Thursday, December 13, 2012

Western Union မှ တဆင့် ငွေလွှဲနိုင်တော့မည်။



အမေရိကန် အခြေစိုက် Western Union ငွေလွှဲကုမ္ပဏီကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ မြန်မာအရှေ့တိုင်းဘဏ် နှင့် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး၊ အခု မြန်မာ CB ဘဏ် နှင့်လဲ သဘောတူ လက်မှတ်ထိုးပြီး ငွေလွှဲလုပ်ငန်းများ စတင်တော့မည် ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်၊ ဒီဇင်ဘာလ ၁၄၊ ၂၀၁၂ မှစပြီး Western Union မှ တဆင့် မြန်မာနိုင်ငံထဲ လွှဲငွေများကို CB Bank မှာလဲ ထုတ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Western Union ရဲ့ ငွေလွှဲစနစ်ကတော့ လွှဲပေးသူ အနေနဲ့ ဘဏ်မှာ ငွေအပ်လိုက်အပြီး၊ ငွေအပ်ဘဏ်မှ ကုတ်နံပါတ် ပေးလိုက်ပါတယ်။ လက်ခံမည့်သူထံသို့ ငွေလွှဲသူက ၄င်း ကုတ်နံပါတ် ပို့ပေးပြီး၊ ငွေလက်ခံမည့်သူက နီးစပ်ရာ CB ဘဏ်ခွဲတခုခု သို့မဟုတ် မြန်မာအရှေ့တိုင်းဘဏ် တခုခု မှာ မှတ်ပုံတင်ဖြစ်ဖြစ်၊ Passport ဖြစ်ဖြစ် ID တခုခု ပြပြီး ထုတ်ယူရမှာ ဖြစ်ပါတယ်။


နိုင်ငံရပ်ခြားမှလွှဲငွေသာ မဟုတ်၊ မြန်မာ နိုင်ငံအတွင်းမှလဲ နိုင်ငံရပ်ခြားကို ငွေလွှဲလို့ရတော့မှာပါ။ ဒါပေမယ့်၊ မြန်မာ ကျပ်ငွေတိုက်ရိုက်အပ်ပြီး လွှဲလို့ ရမလား၊ မရဘူးလား ဆိုတာတော့ အသေးစိတ် မသိသေးပါဘူး။ သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းရှင်များအတွက် အဆင်ပြေမည့် အလားအလာ ရှိကြောင်းသိရပါတယ်။

Western Union ဟာ လွန်ခဲ့တဲ့ရာစုနှစ် ကျော်ကတည်းက ကြေးနန်းဆက်သွယ်ရေး နဲ့ စာပို့လုပ်ငန်းများ၊ ပစ္စည်းပါဆယ်ပို့ လုပ်ငန်းများကို မြန်မာ၊ မြောက်ကိုးရီးယား၊ ဆူဒန်၊ ဆူမားလီးယား လို နိုင်ငံတွေကလွဲလို့ ကမ္ဘာတ၀န်းလုံး နှင့် ချိတ်ဆက်ပြီး အလုပ်လုပ်နေသော ကုမ္ပဏီကြီး တခုဖြစ်သည်။

ကိုးကားသတင်းလင့်များ >>> Bangkok Post , Mizzima

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်