓ ဆိုတာ ဒီလို လူသတ်တဲ့ အမျိုးတွေပါလား ဆိုတဲ့ နာမည်ကျန်ယုံကလွဲပြီး မူဆလင်ဘာသာကို ရှင်းထုတ် နိုင်မှာလဲ မဟုတ်ပါဘူး။ ပိုပြီး အကျည်းသန်တဲ့ လူ့အသိုင်းအ၀ိုင်း ပဲ ကျန်နေခဲ့မှာပါ။ မူဆလင် ဘာသာဝင် အားလုံးကို မောင်းထုတ်လို့ မရပါဘူး။ ကုလားအားလုံးကိုလဲ မောင်းထုတ်လို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ မူဆလင် အားလုံးဟာ ကုလား မဟုတ်သလို၊ ကုလားအားလုံးလဲ မူဆလင် မဟုတ်လို့ပဲ။ မြန်မာ စစ်စစ် မူဆလင်တွေလဲ ရှိနေတာပဲ။ ငြင်းလို့မှ မရတာ။ မြန်မာ စစ်စစ်ခရစ်ယာန် တွေလဲ ရှိနေတာပဲ။ ရန်ကုန်မြို့လယ်က ခရစ်ယာန်ဘုရားကျောင်းတွေမှာ သွားကြည့်လိုက်ပါ မြန်မာ နဲ့ ကုလား တွေချည်းပဲ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်