Monday, March 25, 2013

အမျိုး၊ ဘာသာ၊ သသနာ စိတ်ကြီးဝင်သူများသို့....

မင်းတို့ကိုယ် မင်းတို့ သန့်ရှင်းတဲ့ သာသနာ လို့ ပြောနေပေမယ့် ခင်များကိုယ်တိုင်က သန့်ရှင်းတဲ့ စကား မပြောတတ်တာက ခက်နေတယ်.... ဗုဒ္ဓဘာသာကို စော်ကားတာ မဟုတ်ဘူး... စိတ်ရူးထ နေတဲ့ ခင်များတို့ အဖွဲ့ရဲ့ တယူသန် အမြင်ကျဉ်းမြောင်းတဲ့ ဘ၀ ကို ဝေဖန် ထောက်ပြနေတာ...

အဲ တခုတော့ရှိတယ်.. ဗုဒ္ဓဘာသာ ဆိုတာ ဗမာ ပဲ ရှိတာ မဟုတ်ဘူး၊ အာရှတိုင်းသားတွေ အားလုံး နီးပါး ဖြစ်တယ်။ ကုလားလူမျိုးတွေ ဗုဒ္ဓဘာသာဝင် အများဆုံးပဲ။ ဗုဒ္ဓသာသနာ ထိန်းသိမ်းတာ လူမျိုး နဲ့ မဆိုင်ဘူး၊ ကုလားတွေ ပိုလို့တောင် ထိန်းထားသေးတယ်။ ဗမာ ဗုဒ္ဓဘာသာ ၀င်တိုင်းလဲ ဒီလို စိတ်ဓါတ်ရှိတာ မဟုတ်ဘူး ဆိုတာသိတယ်။ ခင်များတို့လို မိစ္ဆာ စိတ်ဝင်နေတဲ့ ဗုဒ္ဓ အတု အယောင် တွေက ဒီ နိုင်ငံကို ဖျက်ဆီးနေတာ။ ဒီနိုင်ငံက ခင်များတို့ပဲ ပိုင်တာ မဟုတ်ဘူး ဆိုတာ မြဲမြဲ မှတ်ထားပါ။ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းမှာ ဗုဒ္ဓဘာသာ ပျောက်လို့ လူမျိုး ပျောက် မသွားဘူး။ မဆင်းရဲ သွားဘူး။ အစွန်းရောက်တဲ့ မူဆလင် နိုင်ငံ မဖြစ်သွားသေး သ၍ သူတို့ မပျက်ဆီးဘူး။


ကမ္ဘာမှာ သွေးစွန်းသွားတဲ့ နိုင်ငံတိုင်း၊ ဘာသာရေး အစွန်းရောက်မှုကြောင့် ဖြစ်တယ်။ ခရစ်ယာန် အစွန်းရောက်တွေကြောင့် ဥရောပ နိုင်ငံတွေ သွေးစွန်းခဲ့သလို၊ မူဆလင် အစွန်းရောက်တွေကြောင့် မူဆလင် နိုင်ငံတွေ သွေးစွန်းခဲ့တယ်။ ခင်များတို့ ဗုဒ္ဓ အစွန်းရောက် သမားများကြောင့် မြန်မာ နိုင်ငံ ဒီထက် ထပ်ပြီး သွေးမစွန်း စေချင်ပါ။

ကိုယ့်ဟာကိုယ် သီးသန့် နေချင်ရင် တခြားလူမျိုးတွေရဲ့ နိုင်ငံ၊ နယ်နိမိတ်ကိုလဲ မသွားကြနဲ့၊ တခြားလူမျိုးတွေနဲ့လဲ စီးပွါးရေး မလုပ်ကြနဲ့။ လူ့လောက နဲ့ အဆက်အသွယ် မလုပ်ကြနဲ့။ အင်းစိန်ထောင်လို တံတိုင်းကြီးတွေဆောက်ပြီး တတ်တတ်နေကြ။

လူ့လောက နဲ့ အဆက်အသွယ်လုပ်ချင်ရင် လောက နီတိ ဆိုတာလဲ ရှိတယ်။ ကိုယ့်အတွေးအခေါ်တခုထဲ နဲ့ မရဘူး။ လောက နဲ့ တဟဇာသ ဖြစ်ဖို့လဲ လိုတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်