Sunday, December 2, 2012

မြန်မာ ပြည်သားတွေ လွတ်လပ်ရေး မရသေးပါ။

ရဲမင်းကြီးအဆင့်တောင် သတင်းသမား တစ်ယောက်ရဲ့ အမေးကို ဖြေခွင့်မရှိဘူး ဆိုတော့.. မြန်မာ့ကရေစီ ခရီးကတော့ တော်တော် ကြမ်းသေးတယ်  လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်ဘ၀ ရဲ့ ပုံရိပ်လို့လဲ ပြောလို့ ရပါတယ်။ ဒါဟာ အကြောက်တရားကို လက်ဆင့်ကမ်းပြီး အမွေခံနေတဲ့ သဘောပါပဲ။

အကြောက်တရား ရဲ့ မြစ်ဖျားခံရာ ဒေသ ကတော့ လုံခြုံမှုကင်းမဲ့ဇုန်ကပါ။ ပြည်သူကို လုံခြုံရေး ပေးနေပါတယ်၊ ကူညီပါရစေ၊ ဆိုတဲ့ ရဲတပ်ဖွဲ့ထဲမှာတောင် အခုလို အကြောက်တရား ဖုံးလွမ်းနေရင် ပြည်သူတွေရဲ့ ဘ၀ကို ဘယ်သူက အကာအကွယ် ပေးနိုင်တော့မလဲ။

ကျနော်တို့ တောင်ပေါ်နေ တိုင်းရင်းသားရွာတွေမှာ အကြောက်တရား နဲ့ လူဖြစ်လာရတဲ့ သူတွေအတွက် ညသန်းခေါင်းယံမှာ ရွာဦးထိပ်က ခွေးဟောင်သံ ကြားရရင် တရွာလုံး ကြောက်နေခဲ့ရပါတယ်။ ညသန်းခေါင်းယံမှာ အိမ်တံခါးလာခေါက်ရင်လဲ အလိုလို ကြောက်နေခဲ့ရပါတယ်။ ဘယ်အချိန်များ ဗမာ စစ်သားတွေ လာရန်ရှာမလဲ ဆိုပြီး ရင်တထိပ်ထိပ် ဖြစ်နေခဲ့တာပါ။ အကြောင်းကတော့ လုံခြုံမှု ကင်းမဲ့နေလို့ပဲ။

မြန်မာ ပြည်သား သာမန် အရပ်သား မပြောနဲ့ အခုလို ရဲမင်းကြီး အဆင့်မှာ အကြောက်တရား နဲ့ ဖုံးလွမ်းနေသေး တယ် ဆိုရင်၊ မြန်မာပြည်သားတွေ လွတ်လပ်ရေး မရသေးတာ အမှန်ပါ။

လွတ်လပ်ရေး ဆိုတာ အကြောက်တရား ကင်းတဲ့ လူနေမှု ဘ၀ကို ရယူပိုင်ဆိုင်ခွင့် ဖြစ်ပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်