Sunday, December 2, 2012

ဆရာစားချန်တဲ့ ဥပဒေ တွေကြောင့်ပါ။

လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်နေသည့် ကိုမိုးသွေးနဲ့ ကိုအောင်စိုးတို့အား ရွှေဂုံတိုင် ဗံဒါပင်မှတ်တိုင်တွင် လုံခြုံရေးများမှ အတင်းဝင်ရောက် ဖမ်းဆီးခေါ်ဆောင် သွားသည်ကို တွေ့မြင်ရသည်။
(အပေါ်က သတင်း နဲ့ ဗီဒီယိုဖိုင်ကို
The Myanma Age မှ ကူးယူတင်ပြပါသည်။)



ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှု ဆိုသည်မှာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်သည်။ ဒီလို ခွင့်ပြုချက်မပေးထားတဲ့ ဥပဒေ ရှိရင်လဲ ပြင်ရပါမည်။ ခွင့်ပြုချက်တောင်းခိုင်းတာတော့ ဟုတ်ပါပြီ၊ အဲဒီ ခွင့်ပြုချက်ပေးနိုင်တဲ့ အာဏာပိုင်တွေကို မကျေနပ်လို့ ဆန္ဒပြပါမယ် ဆိုရင် ခွင့်ပြုနိုင်ပါ့မလား?


တကယ်တော့ ယုတ္တိမရှိတဲ့ နည်းဥပဒေကို ထုတ်ထားတာပါ။

ဟိုတလောက သမ္မတကို ကြိုဆိုတဲ့ အဖွဲ့တွေလဲ ဆန္ဒ ပြတဲ့ သဘောပါ။ ဘာခွင့်ပြုချက်တောင်းတယ် လို့မှ မကြားမိပါ။ ငြိမ်းချမ်းရေး အတွက် တောင်းဆို စီတန်းလှည့်လည်မယ် ဆိုတော့ ခွင့်ပြုချက်တောင်းတဲ့ လူတွေကို ခွင့် မပေးတဲ့ အပြင်၊ ဖမ်းစစ်ခဲ့တယ်။

တကယ်တော့ ပြည်သူတွေကို ဖိနှိပ်တဲ့ ဥပဒေကို ဥပဒေ စိုးမိုးရေး ဆိုပြီး အဓိပ္ပါယ် ဖွင့်ဆိုတာ အဆိုးဆုံး ဖြစ်သည်။

ဒီလို ဆရာစားချန်တဲ့ ဥပဒေ တွေဟာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး၊ ဖဆပလ ခေတ် ကတည်းက ဗဟိုအစိုးရကို ဦးထိပ်ထားလာခဲ့တဲ့ ဗမာ နိုင်ငံရေး ခေါင်းဆောင်များ အနေနဲ့ တိုင်းရင်းသားဒေသ တွေအတွက်ပဲ စဉ်းစားပြီး ဥပဒေတွေကို ထုတ်လာရာက အမွေခံလာခဲ့တဲ့ ပြဿနာတွေပါ။

ပွင့်လင်းမြင်သာမှု မရှိဘူး ဆိုတာလည်း၊ ဗဟိုချုပ်ကိုင်မှု ယန္တရားကို တိုင်းရင်းသားတွေ မသိအောင် လျှို့ဝှက်လာရာက တတိုင်းပြည်လုံး အမှောင်ဖုံးသွားခဲ့ရတယ်။ တိုင်းရင်းသား (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊) တွေကို အပြင်လူအနေနဲ့ သတ်မှတ်လာတဲ့ ခေတ်ကာလ တွေရဲ့ အကျိုးဆက်တွေပါ။

ဒီတော့ ဆရာစားချန်တဲ့ နည်းဥပဒေ တွေ ဆက်လက် ရှင်သန်နေသေးသ၍ မြန်မာပြည် ဘယ်တော့မှ ဒီမိုကရေစီ မရပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်