Wednesday, December 26, 2012

ကချင်လူမျိုးတွေ သိစေချင်

မနေ့က ခရစ္စမတ် အကြိုအတွက် ပြင်ဆင် ဆုတောင်း၊ အလုပ်ရှုပ်နေကြတဲ့ အချိန်မှာ ကန်တော်ယန် ကျေးရွာနားမှာ မြန်မာ့တပ်မတော်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် တနေရာထဲမှာဘဲ ၆ ယောက် ပွဲချင်းပြီး သေဆုံးရတယ် လို့ သတင်းရရှိပါတယ်။ အခုအချိန်မှာ စစ်ကား အစင်း ၅၀ ကျော်နဲ့ အပြည့် မြန်မာ့တပ်မတော်သားများဟာ ဘက်ဖိုးယာဉ်ကြီးများနဲ့ လမ်းရှင်း လမ်းဖောက်ပြီး လိုင်ဇာမြို့ကို တရွှေ့ရွေ့ချီတက်လာတာ တော်တော်လေး ခရီးရောက်နေပြီလို့ သိရပါတယ်။>>>

ကချင်တွေကိုလဲ ပြောစရာရှိတာ တစ်ခါထဲပြောထားရဦးမယ်။ ကိုယ့်ဘက်က ကချင်ပြည်သူတွေ သေရင်လဲ နေရာ၊ နေ့ရက်၊ ဘယ်နှယောက်၊ ဘယ်လိုသေရတယ်ဆိုတာ စာရင်းအတိအကျပြုစုထား။ ရှမ်းအမျိုးသမီး SWAN အဖွဲ့ကို အတုယူ၊ သူတို့ထုတ်တဲ့ License to Rape စာအုပ်ဆို တိကျသေသပ်လွန်းလို့ ၂၀နှစ်လောက်ကြာတဲ့အထိ အစိုးရဖင်အောက် ခုထိ ခိုးလိုးခုလု ဖြစ်နေတုန်းပဲ။ ဓာတ်ပုံတွေဘာတွေ သေချာရိုက်ထား၊ ပြီးရင် ဖြစ်ပျက်စုံလင်ကို ရန်ကုန်မီဒီယာတွေအားလုံးဆီပို့လိုက်။ သူတို့ကဘက်လိုက်တတ်လို့ ပို့လိုက်တဲ့သတင်းတွေ ဖော်ပြမှာမဟုတ်ဘူးလို့ အကြောင်းမပြနဲ့၊ သူတို့ဘက်လိုက်တတ်တာ လူတိုင်းသိပြီးသား၊ ခုမှအဆန်းလုပ်မနေနဲ့။ ဖော်ပြတာ မပြတာ သူတို့အလုပ်၊ ပို့ရမှာ ကိုယ့်အလုပ်။ အချိန်တန်လို့ ကိုယ့်လိပ်ပြာကိုယ်မလုံတော့တဲ့အခါ ဖော်ပြလိမ့်မယ်။ ရန်ကုန်မီဒီယာတွေ ဘက်လိုက်တတ်လို့ မပို့ချင်လဲ ပြည်ပအခြေဆိုက်မီဒီယာတွေ တစ်ပုံကြီးရှိတယ်။ BBC,VOA,RFA,DVB,ABC(Australia),Mizzima, Irrawaddy တစ်ပုံကြီးရှိတယ်။ အကုန်ပို့လိုက်၊ သူတို့အမေးကို စောင့်မနေနဲ့။ လွန်ခဲ့တဲ့တစ်နှစ်အတွင်း ကချင်စစ်တပ် ပစ်ခတ်တာထိလို့ သေရတဲ့  ကြားက ပြည်သူဆိုလို့ ခုချိန်ထိ မှတ်မှတ်ရရ ၁၀ယောက်တောင် မပြည့်တတ်သေးဘူး၊ အဲ့ထဲမှာတောင် (ပန်ဝါမြို့က) အရပ်ဖက် အုပ်ချုပ်ရေးတာဝန်ရှိတွေက တစ်ဝက်လောက်ပါသေးတယ်။ လိုင်စာမြို့ရဲ့ အရပ်ဖက်အုပ်ချုပ်ရေးတာဝန်ယူထားတဲ့သူတွေကိုဆို အစိုးရက ကြားလူလို့ သတ်မှတ်မှာတောင်မဟုတ်ဘူး။ မြင်တာနဲ့ ပစ်သတ်မှာပဲ။ အေး.. အဲ့ဒီ ၁၀ယောက်သေတာကိုတော့ မိုးလုံးကွဲအောင် ရန်ကုန်မီဒီယာပေါင်းစုံကနေ အစိုးရ ဖင်ဖြဲ အော်ပါလိမ့်မယ်။ သူ့စစ်တပ်က မြင်မြင်ရာရွာထဲ မကောင်းသူထိပ် ကောင်းသူထိပ် အမြှောက်နဲ့ ပစ်ထည့်လို့ သေတဲ့ အပြစ်မဲ့ကချင်က ရာနဲ့ချီနေပြီ။ ဒါမျိုးဆို ရန်ကုန်မီဒီယာတွေအကုန် အသံဝင်သွားရော။ ကချင်တွေကိုယ်၌ကလဲ လိုနေတာတွေရှိတယ်။ သေတဲ့လူစာရင်းဆို မာနတစ်ခွဲသားနဲ့ ဖုံးမထားနဲ့ မာနမင်းသားတွေရဲ့။ အံကြိတ်တင်းခံပြီး ရင်ထဲမှာ အမုန်းတရား ပိုကြီးထွားလာအောင် ကိုယ့်ကိုယ်ကို ခွင့်မပြုနဲ့။ စိတ်ဓာတ်ကို မှန်ကန်အောင်ထား၊ အမုန်းတရားနဲ့ အလုပ်မလုပ်နဲ့၊ ရှင်းလင်းတဲ့ မူဝါဒနဲ့ တိကျသေချာတဲ့ နိုင်ငံရေးလမ်းစဉ်အောက်မှာပဲ ကိုယ်လိုချင်တာရဖို့ တရားနည်းလမ်းကျကျကြိုးပမ်း။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့။ အပြစ်မရှိပဲ ကြားကသေရတဲ့ပြည်သူစာရင်းကို ဖုံးမထားနဲ့၊ ဖုံးထားဖို့မလိုဘူး။ "ဘယ်သူသနားတာမှ ငါတို့မလိုဘူးဆိုတဲ့" မာနမျိုးမထားနဲ့။ မထားကောင်းဘူး။ အားလုံး အမှန်တရားအတိုင်းဖြစ်ရမှာပေါ့။ ဗမာစာလဲ ရိုက်တတ်အောင် ကြိုးစားရိုက်ပြီး သတင်းတွေတင်ဦး။ ကချင်လိုချည်း လိမ့်ရိုက်နေတာ ဘယ်သူမှနားမလည်တော့ ကိုယ့်ဘက်ကတစ်ပမ်းရှုံးတယ်။ သူ့ဖက် ကိုယ့်ဖက် အမြင်၂ခုလုံးကို လေ့လာလို့မရဘူး။ အစိုးရတစ်ဖက်ထဲက ဝါဒဖြန့်တာတွေချည်း အပေါ်စီးရောက်နေတယ်။ မရိုက်တတ်ရင် မြန်းကလစ်နဲ့ ဒီမှာသွားရိုက်ကြ။ >> http://burglish.my-mm.org/latest/trunk/web/testarea.htm
ဒီးယမ်တို့ ကြားက မနေနိုင် မထိုင်နိုင် ဝင်ပြောပေးနေရလို့ မောတာအကြောင်းမဟုတ်ပေမယ့် ကာယကံရှင်တွေမဟုတ်တော့ argument က credible မဖြစ်ဘူး။ ကာယကံရှင်တွေ ကိုယ်၌ကလဲ ညှစ်ဦး၊ လက်သည်ချည်း အားကိုးမနေကြနဲ့။ စကားဆက်လို့ တခါထဲထည့်ပြောဦးမယ်။ အလကားနေ အစိုးရကိုမကျေနပ်တာနဲ့ ဒေါ်စုကိုပါ ရောမကြိတ်နဲ့။ "ဒေါ်စုက ဘာမှမပြောဘူး မပြောဘူး" နဲ့လဲ အော်မနေနဲ့၊ ဒေါ်စု ဒီစစ်ပွဲရပ်စေချင်လို့ ပြောနေတာ အခေါက် ၄၀နီးပါးရှိနေပြီ။ စစ်တပ်ကို ဒေါ်စုအမိန့်ပေးနိုင်တာမဟုတ်ဘူး။ ခု IDPတွေ ရနေတဲ့ အမေရိကန်တို့ ယူအန်တို့ကအကူအညီတွေ ဒေါ်လာ သန်းနဲ့ချီရအောင် ဒေါ်စုကြားက အာပေါက်မတတ်ပြောပေးထားတာနေမှာပေါ့။၊ မလုံလောက်ဘူး၊ လိုအပ်နေသေးတယ်ဆိုတာတော့ အားလုံးသိတယ်။ ခုက အလှူခံနေတာ၊ ကြွေးတောင်းနေတာမဟုတ်ဘူး။ ငါတို့ ဒီလောက်လိုတယ် ၊ ငါတို့ကို ဒီလောက်ပေးပါဆိုပြီး အကြွေးတောင်းသလို ဒေါ်စုသွားလုပ်လို့မရဘူး။ သူကိုယ်တိုင်လဲ အကူအညီတွေ တတ်နိုင်သလောက်ပေးနေတာ သိန်း၅၀၀လောက်ရှိပြီ။ ဒေါ်စုက ခရိုနီသူဌေးမဟုတ်တော့ ဒီလောက်ပဲ တတ်နိုင်ရှာမှာပေါ့။ မောတယ်....။

1 comment:

  1. ဘယ်လိုပြောရမလဲ..ကောင်းပါတယ်ပေါ့.. ဒီးယမ်ပြောလို့ ဒေါ်စုမပါဘူး ဆိုပြီးအံသြပြီးဖတ်လာ
    တာ.. အောက်နားရောက်ကာမှတွေ့ တော့... သြော်ရိုးရာဆိုပါတော့.. (နောက်တာ.ဒေါ်စုမှာလဲ
    သူ့ အခက်အခဲနဲ့ သူရှိပေမပေါ့ သူလဲလူပဲလေ. )

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်