Thursday, December 27, 2012

လူမျိုးအစွဲရှိတာ လူတိုင်းပါ။

ဘယ်သူမဆို ကိုယ့်လူမျိုးဖက် အနည်းနဲ့ အများ ပိုပြီး နာတတ်တာ သဘာဝ ဖြစ်တယ်။

ဒါပေမယ့်... ဗမာ တွေ လူမျိုးစွဲ စကားပြောရင် ပြည်ထောင်စုကို ကာကွယ်ချင်တဲ့လူ၊ မျိုးချစ် ဆိုပြီး ကိုယ့်ကိုယ်ကို ထင်ကြတယ်။ တခြား တိုင်းရင်းသားတွေ ကိုယ့်အမျိုး ခံစားချက် အကြောင်း ပြောလာရင် လူမျိုးရေး တယူသန်သူ၊ တိုင်းရင်းသား စည်းလုံးမှု ပျက်ပြားအောင်လုပ်သူ ဆိုပြီး သမုတ်ခံရတတ်ပါတယ်။

အခု ဒူဝါ တို့ ရေးနေတာဟာ အချင်းချင်း နားလည် ခံစားတတ်ဖို့ ဖြစ်တယ်။ နှစ်ပေါင်း ၅၀ ကျော် ဗမာ မီဒီယာ တခုထဲ နဲ့ မှိုင်းတိုက်လာတာ ဘယ်တော့မှ စည်းလုံးမှု မရခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဗမာ လူမျိုး တမျိုးထဲက လူမျိုးစွဲ ပိုကြီးအောင် တွန်းအားပေးထားလို့ပဲ။ အခုတောင် တနိုင်ငံလုံး ဗမာ လူမျိုးနဲ့ပဲ ဆိုင်သလို ထင်လာတာကိုက ပြဿနာ အကြီးစား ဖြစ်နေပါပြီ။

အခုမှ ဖေစ်ဘွတ် (ဖွဘွတ်) လေး ပေါ်လာလို့ နည်းနည်း ပါးစပ် ဟ လာနိုင်တာပါ။

အရင်က တိုင်းရင်းသားတွေ ရဲ့ အသံ မကြားဖူးလို့လဲ ဖြစ်ပါလိမ့်မယ်။

တခါတလေမှာ အမှန်တရား ဆိုတာ နားကြား ခါး တတ်ပါတယ်။

ခါးသက်သက် အရသာကို ခံပြီးမှ ချိုလာပါလိမ့်မယ်။ အခုချိန်တော့ ခါး ရမယ့် အချိန်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်