Thursday, October 3, 2013

အင်ခါဂါး သို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်သွားရောက် ကူညီ

အင်ခါဂါး ဆိုတဲ့ မချမ်းဘောမြို့အောက် နားမှ အရင်က ကေအိုင်အေ ထိန်းချုပ်နေရာ ဖြစ်ပြီး အခု ဗမာ စစ်တပ် သိမ်းထားသော (ဗိုလ် ဇော်မျိုးထက်ကျသော)၊ နုန်လုံမီ (ကချင်မျိုးနွယ်စု၊ ရ၀မ်အနွယ်ဝင်) လူမျိုးများနေထိုင်ရာ ဒေသ သို့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ သွားရောက် ကူညီခဲ့ကြောင်း သိရပါတယ်။





အခုလို သွားရောက်ကူညီနိုင်တာဟာ မြောက်ပိုင်းတိုင်း တိုင်းမှူးရဲ့ အကူအညီ နဲ့ ဖြစ်ပြီး နယ်မြေခံ ဗျူဟာမှူး၊ အင်ခါဂါးမှာ တပ်စွဲထားသော ခလရ ၁၃၇၊ ၁၃၈ တပ်ရင်းမှူးများလဲ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြကြောင်း သိရပါတယ်။ ပူတာအိုမှ ကြံ့ခိုင်ရေး အဖွဲ့၊ စရဖ၊ နယ်ခံ ပြည်သူ့စစ်ခေါင်းဆောင်များ၊ ရဲထောက်လှမ်းရေး များ လိုက်ပါလာကြောင်း သိရပါတယ်။

နယ်မြေခံ တပ် အရာရှိများ ကိုယ်တိုင် စီစဉ်ပေးမှုဖြင့် ဒေသခံများကို တွေ့စုံမှု အစီအစဉ်ကျင်းပရာဝယ်၊ တပ်အရာရှိများရှေ့မောက်မှာ ဒေသခံများကို မေးခွန်းများ မေးခဲ့ကြောင်း၊ စစ်တပ်မှ မည်သို့ နှိပ်စက်ခဲ့သလဲလို့ မေးခဲ့ကြောင်း၊ အထူးသဖြင့် ရွာက သင်းအုပ်ဆရာ ကို နှိပ်စက်ခဲ့မှုအပေါ် မေးခွန်းများ မေးခဲ့ကြောင်း၊ သို့သော် ရွာသားများမှာ စကားတခွန်းမှ မဟပဲ ငါးမိနစ်မျှ အားလုံးငြိမ်သက်သွားကြောင်း၊ ကြောက်ရွံ့စိတ်တွေနဲ့ တွေ့ရကြောင်း၊ တချို့မှာ ဟောင်းနွမ်းနေတဲ့ အ၀တ်အစားတွေမှာ မျက်ရည်ခိုးသုတ်လျှက် ငိုနေကြောင်း သိရပါတယ်။

အနားမှာ ရှိနေတဲ့ တပ်အရာရှိကို မေးသော်၊ အစပိုင်းမှာ စစ်ဆေးမှု အနဲငယ်ရှိခဲ့ကြောင်း၊ သူ့ဆီမှာ တူမီးသေနတ် တစ်လက်တွေ့သောကြောင့် စစ်ဆေးခဲ့တာ ဖြစ်ကြောင်း ပြောလာကြောင်း သိရပါတယ်။ တူမီး သေနတ် ဆိုတာ ကချင်ရွာတိုင်းမှာ အရပ်သားတိုင်း ကိုင်တဲ့ တောလိုက် သေနတ် ပဲ ဖြစ်ပါတယ်။

ကွယ်ရာမှာ ရွာသားများ ပြောပြချက်ကတော့ သင်းအုပ်ဆရာ Rev. Ram Mai နဲ့ ရွာသား ၈ ယောက် ကို လေးရက်လုံးလုံး ချည်ထားပြီး ရိုက်လိုက်၊ ကန်ကျောက်လိုက်၊ သံလုံးနဲ့ ခြေတလုံးကို လိမ့်ပေးလိုက်၊ ပြောင်းပြန်ချည်ထားလိုက် လုပ်ခဲ့ကြောင်း၊ ရွာသားများကို အမျိုးသားသပ်သပ်၊ အမျိုးသမီးသပ်သပ် အိမ်တလုံးစီမှာ ပြွတ်သိပ်ပြီး နှစ်ပတ်လောက်ထားကြောင်း၊ သိရပါတယ်။ သင်းထောက်ဆရာ Hkaw Duk နဲ့ ဦး Yunghka Hkyen ဆိုသူ နှစ်ယောက်ကိုတော့ ဗမာ စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုထိ ပြန်မတွေ့တော့ကြောင်း၊ စစ်တပ်ထဲမှ ရ၀မ် အမျိုးသားချင်း တဆင့်စကားအရ နှိပ်စက် သတ်လိုက်ကြောင်း သိရပါတယ်။



ပူတာအိုသို့ ပြန်မည့်နေ့တွင် အဆိုပါ နှိပ်စက်ခံရသော သင်းအုပ်ဆရာ နဲ့ ရွာသား ၁၄ ယောက် ကို ဆေးကုသ ရန် ပူတာအို သို့ တပါထဲ ခေါ်သွားချင်ကြောင်း နယ်မြေခံ တပ်အရာရှိကို ခွင့်တောင်းရာ ပူတာအိုမှ ဗျူဟာမှူးထံ ကြေးနန်းဆက်သွယ်အကြောင်း ကြားပြီး၊ လောလောဆယ် စက်လှေ မဆန့်တဲ့ အတွက်မနက်ဖန်မှ ထည့်ပေးမည် ဖြစ်ကြောင်း ပြောလာတယ် လို့ ဆိုပါတယ်။
သို့သော်၊ ရေလမ်း လမ်းခုလတ်တွင် အဲဒီ ဒေသမှ ရွာသား အယောက် ၄၀ လောက် စောင့်ကြိုနေပြီး ပူတာအိုသို့ လိုက်သွားချင်ကြောင်း ပြောလာတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် စက်လှေမဆန့်တာကြောင်း ၂၁ ယောက်ကိုပဲ ခေါ်လာခဲ့နိုင်ကြောင်း သိရပါတယ်။ ရွာမှာလဲ အိမ်တိုင်းမှာ စစ်သားများ ပြွတ်သိပ်နေပြီး၊ KBC ဆရာများ ရောက်လာမှ အားလုံးကို တောထဲသို့ နေရာချထားကြောင်း သိရပါတယ်။

မူရင်းသတင်း http://www.kbckachin.com/Page/nhka%20ga.html

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်