Monday, December 10, 2012

Al Jazeera Investigates : The Hidden Genocide

Aljazeera ရုပ်သံအစီအစဉ်ကနေ စုံစမ်း ဖေါ်ထုတ် ထားတယ် ဆိုတဲ့ ရခိုင် ကိစ္စမှတ်တမ်း ရုပ်ရှင် (Documentary Film) ဖြစ်ပါတယ်။ ဒီ ဗီဒီယိုကို မြန်မာ အစိုးရ အနေနဲ့လဲ ကန့်ကွက်ထားပါတယ်။ ဘင်္ဂါလီ မူဆလင်တွေကို လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) ဆိုတဲ့ ခေါင်းစဉ်ကြောင့် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ ရုပ်ရှင်ထဲက ရှေ့နေရှင်းပြတဲ့ လူမျိုးတုန်း Genocide အဘိဓာန်ကတော့ လူမျိုးတမျိုးကို လွတ်လပ်စွာ ရပ်တည်ခွင့်၊ ရှင်သန်ခွင့်၊ တွေကို ကန့်သတ်ထားရင်သော်လည်းကောင်း၊ သူတို့ရဲ့ ဖွံ့ဖြိုးရေးကို အနှောက်အယှက်ပေးတယ် ဆိုရင်ပဲ Genocide မြောက်ပါတယ်၊ နာဇီဂျာမဏီတွေလို ဒုတိယကမ္ဘာစစ်မှာ ဂျူးလူမျိုးတွေကို အစုလိုက် အပြုံလိုက် သတ်လိုက်မှ Genocide ခေါ်တာ မဟုတ်ဘူး လို့ ပြောထားပါတယ်။


(မြန်မာလို ဘာသာ ပြန်ထားတဲ့ အပိုင်းအစလေး)






Al Jazeera သတင်းဌာနမှ ကြော်ငြာချက်တွင် ပရိတ်သတ်များ စောင့်ကြည့်ပြီး ကိုယ်တိုင် ဆုံးဖြတ်ရန် တိုက်တွန်းထားကြောင်း ဖော်ပြထားပါသည်။ အစီအစဉ်ရိုက်ကူးသူ Mr. Phil Rees မှ ထို အစီအစဉ်ပြီးသည်နှင့် အွန်လိုင်းတွင် မေးမြန်းလာသည့် မေးခွန်းများကို ဖြေကြား ပေးမည် ဖြစ်ကြောင်း နှင့် အချိန်အတိအကျကို Al Jazeera အင်တာနက် စာမျက်နှာ Al Jazeera website တွင် အတည်ပြုကြေငြာမည်ဟု ဖော်ပြထားပါသည်။

Mr. Phil Rees က မှတ်တမ်းတင် သတင်းရုပ်ရှင်တွင် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ခံရသော နေရာများ၊ ဒုက္ခသည်စခန်းများ၊ အကြောင်း ခိုင်လုံသော အထောက်အထားများ စုစည်းနိုင်ခဲ့သည် ဟု ဆိုသည်။ “ကျွန်တော်တို့ ဒီမှတ်တမ်းရုပ်ရှင်ကို လုပ်ခဲ့တာ ဘာကြောင့်လဲဆိုတော့ ဒီအဖြစ်အပျက်တွေမှာ မဖြေရှင်းရသေးတဲ့ မှုခင်းဆေးပညာဆိုင်ရာ လိုအပ်ချက်တွေ ရှိနေလို့ဖြစ်တယ်။ ကျနော်တို့ ပထမဆုံး သက်သေခံချက်တွေကို တဆင့်ကြားတဲ့သူတွေထက် ကိုယ်တိုင်ခံစားရတဲ့ သူတွေဆီက ဖြစ်အောင် ကျိန်းသေအောင် လုပ်ယူခဲ့တယ်။

 ကြည့်ရှုသူတွေ အခြေအနေမှန်ကို ရှာဖွေတွေ့ ရှိနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။” ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှုးချုပ် ဗလာရီအာမိုးစ်က ပြည်တွင်း ဒုက္ခသည် စခန်းများ၏ အခြေအနေမှာ
“အလွန့်အလွန်ကြောက်မက်ဖွယ်ရာဖြစ်သည်” ဟု ပြောကြားအပြီး Al Jazeera နှင့် မြန်မာနိုင်ငံအစိုးရတို့၏ အပြန်အလှန် တုန့်ပြန်မှု့ကိစ္စများ ပေါ်ထွက်လာခဲ့သေးသည်။ တွေဆုံခြင်းအတွက် မေးပို့ တောင်းခံ နိုင်ကြောင်းဖော်ပြထားပါသည်။ ကိုးကား - http://aljazeerapressoffice.tumblr.com/

(ဒေါက်တာလွဏ်ဆွေ Facebook account မှ ကူးယူတင်ပြပါသည်)

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်