Wednesday, December 5, 2012

ဦးပိုင် ကုမ္မဏီ ကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ ကြောက်သွားနိုင်။


(နိုင်ငံ့ဝန်ထမ်းများ အနေနဲ့ ဦးပိုင်အကျိုးစီးပွါးကို ၀ိုင်းကာကွယ်ပေးနေရတဲ့ အဖြစ်ကို MRTV ထုတ်လွင့်ချက်မှာ တွေ့နိုင်ပါတယ်။)


သမ္မတ ဦးသိန်းစိန် အမေရိက ကိုရောက်ခိုက် ဘီဘီစီ Hardtalk အစီအစဉ် မေးမြန်းခန်းမှာ အလေးအနက် မေးသွားတဲ့အချက်က ဦးပိုင် ကိစ္စပဲ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသားတွေ မသိရင်နေမယ်၊ နိုင်ငံတကာက မျက်စိဒေါက်ထောက် ကြည့်နေတာ ဦးပိုင်ပါ။ ဦးပိုင် ကုမ္မဏီရဲ့ လုပ်ငန်းများ ကို ပစ်မှတ်ထားပြီး စီးပ

ွါးရေး ဒဏ်ခတ်ပိတ်ဆို့သွားတာလဲ အထင်အရှား ဖြစ်ပါတယ်။


ဦးပိုင်ကို ကြောက်ရခြင်းသည်။

(၁) စစ်တပ်ပိုင် ဖြစ်သောကြောင့်၊ စစ်ခေါင်းဆောင်များ အကျိုးစီးပွါးကို မြင့်တင်ပေးခြင်းအားဖြင့် အာဏာရှင် စနစ် အားပေးရာ ရောက်နေသည်။

(၂) စစ်တပ် အနေနဲ့ နိုင်ငံတော် ဘက်ဂျက် ရဲ့ အပြင်ဖက် လွတ်လွတ်လပ်လပ် ၀င်ငွေရနေခြင်းသည်၊ နျူကလီးယား နည်းပညာများ ရယူခြင်းအတွက် ပိုမို လျှို့ဝှက်စွာ လုပ်လာနိုင်တယ်။ ထိုအချက်က နောင်တချိန်မှာ အနောက်နိုင်ငံများရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အချိန်မရွေး ထပ်ရောက်လာနိုင် သောကြောင့် ရေရှည် ရင်းနှီးမြုပ်နှံလိုသူများအတွက် စိတ်မချ စရာ ဖြစ်လာနိုင်သည်။ (မြောက်ကိုးရီးယား နှင့် ရုရှားကို ပေါင်းနေတာက တကြောင်း)

(၃) ဦးပိုင် ဟာ တဦးထဲ နိုင်ငံတော် အာဏာသုံးပြီး စီးပွါးရှာနေခြင်း အတွက် အခြား ပြိုင်ဖက်များ အတွက် လွတ်လပ်မှု ဆုံးရှုံးလာနိုင်တယ်။ (လက်ပံတောင်း တောင် ကိစ္စမှာ နိုင်ငံတော် အနေနဲ့ ဦးပိုင် အကျိုးစီးပွါးကို ကာကွယ်နေပုံ MRTV ထုတ်လွင့်ချက်မှာ အထင်အရှားတွေ့ရပါတယ်။)

(၄) ဦးပိုင် နှင့် ဆက်နွယ် လုပ်ငန်းများသည်၊ တရုတ် ကုမ္မဏီများ နှင့် အခိုင်အမာ စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းအကြီး အသေး မှန်သမျှ လက်ဝါးကြီး အုပ်ထားပြီးသား ဖြစ်သောကြောင့်၊ တရုတ်ပြိုင်ဖက် နိုင်ငံများ အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်သည်။

(၅) ဦးပိုင် နှင့် ဆက်နွယ် ကုမ္မဏီများ နဲ့ ဖက်စပ် မလုပ်ထားတဲ့ လုပ်ငန်းများ အာမခံချက် မရှိ သလို ဖြစ်သွားနိုင်သည်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်