Wednesday, June 26, 2013

လာမည့် ၂၀၁၅ မှာ နိုင်ငံရေး ဇာတ်ခုံ ၃ ခုရှိလာမယ်။

(၁) လူပြိန်းကြိုက် နိုင်ငံရေးသမားတွေက - ဗမာလူထု အများ အကြိုက် အမျိုး၊ ဘာသာ၊ သာသနာ စောင့် တရားဟောပြီး ဗမာလူထုကြားမှာ အနိုင်ယူဖို့ ကြံမယ်။ တကယ်တော့ ဒီလိုလုပ်ခြင်းဟာ မြန်မာနိုင်ငံသားအားလုံးအတွက် ပုံရိပ်မကောင်းပါ။ လူ့အခွင့်အရေး နဲ့ လွတ်လပ်ခြင်းပျက်သုန်းပြီး လူတစ်စု ရဲ့ ခြိမ်းခြောက်ခြင်းကို အမြဲတစေ မလွဲမသွေ တွေ့လာရမဲ့ နိုင်ငံရေး ဇာတ်လမ်း ဖြစ်ပါတယ်။ တနိုင်ငံလုံး စီးပွါးဖွံ့ဖြိုးမှု နှေးကွေးမယ်။ ဒါပေမယ့် ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုတဲ့အတိုင်း ဒီလို တရားဟောတဲ့ နိုင်ငံရေး သမားကတော့ အမတ်ဖြစ်လာမယ်။
(၂) နိုင်ငံရေးသမား ပီသပြီး နိုင်ငံတကာ စံချိန် စံညွန်းအတိုင်း တိုင်းပြည် တိုးတက်ဖို့ အရေး ကြိုမြင်တဲ့ ဗမာအမတ်လောင်းများဟာ လူ့အခွင့်အရေးတွေ၊ တန်းတူ အခွင့်အရေးတွေ မဖြစ်မနေ ဆုတ်ကိုင်လာရတဲ့အခါမှာ ဗမာလူထုရဲ့ ညိုငြင်ခြင်းခံရမယ်။ နိုင်ငံတကာလို ခေတ်နဲ့အညီ တိုးတက်ချင်ရင် နိုင်ငံတကာ စံချိန် စံညွန်း ဥပဒေ တွေ သိဖို့လိုလာတာ သဘာဝ ပါ။ ခေတ်နောက်ပြန်ဆွဲတဲ့ သီအိုကရေစီ နိုင်ငံတွေလို အစွန်းရောက်မှုတွေ၊ အကြမ်းဖက်မှုတွေ ကင်းရှင်းရေးဟာ နိုင်ငံ့တိုးတက်မှု နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဒါကတော့ ဗမာလူထုမှာ အမြင်ကျယ်တဲ့ လူထု အချိုးအစား ဘယ်လောက်ရှိသလဲ ဆိုတဲ့ စိန်ခေါ်မှုတစ်ရပ်ပါ။

(၃) တိုင်းရင်းသား အမတ်များကတော့ ရှင်းတယ်။ တိုင်းရင်းသား တန်းတူ အရေး နဲ့ လူ့အခွင့်အရေး၊ ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချတဲ့ ဖက်ဒရယ် ဒီမိုကရေစီ အရေးတွေ မဖြစ်မနေ ဆုတ်ကိုင်ရမှာပါ။ တိုင်းရင်းသားတွေကတော့ သီအိုကရေစီ ကို ကြိုက်မှာ မဟုတ်။ ဒီတော့ ဗမာ လူထု နဲ့ အနီးစပ်ဆုံး စုံချက် ဘယ်နေရာ ရှိလာနိုင်သလဲ။ သိပ်ပြီး မမြင်ပါ။ ဗမာလူထုထဲက ဖက်ဒရယ် အကြောင်းများများသိလာပြီး ထောက်ခံမှုများလာရင် တိုင်းရင်းသားများရဲ့ တော်လှန်ရေးလဲ တဖြည်းဖြည်း လျှော့နည်းသွားမယ်။ လူ့အခွင့်အရေး နဲ့ တန်းတူ အခွင့်အရေး ဆိုတာ မြန်မာနိုင်ငံအတွက် ရေရှည်အကျိုးပါ။ လူများစု ဖြစ်တဲ့ ဗမာတွေက အမျိုးဘာသာ၊ သာသနာ ပျောက်မှာ ကြောက်နေရင် လူနည်းစု ဖြစ်တဲ့ တိုင်းရင်းသားတွေကော မကြောက်ရတော့ဘူးတဲ့လား။ အဲဒါကြောင့် တော်လှန်နေကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်