Friday, September 13, 2013

ဗိုလ်ဇော်မျိုးထက် ကျတဲ့ နောက်ကွယ် ဖြစ်ရပ်အမှန်များ...


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း ကေအိုအေ တပ်မဟာ (၁) လက်အောက် ကေအိုအေ တပ်ရင်း (၇) ဒေသဖြစ်သော ပူတာအိုခရိုင် အင်ခဂါးကျေးရွာအထက်တွင် အခြေစိုက်တပ်စွဲထားသော ကေအိုင်အေ အမှတ် (၂) ပြည်သူ့စစ်တပ်ရင်မှ ဗိုလ်ကြီး ပခေါင်တန်ခမ့် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁၂) ဦးနှင့် ပူတာအိုတွင် တပ်ရင်းထိုင်သော ဗမာအစိုးရစစ်တပ် ခလရ (၁၃၇) တပ်ဖွဲ့နှင့် တန်ဂူးတန်တပ်ဖွဲ့များပူပေါင်းပါဝင်သော အင်အား (၂၀၀) ခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်များသည် ကေအိုင်အေများ တပ်စွဲထားသော အင်ခဂါး ဘက်သို့ ထိုးစစ်ဆင် ရောက်ရှိလာသောကြောင့် ယခုလိုတိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ ဗိုလ်ကြီးဇော်မျိုးထက် နှင့် တပ်သား (၃) ယောက် သေဆုံးကြောင်းနှင့် ကေအိုင်အေဘက်မှလည်း တပ်သား တစ်ဦး ကျဆုံး သွားကြောင်း သိရှိရပါသည်။
လူအင်အားမမျှ သောကြောင့် ကေအိုင်အေ စခန်းကို လက်လွတ်လိုက်ရကြောင်းလဲ သိရပါသည်။

“သူတို့က လူများတော့ ဒီတိုင်း မကြောက်မကန်း ပြေးတက်လာတယ်... ကျနော်တို့ကို အထင်သေးတာလဲ ပါတာပေါ့။ ကျနော်တို့လဲ ကျည်ဆန်ရှိသလောက်နဲ့ ပစ်တာပဲ... နောက်ဆုံး ဘယ်လိုမှ မတောင့်ခံနိုင်တဲ့ အဆုံး ကျည်မကုန်ခင် ဆုတ်လိုက်ရတယ်။” ဟု အဆိုပါ တိုက်ပွဲတွင်ပါဝင်ခဲ့သူ စစ်သား ကေအိုင်အေ စစ်သား တစ်ယောက် ပြောလာသည်။

“အင်ခဂါး ကျေးရွာက ရွာလူကြီးကိုတော့ ပူတာအိုဖက် စက်လှေနဲ့ ခေါ်သွားတယ်လို့ ကြားတယ်... ရစရာမရှိအောင်လဲရိုက်ထားတယ်တဲ့... ရွာသား အားလုံးတော့ အရိုက်ခံရတယ်လို့ကြားတာပဲ... မိန်းကလေးတွေဆို ရစရာကို မရှိတော့ဘူး.... သူတို့ စစ်ဗိုလ်ကျသွားတော့ ပိုဆိုးတာပေါ့...” ဟု ဆက်ပြောလာသည်။

သြဂုတ်လ ၂၈ ရက်နေမှ ထိုးစစ်ဆင်ခြင်း ဖြစ်ပြီး သြဂုတ်လ ၃၀ ရက်နေ့တွင် အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်သည်။ နောက် တစ်ပတ်လောက်ကြာမှ ဗမာစစ်သား ဖစ်ဘွတ်အကောင့်များမှ တညီတညွတ်ထဲ ၀ါဒဖြန့်လာသည်။ အဲဒါကတော့ ဗိုလ် ဇော်မျိုးထက် အဖမ်းခံရပြီး ရက်ရက်စက်စက် အသတ်ခံရကြောင်း၊ အဖမ်းခံရသူ တပ်သားများရှေ့မှာ သတ်တာ ဖြစ်ကြောင်း၊ အဲဒီ တပ်သားအားလုံးလဲ အသတ်ခံရကြောင်း၊ စသည်ဖြင့် ၀ါဒဖြန့်လာသည်။

အဖမ်းခံရသူ အားလုံး ရက်ရက်စက်စက် အသတ်ခံရတယ် လို့ပြောထားသော်လည်း သတ်နည်း အသေးစိတ်ကို ဘယ်သူက ပြောပြသလဲ ဆိုတာ မရှင်းလင်းပါ။

သို့သော်လဲ ဆင်ခြင်ဥာဏ်နည်းပါးသော လူငယ်များမှာ ယုံလွယ်ပြီး ကေအိုင်အေ ကို အမုန်းပွါးလာနိုင်ကြောင်း အကဲခတ်သူများက ပြောလာသည်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်