Wednesday, March 6, 2013

ဒီလောက်အရေးကြီးတဲ့ သတင်းကို မြန်မာလို ဘာဖြစ့် မရေးကြသလဲ?




Eleven Media Group ရဲ့ အင်္ဂလိပ်လို ရေးထားတဲ့ သတင်းမှာ ဒီသတင်း ဖတ်မိတော့ ကိုယ့် အင်္ဂလိပ်စာ အတတ် ကိုတောင် မယုံချင် ယုံချင် ဖြစ်သွားတယ်။ ပိုသေချာအောင်လို့ မြန်မာလို ရေးထားတဲ့ သတင်းများရှိမလား ဆိုပြီး လိုက်ရှာကြည့်တာ မတွေ့ဘူး ဖြစ်နေတယ်။

အဲဒါကြောင့် ဒူဝါ တို့လို တိုင်းရင်းသား ကလောင် သမားတွေ လက်ဆော့ရင် အစွန်းရောက်သလို ဖြစ်ချင် ဖြစ်ဖြစ်သွားတာ အဆန်းတော့ မဟုတ်ပါဘူး။

ဒီ သတင်းမှာ ဦးအောင်မင်း ပြောသွားတာက



(၁) နှစ်ပေါင်း ၆၀ ကျော်ကြာလာတဲ့ ပြည်တွင်းစစ်ကို အစစ်အမှန်ရေရှည် ရပ်သွားဖို့ ဆိုရင် တိုင်းရင်းသားပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာ ခွဲဝေပေးဖို့ လိုတယ်။ "တိုင်းရင်းသားတွေ ဘာဖြစ်လို့ အစိုးရ ကို တော်လှန်နေသလဲ... သူတို့က တရားမျှတတယ် လို့ မခံစားရလို့ ပေါ့။...... ကချင်ဟာ ကချင်ပြည်နယ်ကို အုပ်ချုပ်ပါစေ၊ ရှမ်းဟာ ရှမ်းကို ဥပဒေအရ အုပ်ချုပ်ပါစေ၊...."

(၂) တွင်းထွက် သယံဇာတ များ နဲ့ ပတ်သက်ပြီး သယံဇာတ ရှိတဲ့ ပြည်နယ်၊ တိုင်းများနဲ့ မရှိတဲ့ တိုင်း နဲ့ ပြည်နယ်တွေအတွက် အကျိုးခံစားခွင့်များရရှိအောင် ညီတူညီမျှ ခွဲဝေ ခံစားခွင့် ပြုသင့်တယ်။

(၃) အားလုံးဘုံ သဘောတူညီနိုင်တဲ့ ဥပဒေ တခုအောက်မှာ အားလုံး တိုင်းရင်းသား အားလုံး ညီတူညီမျှ ခံစားခွင့် ရှိသင့်တယ်။....

ဆိုတဲ့ အကြောင်းတွေပါ။

တကယ် ဖြစ်လာရင် မြန်မာပြည်ကြီး ပျော်စရာ ဖြစ်လာမှာပါ။ ဘာဖြစ်လို့ တိုက်နေစရာ လိုတော့မလဲ။

Source: http://elevenmyanmar.com/politics/2679-regional-autonomy-resource-sharing-key-to-solving-myanmar-s-internal-conflict-minister-says

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်