Wednesday, March 6, 2013

ဝူးတိန်းရှိန် ရဲ့ ဗျူဟာ ဘယ်သူ့အတွက်လဲ....




အီးယူ မှာ လာမည့် ဧပြီလမှာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အချက်တွေကို ပြန်သုံးသပ်မဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်အမီ ၀ူးတိန်းရှိန် ကတော့ သွက်သွက်လေး လှုပ်ရှားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အီးယူအနေနဲ့ အဓိက ကြည့်နေတဲ့အချက် ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ တွေ ချုပ်ငြိမ်းပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာ မပြောဖူးတဲ့ စကားတစ်ခွန်းကို နော်ဝေးကနေအသံလွင့်တုန်း ပြောခဲ့ပါတယ်။ ဒါကတော့ ပင်လုံစာချုပ် အကြောင်းပါ။ အဲဒီ အသံလွင့်စကားမှာပဲ၊ ပြည်ထောင်စုနေ့ အခန်းအနားကို နေပြည်တော်မှာ ပြုလုပ်တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အတူတူ ထမင်းစားခဲ့တဲ့ အကြောင်းတွေ ထည့်သွင်းပြောကြားသွားပါတယ်။ ကေအိုင်အိုအဖွဲ့ထင်ထားတဲ့ အတိုင်း သူတို့ရဲ့ ပြစားမဲ့အကွက်ထဲ တိုင်းရင်းသား ခေါင်းဆောင်တွေ ဘုန်းဘုန်းလှဲဝင်ခဲ့တာပါ။



အခုလဲပဲ တကယ်တမ်း အီးယူဖက်က စီးပွါးရေး ပိတ်ဆို့ အရေးယူထားတာဟာ သာမန် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေနဲ့ အ၀တ်အစား ထုတ်ကုန် အားလုံးကို ရုတ်သိမ်းပြီးသားပါ။ တခုပဲကျန်တယ်.. ဒါကတော့ လက်နက်ဝယ်ယူခွင့် ပဲ ဖြစ်ပါတယ်။

ဦးသိန်းစိန် အနေနဲ့ လက်နက်ဝယ်ယူခွင့်အတွက် ဒီလောက်အရေး ကြီးနေပြီလား.... တိုင်းပြည်အတွက် လက်နက် ၀ယ်ယူရေးဟာ မရှိမဖြစ် အရေးကြီးနေပြီလား... အခုရှိနေတဲ့ အင်အားကို ထိန်းသိမ်းထားဖို့တောင် စားစရာ မရှိတဲ့ ကြားက ဘက်ဂျက်တွေ ရှိရှိသမျှ စစ်စရိတ်ဖြစ်နေရတယ်။

နောက်တခုက...

တဖက်မှာ သူများကို စီးပွါးရေးပိတ်ဆို့တာ ရုတ်သိမ်းဖို့ ပြောနေပြီး တဖက်မှာ ပြည်တွင်းမီဒီယာ သမားများကို ပိတ်ဆို့ဖို့ ကြံနေပါတယ်။

တိုင်းပြည်အတွက် အရေးအကြီးဆုံးဟာ မီဒီယာ နဲ့ အခြေခံလူတန်းစား တွေရဲ့ လယ်ယာ ပိုင်ဆိုင်ခွင့်ပါ။ ဦးပိုင် ကုမ္ပဏီ အတွက် နိုင်ငံရပ်ခြား ကုန်သွယ်ခွင့် နဲ့ စစ်လက်နက် ၀ယ်သူရေး ကြိုးပမ်း နေမဲ့အစား တကယ်တမ်း စစ်မှန်တဲ့ ငြိမ်းချမ်းရေး အတွက် ၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်ဆင်ဖို့ ပိုအရေးကြီးပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြစားရုံ အပစ်အခတ်ရပ်စဲ ရေး လုပ်နေရင်တော့ အချိန်မတော် ပြန်ပြီး ကံဆိုးမိုးမှောင်ကျဖို့ပဲ ရှိတာပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်