Friday, December 7, 2012

ဦးပိုင် တိုက်ကွက် လာပြီ............


ကချင် Hacker အဖွဲ့ ဆိုတာ တသက်နဲ့ တကိုယ် တခါမှ မကြားဘူးတာ အမှန်ပါ။ ဒီ မနက်တော့ ထူးထူးခြားခြား သတင်း တပုဒ် ဖတ်လိုက်ရလို့ ၀မ်းသာရမလို တောင် ဖြစ်သွားတယ်။ 

ဝမ်းသာ ရမလို ဆိုတာ Eleven Media Group ကို တိုက်ခိုက်လို့ မဟုတ်၊ ကချင်လူငယ်တွေ ဒီလောက် စွမ်းနေပါလား၊ ဆိုပြီး ၀မ်းသာသွားတာ။ ဒါပေမယ့်၊ သိပ်မကြာလိုက်ပါဘူး။ ဆက်စဉ်းစားလိုက်တဲ့ အခါမှာ ကချင်တွေ အနေနဲ့ Eleven Media Group ကို တိုက်ခိုက်ဖို့ အကြောင်း မရှိ။ တိုက်မှ တိုက်တော့ မြ၀တီ နဲ့ MyanmarExpress တွေကိုပဲ တိုက်မှာပါ။


နောက်ပြီး အောက်က Eleven Media Group ရဲ့ ထုတ်ပြန်ထားချက်အရ တရုတ်က IP တွေ နဲ့ တိုက်ထားတယ် ဆိုတော့... လက်ပံတောင်းတောင် အရေးကို ချက်ချင်း သတိရသွားတယ်။ အခုလို လွတ်လပ်တဲ့ မီဒီယာ တွေကို တိုက်ခိုက်နေတာ အကြောင်းရှိရမယ်လေ... ဒီတော့ ဖြစ်နိုင်ခြေတွက်လိုက်တဲ့ အခါမှာ....

(၁) ဦးပိုင် ရဲ့ အဖွဲ့သားတွေ နဲ့ တရုတ် တို့ ပူးပေါင်း တိုက်ကွက် ဖြစ်နိုင်ပါတယ်။ တချက်ခုတ်၊ နှစ်ချက်ပြတ် သဘော။

(၂) အင်အားကောင်းတဲ့ ပြည်တွင်း မီဒီယာတွေ ကို နောက်နှေးသွားအောင် လုပ်ရင်း၊ လက်ပံတောင်း တောင် အကြမ်းဖက်တဲ့ ကိစ္စမှာ ရှုတ်ချကြောင်း သဘောထား ကြေငြာချက် ထုတ်လိုက်တဲ့ ကေအိုင်အေ ကိုလဲ ဂျောက်တွန်း ပြီးသား ဖြစ်သွားတာပေါ့။

(၃) တရုတ် ၀မ်ပေါင် ကုမ္မဏီ အနေနဲ့ ပြည်တွင်း မီဒီယာ သမားတွေကို ချိန်းခြောက်ခဲ့တာ ရှိပါတယ်။ ဒီတော့ ၀မ်ပေါင် စပွန်ဆာ နဲ့ ဦးပိုင် ရဲ့ ရှေ့ပြေးခွေးများ ဖြစ်တဲ့ ရုရှား Hackers (ရခိုင်တုန်းက အစွမ်းပြခဲ့တဲ့) အဖွဲ့ ဖြစ်နိုင်ပါတယ်။


Eleven Media Group ရဲ့ အသိပေးကြေညာချက်

Eleven Media Group ၏ www.news-eleven.com အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပါသည်။
ထို့ကြောင့် လက်တလောတွင် Eleven Media Group ၏ www.news-eleven.com အား ၀င်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
ယခု တိုက်ခိုက်သည့် အဖွဲ့သည် ကချင်အဖွဲ့ အမည်ကိုအသုံးပြုထားပြီး တရုတ်နိုင်ငံဘက်မှ IP များဖြင့် အသုံးပြုတိုက်ခိုက်ထားကြောင်း သိရှိရပါသ

ည်။
မိမိတို့ website အား အမြန်ဆုံးပြန်လည်ကြည့်ရှုနိုင်ရန် ပြုပြင်လျက်ရှိပြီး ကချင်အဖွဲ့ အမှန်တကယ်ဟုတ်မဟုတ်နှင့် မည်သူတို့က လုပ်ဆောင်သည်ကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း အသိပေးအပ်ပါသည်။
Eleven Media Group ၏ www.news-eleven.com အား ပြန်လည်ပြင်ဆင်နေစဉ်ကာလအတွင်း Eleven Media Group Facebook နှင့် Eleven Myanmar (www.elevenmyanmar.com) တို့မှ တဆင့် သတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်