Thursday, October 17, 2013

လက်ရှိစစ်တပ်ကသာ ကြားနေမည် ဆိုလျှင် သမိုင်းအမှန်ပေါ်ပေါက်စေရန် ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းလိုသည်ဟု ဦးခင်ညွန့်မှ ပြောကြား

လက်ရှိစစ်တပ်ကသာ ကြားနေမည် ဆိုလျှင် သမိုင်းအမှန်ပေါ်ပေါက်စေရန် ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းလိုသည်ဟု ဦးခင်ညွန့်မှ ပြောကြား ၁၉၈၈ ကနေ ၂၀၁၀ အထိ မြန်မာနိုင်ငံ သမိုင်းကို အမှန်သိစေရန် မျက်နှာချင်းဆိုင် ဖြေရှင်းမှုများ ပြုလုပ်ရန် လိုအပ်ဟု ဦးခင်ညွန့်မှပြောကြားလိုက်ပါတယ် ၊ အမိုင်းအမှန်ပေါ်ပေါက်ဖို့အတွက် လက်ရှိစစ်တပ်ကိုယ်တိုင်က လိုလိုလားလားရှိရမှာဖြစ်ပြီး တိတိကျကျကြားနေဖို့လည်း အထူးလိုအပ်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။

 မြန်မာပြည်အပေါ် စေတနာထားကြတဲ့ အငြိမ်းစား ပြန်တမ်းဝင်အရာရှိတွေ အများအပြားရှိကြပါတယ် ၊ သူတို့က အသက်အရွယ်အရရော အတွေ့အကြုံအရပါ မြန်မာနိုင်ငံကြီးကို အမှား သံသရာထဲ ဆက်ပြီးမျော နေတာကို မမြင်လိုကြတော့ပါဘူး လို့လည်း သူကပြောကြားခဲ့ပါတယ် အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်မည်ဆိုပါက အနာဟောင်းအနာဆွေးများ ဖြစ်နေသော သမိုင်းဆိုင်ရာ အချက်အလက်အမှားများကို ဦးသန်းရွှေ နှင့် မျက်နှာချင်းဆိုင် ဖြေရှင်းသွားချင်တယ်ဟုလည်း ပြောကြားခဲ့ပါတယ်။
 အဘက သူမျက်နှာမလွှဲခင် မြန်မာပြည်ကို သမိုင်းအမှားတွေကြားမှာ မနစ်မွန်းခဲ့စေချင်ဘူးလို့ ခဏခဏပြောဖူးပါတယ် ၊ ဦးနေဝင်း နဲ့ ဦးအောင်ကြီးတို့ သမဂ္ဂအဆောက်အဦးကြီးကို ဒိုင်းနမိုက်တွေနဲ့ ခွဲခဲ့တဲ့ ကိစ္စကလည်း တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုး အပြစ်ပုံချပြီး ဒီအတိုင်းပဲ တို့လို့တန်းလန်း ဖြစ်နေတာပဲလေ ၊ အမှန်က ဦးနေဝင်း နဲ့ ဦးအောင်ကြီး နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့ပြီး ရှင်းတာမျိုးလုပ်ခဲ့ရမှာ ၊ ကျနော်က ဒီဥပမာကိုပေးရတာက ဒါက နိုင်ငံရေးစိတ်ဝင်စားတဲ့သူတိုင်း သိထားတဲ့ ဥပမာဖြစ်နေလို့ပါ ၊ တပ်ထဲမှာလဲ တချို့အဖြစ်အပျက်တွေက ဟိုလူလုပ်တာလိုလိ ဒီလူလုပ်တာလိုလို နဲ့ အမှန်မသိရပဲ ရှုပ်ထွေးနေတာမျိုးရှိနေတယ်လေ ၊ အဲဒါတွေလည်း အချိန်မှီ မျက်နှာချင်းဆိုင်ဖြေရှင်းဖို့လိုတယ် ၊ အနည်းဆုံးတော့ ကိုယ်လုပ်ခဲ့တာကို ကိုယ်လုပ်ပါတယ်လို့ ပြောရဲရမှာပေါ့ ၊ ဒီလိုမပြောရဲပဲ ဟိုလူလုပ်တာလိုလို ဒီလူလုပ်တာလိုလို ကောလဟာလလွှင့် လွှဲချခဲ့တာတွေ ရှိလို့ အခုအချိန်အထိ သမိုင်းအမှန်မပေါ်နိုင်ပဲ ရှုပ်ထွေးမှုတွေဖြစ်နေတာပေါ့ ၊ လက်ရှိစစ်တပ်က ဒီနေရာမှာ လုံးဝ အတိအကျ ကြားနေပေးရမှာလေ ၊ စစ်တပ်ကိုယ်တိုင်က ကျောသားရင်သားမခွဲခြားပဲ ကြားနေရမှာ ၊ ဒါက လူသားတမျိုးနွယ်လုံးနဲ့ဆိုင်တဲ့ သမိုင်းလေ ၊ စစ်တပ်ကိုယ်တိုင်က သမိုင်းအမှန်ကို ချစ်တတ်ရမယ့် အခြေအနေမှာ ရှိနေရမှာလေ။

 ဗိုလ်ချုပ်မှူးကြီးစောမောင် ဓါတ်ပုံကို မချိတ်ဖို့ ညွှန်ကြားထားတာတွေကို ကျနော်တို့လည်း သိရပါတယ် ၊ စိတ်မကောင်းပါဘူး ၊ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ စစ်သားကောင်းကြီးပါ ၊ သမိုင်းအမှန်ပေါ်ပေါက်စေချင်ပါတယ် ၊ ကျနော်တို့လည်း အသက်တွေကြီးနေကြပါပြီ ၊ ကျနော်တို့မှာလည်း ရင်ဖွင့်စရာတွေရှိပါတယ် ၊ ကျနော်တို့လိုပါပဲ ၊ အငြိမ်းစာယူသွားတဲ့ အရပ်ဖက် စစ်ဖက် ပြန်တမ်းဝင် အရာရှိတွေမှာလည်း လူမသိ သူမသိ ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်တွေကို ရင်ဖွင့်ချင်တဲ့သူတွေ အများကြီးရှိနေပါတယ် ၊ တစ်ခုတော့ရှိတယ် ၊ ကျနော်တို့ အမှန်ကို ရင်ဖွင့်ပြောဆိုတာ နဲ့ ပတ်သတ်လို့ ပြည်သူကို အတားအဆီးမရှိ တိုက်ရိုက် တင်ပြတာမျိုးဖြစ်ရမယ်လေ။

 စစ်တပ်ကကြားနေရုံတင်မက သတင်းထုတ်လွှင့်မှုအပိုင်းမှာ တိုက်ရိုက်ဖြစ်နေရမယ် ၊ ဟုတ်ကဲ့ ၊ အဘဦးခင်ညွန့်က ဦးသန်းရွှေ နဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းချင်နေတာခင်ဗျ ၊ တကယ်ဆို အဘရော ဦးသန်းရွှေပါ စစ်တပ်နဲ့ ဘာမှ မဆိုင်တဲ့သူတွေဖြစ်နေကြပြီလေ ၊ စစ်တပ်ထဲမှာ ကြားနေပြီး သမိုင်းအမှန်ကို ချစ်တတ်တဲ့သူတွေ ရှိလာတဲ့ အချိန်မှာ ဒါမျိုးဖြစ်နိုင်ပါတယ် ၊ ဒါကလည်း သိပ်ဝေးတော့မယ် မထင်ပါဘူး ၊ ကျနော်လည်း အဲဒီလို မျက်နှာချင်းဆိုင် ဖြေရှင်းတာမျီုးဖြစ်စေချင်ပါတယ် ၊ ကျနော်တို့ ထောက်လှမ်းရေးအဖွဲ့ မလုပ်ပဲနဲ့ လုပ်ခဲ့ပါတယ် လို့ ခေါင်းခံထားရတဲ့ ကိစ္စတွေ အများကြီးရှိတယ်လေ ၊ ကျနော်တို့လုပ်သွားသလိုလို နဲ့ ထင်ယောင်ထင်မှာ ဖြစ်နေတဲ့ ကိစ္စတွေကလည်း တပုံကြီးရှိသေးတယ် ၊ ၂၀၁၅ မတိုင်မီမှာ အဘဦးခင်ညွန့်နဲ့ ဦးသန်းရွှေ နဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းတာမျိုးဖြစ်ရင်တော့ အားလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်တာပါပဲ။

 အဘက သူ့လုပ်ရပ်တွေ အတွက် သူတာဝန်ယူဖို့ အသင့်ရှိတဲ့သူတွေပါ ၊ အဲဒီအချိန်အဲဒီအခါက အထက်ကပေးလာတဲ့ အမိန့်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာချည်းပါပဲ ၊ ကျနော်တို့ စစ်တပ်ရဲ့ ဖွဲ့စည်းပုံမှာက အမိန့်ကို လွန်ဆန်လို့ မရဘူးလေ ၊ ကျနော်တို့ အဖွဲ့ကို ဖျက်သိမ်းပြီး အားလုံးကို ဖမ်းတယ်ဆိုတုန်းကလည်း ကျနော်တို့ ဘာမှ စောဒက မတက်ခဲ့ဘူးလေ ၊ ဒီအတိုင်း အဖမ်းခံခဲ့ကြတာပဲ မဟုတ်လား ၊ ဒီကနေ့အချိန်မှာ အဘက သူလုပ်ခဲ့တာတွေကို ပြည်သူတွေကို ရှင်းပြချင်နေတဲ့သူပါ ၊ မြန်မာပြည်ကြိးကိုလည်း ဆင်းရဲတွင်းနက်နေတဲ့ သံသရာက ရုန်းထွက်စေချင်နေပါတယ် ၊ အာလုံးကို ရှင်းပြပြီး တဲ့နောက် သူ့လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အတွက် ပြည်သူက သူ့ကို ကြိုးပေးရင် အဘက ကြိုးစင်ပေါ် ရဲရဲတက်ပြီး ကြိုးပေးခံဝံ့တဲ့လူစားမျိုးပါ ၊ ဟုတ်ပါတယ် ၊ ဒီစကားက အဘပြောခဲ့တဲ့စကားပါ ၊ အဘနဲ့ ဗိုလ်ရွှေမန်းရယ် ဗိုလ်မြင့်ဆွေရယ် ဆရာတော်တွေကို သွားကန်တော့ တုန်းက ဗိုလ်ရွှေမန်းနဲ့ဗိုလ်မြင့်ဆွေကို အဘပြောခဲ့တဲ့စကားပါ ၊ အင်တာဗျူးမှ အချက်အလက်များဖြစ်ပါသည် ၊ —

(ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း အောင်လင်းထွဠ် ရဲ့ ဘလောဒ့်မှ ကူးယူတင်ပြပါသည်။)
http://aunglynnhtut.blogspot.dk/2013/10/blog-post_16.html

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်