Wednesday, March 20, 2013

မြန်မာ သို့ တင်ပို့မဲ့ မြောက်ကိုးရီးယား နျူ ပစ္စည်း ဖမ်းမိ အတည်ပြု



ဂျပန် ဆိပ်ကမ်းမှာ စင်ကာပူ အလံလွင့်ထားတဲ့ သင်္ဘောတစ်စင်း ပေါ်က မြန်မာသို့ တင်ပို့မဲ့ မြောက်ကိုးရီးယား ပစ္စည်း ဖြစ်တဲ့ နျူကလီးယားလက်နက် ထုတ်ရာမှာ အသုံးပြုဖွယ် ရှိတဲ့ အလူမီနီယမ် သတ္တုချောင်း ၅ခု ဖမ်းမိတဲ့ အကြောင်း ဂျပန်တိုင်မ်း သတင်းစာမှာ ရေးထားပါတယ်။

မနှစ်က သြဂုတ်လမှာ ဖမ်းမိထားတဲ့ သတ္တုချောင်းများကို ၆လကြာ စစ်ဆေးမှုပြုပြီး အတည်ပြု ကြေငြာတာပါ။

မြန်မာ နိုင်ငံ အနေနဲ့ ဖုံးဖုံးဖိဖိ လုပ်နေတာဟာ နိုင်ငံတကာကို သံသယ ပိုဖွါးများစေပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံလိုသူတွေ အတွက် ရသက်မအေး စရာ သတင်း ဖြစ်ပါတယ်။

နှစ်ရှည် အတည်တကျ စက်ရုံထောင်ချင်သူများအတွက်ကတော့ နိုင်ငံတကာ စီးပွါးရေး ပိတ်စို့မဲ့ လက္ခဏာတွေ့နေရတဲ့ နိုင်ငံမှာ စိတ်မချရပါဘူး။ နျူကလီးယား လက်နက် အစီအစဉ်ဟာ ပွင့်လင်းမြင်သာမှုမရှိရင် မြောက်ကိုးရီးယား နဲ့ အီရန် နိုင်ငံလို မလွဲမတွေ စီးပွါးရေး ပိတ်စို့ခြင်း ခံရမှာ ဖြစ်ပါတယ်။


ဒီတော့ ရေရှည် နည်းပညာပိုင်း ဆိုင်ရာ အရင်းအနှီးစိုက်ထုတ်ပြီး ရင်းနှီးမြုပ်နှံလိုတဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများအတွက် ရသက်မအေး စရာ ဖြစ်ပါတယ်။ တရုတ်ဝမ်ပေါင်ကုမ္ပဏီလို သယံဇာတ ထုတ်ယူမဲ့ အချိန်တိုအတွင်း အုပ်ချုပ်သူ လူတန်းစားများနဲ့ ပေါင်းပြီး အမြတ်ရနိုင်မဲ့ လုပ်ငန်းများသာ ၀င်လာပါလိမ့်မယ်။

http://www.japantimes.co.jp/news/2013/03/19/national/centrifuge-rods-from-north-korea-seized-from-ship-in-tokyo/#.UUk1tVfTuf0

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်