Sunday, June 9, 2013

လူ့အခွင့်အရေး နဲ့ နိုင်ငံ့တိုးတက်မှု ဆက်စပ်ခြင်း။

လူ့အခွင့်အရေးကို အရေးမကြီးဘူးလို့ မြန်မာတချို့ ပြောကြပါတယ်။ တဖက်မှာလဲ တိုးတက်ချင်နေတာ တပိုင်းကို သေလို့။ စင်ကာပူကိုလဲ အားကျ တယ်တဲ့။ တချို့က စင်ကာပူကို လူ့အခွင့်အရေး မရှိဘူး လို့ ပြောကြတယ်။ ဒါပေမယ့် အဲဒီလို ပြောနေတဲ့ လူကိုယ်တိုင်က မြန်မာမှာ မွေးကြီးလာပြီး စင်ကာပူမှာ နိုင်ငံသား ခံယူထားသူ ဖြစ်ချင် ဖြစ်နေတယ်။ သူ့ကိုယ်သူ စင်ကာပူရဲ့ လူ့အခွင့်အရေးကို ခံစားရသူအဖြင့်တောင် မသိဘူး ဖြစ်နေတယ်။

လူ့အခွင့်အရေး ဆိုတာ ဥပဒေ စိုးမိုးရေး ပါ။ စင်ကာပူ မှာ တင်းကြပ်တဲ့ ဥပဒေ တွေ ရှိတယ်။ ဥပမာ ဆေးလိပ်ကို နေရာတိုင်း သောက်လို့မရပါ။ အဲဒါကိုမှ လူ့အခွင့်အရေး မရှိဘူးလို့ နားလည်သလားတော့ မသိပါ။ အဲဒါက သူတို့ နိုင်ငံ့လွတ်တော်က တရားဝင် ထုတ်ပြန်ထားတဲ့ စည်းကမ်း ဖြစ်ပါတယ်။

တရားမ၀င် လာနေသူတွေကို ဖမ်းမိရင် ကြိမ်ဒဏ်ပေးတယ်။ အဲဒါလဲ သူတို့ ဥပဒေအရ တရားရုံးတွေမှာ စနစ်တကျ ကြားနာပြီးမှ အမိန့်ချမှတ်တာပါ။ လမ်းပေါ် တွေ့သမျှ နိုင်ငံခြားသားတွေကို လိုက်ရိုက်နေတာ မဟုတ်ဘူး။ အဲ.. တရားဝင်နေထိုင်တယ်၊ ဒါမှ မဟုတ် နိုင်ငံသား ဖြစ်နေတယ် ဆိုရင်တော့ လူမျိုး၊ ဘာသာ၊ မရွေး စင်ကာပူ ရဲတွေက အကာအကွယ်ပေးရပါတယ်။ စင်ကာပူ နိုင်ငံသားတိုင်းခံစားခွင့်ရှိတာ အကုန်ခံစားရပါတယ်။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကိုယ့်အရည်အချင်းအလိုက် လုပ်ငန်းကိုင်ငန်းကိစ္စ၊ အစိုးရ ၀န်ထမ်း၊ စသည်ဖြင့်ပေါ့။ နိုင်ငံရေးမှာ တရုတ်တွေကို တိုးလို့မရဘူး ပြောလိမ့်မယ်။ အဲဒါက နိုင်ငံရေး၊ စီးပွါးရေး ဆိုတာ သူ့အသိုင်းအ၀ိုင်း နဲ့ သူ အနည်းနဲ့ အများတော့ ၀န်ဆံ့လွယ်တာ၊ ခက်တာ ရှိတတ်တာ သဘာဝ ပါ။္ဒဒါပေမယ့် မြန်မာနိုင်ငံမှာလို ဗုဒ္ဓဘာသာ ဖြစ်မှ ဆိုတာမျိုးတော့ မရှိဘူး။


နိုင်ငံတကာ စီးပွါးရေး ရင်းနှီးမြုပ်နှံသူတွေဟာ အဲဒီ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး နဲ့ လူ့အခွင့်အရေး ကိုတိုင်းတာပြီး ရေတို၊ ရေရှည် လုပ်ငန်းဆုံးဖြတ်လေ့ ရှိပါတယ်။ နိုင်ငံတနိုင်ငံမှာ အကျိုးဖြစ်ထွန်းမဲ့ နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြုပ်နှံသူတွေဟာ ရေရှည်ကို ကြည့်တယ်။ သူတို့အတွက်ကတော့ လူ့အခွင့်အရေး ဆိုတာ အရေးကြီးလာတယ်။ သူတို့ ပိုင်ဆိုင်မှုတွေအတွက် အာမခံချက်တွေ၊ နိုင်ငံသားတွေရဲ့ နိုင်ငံခြားသားအပေါ် ဆက်ဆံမှု၊ စိတ်ဓါတ် အခြေခံ၊ စတာတွေပါ။ ဥပမာ... နိုင်ငံခြားသားတွေကို ဗီဇာ ထုတ်ပေးပြီး ဟော်တယ်မှာပဲ တည်းရမယ်၊ ပုဂ္ဂလိကအိမ်တွေမှာ နေခွင့်မရှိ ဆိုတာမျိုး။ တကယ်တော့ သူ့ဟာသူ အိမ်ငှားနေချင် နေလို့ရမယ်၊ မိတ်ဆွေအိမ်မှာ နေချင် နေမယ်။ အဲဒါက သူ့အခွင့်အရေး ပါ။ အဓိက က နိုင်ငံအထဲမှာ နေထိုင်ခွင့် ဗီဇာ ပါ။ မလေးရှား နဲ့ ထိုင်းနိုင်ငံမှာသာ မြန်မာ့ ဥပဒေ လို ထုတ်ထားရင်တော့ မြန်မာတွေ အိမ်ငှားခွင့်မရှိလို့ တော်တော် ဒုက္ခရောက်မယ်။ အဲဒါတွေ ကွာလို့လဲ သူတို့နဲ့ မြန်မာနိုင်ငံအခြေအနေ ကွာနေတာ မလား။

ဒါမှ မဟုတ်ရင်တော့ လူ့အခွင့်အရေးကို ဂရုစိုက်စရာ မလိုတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးပဲ ၀င်လာမယ်။ အဲဒါက ရေတိုအကျိုးဖြစ်ပြီး နိုင်ငံနဲ့ လူမျိုးအတွက် ပညာမတိုးတဲ့ လုပ်ငန်းမျိုး။ အထည်ချုပ်လုပ်ငန်း၊ သဘာဝ သယံဇာတ ထုတ်လုပ်ရေးလုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်း၊ သူများနိုင်ငံက ထုတ်ကုန်တွေ လာရောင်းမဲ့ ပွဲစားကုမ္မဏီများ၊ နိုင်ငံရပ်ခြားက တိုက်ရိုက်ကွပ်ကဲတဲ့ အိုင်တီလုပ်ငန်း တွေပါ။

တိုးတက်ချင်ရင်၊ တိုးတက်သင့်တဲ့ စိတ်ဓါတ်အခြေခံလေးတော့ ရှိဖို့လိုပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်