Wednesday, December 5, 2012

စစ်ပြေး ဒုက္ခသည် စခန်း ဗမာ စစ်တပ် အကြမ်းဖက် မီးရှို့ပေး (ဓါတ်ပုံ သတင်း)

ဘီဘီစီ မြန်မာပိုင်းမှ ဓါတ်ပုံများ ကူးယူတင်ပြပါသည်။
 ကြူကုတ်၊ ပန်ဆိုင်းမြို့နယ် ဖိုင်ကောင် ကျေးရွာမှာ ခုံလုံနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များရဲ့ ယာယီ တဲများကို အရပ်အခေါ် ဗမာအကြမ်းဖက် စစ်တပ်မှ ကေအိုင်အေစစ်သားများကို ၀ှက်ထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မီးရှို့ ဖျက်စီးပေးလိုက်သည့် အပြင် ယောက်ျားများကို ဖိုင်ကောင် ကျေးရွာ ဘုရားကျောင်း အထဲ ခေါ်သွင်းကာ လူမဆန်စွာ ရိုက်နက် စစ်ဆေး မေးမြန်းသည့်အပင် အစာရေစာ အငတ်ထားခဲ့တယ် လို့ သိရပါတယ်။


 အဲဒီမနက်က ကေအိုင်အေ တပ်ဖွဲ့ နှင့် အဲဒီ စစ်ကြောင်း ဟာ ဖိုင်ကောင် ရွာ နဲ့ အဝေးကြီးမှာ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ညနေပိုင်း အပြန်မှာတော့ ဒီရွာသားတွေကို အခုလို လုပ်တော့တာပါပဲ။ ရွာနားက စပါးပုံများကိုလဲ မီးရှို့ဖျက်စီး ပေးခဲ့ပါတယ်။

 ဘာသာရေး နဲ့ ဆိုင်တဲ့ ဘုရားကျောင်းထဲမှာ အခုလို လူမဆန်တဲ့ လုပ်ရပ်ကို ပြောင်ပြောင်တင်းတင်း လုပ်လာခြင်းဟာ ကချင်လူမျိုးများကို သာမက ခရစ်ယာန် ဘာသာရေး ကို မထီမဲ့မြင် ပြုမူခြင်းလဲ ဖြစ်ပါတယ်။






ကေအိုင်အေ ကို ရှာချင်ရင် အဲဒီလို တဲတွေမှာ ရှာစရာ မလိုပါ။ ကေအိုင်အေ စစ်တပ် တိုင်းက အခိုင်အမာ ဆောက်ထားတာပါ။ ထင်သာ မြင်သာ ရှိလှပါတယ်။ မတွေ့စရာ အကြောင်းမရှိ။ အခုလို ဘာမှ မလုပ်ကိုင်တတ်တဲ့ အပြစ်မဲ့ ပြည်သူတွေကို ငြင်းပမ်း နှိပ်စက်ခြင်းဟာ ဥပဒေ မဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဗမာ စစ်တပ်မှာ ဥပဒေ ရှိပေမယ့် ဥပဒေ မလိုက်နာတာ ဥပဒေ မရှိတဲ့ အတိုင်းပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်