Sunday, August 25, 2013

စနစ်အရင်ပြောင်းပါ။ လူကောင်းတွေ နေရာရလာမယ်။

မြန်မာ့ အပြောင်းအလဲ နဲ့ ပတ်သက်ပြီး ပြောကြဆိုကြတဲ့အထဲမှာ လူတော်တော်များများက လူကို အသားပေး ပြောကြတာ တွေ့ရပါတယ်။

နောက်ပြီး အစိုးရ၀န်ထမ်းတွေရဲ့ အကျင့်ပျက်ချစားမှု နဲ့ ပတ်သက်ပြီး သြဂုတ်လ ၁၇ ရက်နေ့ ဘီဘီစီ ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပညာရှင်တွေကအစ လူတွေရဲ့ အကျင့်သီလ ကို ဦးစားပေး ပြောကြတာတွေ့ရပြန်တယ်။ အကျင့်သီလကောင်းဖို့ အရေးကြီးတယ်ပေါ့။

ဒူဝါ အနေနဲ့ မြင်မိတာက စနစ် ကို အရင် ကောင်းအောင် လုပ်ရမှာပါ။ မြန်မာနိုင်ငံသားတွေ အကျင့်ပျက်လာရတာဟာ စနစ်မကောင်းရာက အစပြုလာရတာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားရောက်သွားတဲ့ ရွှေမြန်မာတွေ အစပိုင်းမှာ အဲဒီ အကျင့်က်ဆိုးတွေကပ်ပါလာတာ ရှိတယ်။ ဒါပေမယ့် အချိန်ကြလာတာနဲ့အမျှ ရောက်ရာအရပ်က စနစ်ကောင်းရဲ့ လောင်းရိပ်အောက်က အကျင့်ကောင်းတွေ ပြန်ရလာတယ်။

ဥပမာ ဂျပန်ရောက်တဲ့ မြန်မာတစ်ယောက်က ရောက်ခါစ အမှိုက်ဘယ်လို ပစ်ရမလဲ ဆိုတာ ဒုက္ခတစ်ခု ဖြစ်တယ်။ မြန်မာပြည်မှာလို ပစ်ချင်တိုင်း ပစ်လိုက်ချင်တာ။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ အဆုံးအမ တွေကြောင့် အမှိုက်ပစ်ပုံ ပစ်နည်းတွေတတ်လာတယ်  ကြာလာတော့ အကျင့်ကောင်းရသွားတယ်။ ဂျပန် နိုင်ငံသားတွေ အမှိုက်ပစ်ပုံ နည်းစနစ်တွေက တစ်နယ် နဲ့ တစ်နယ် မတူဘူး၊ အဲဒါတွေအားလုံးက သက်ဆိုင်ရာ နယ်အစိုးရ ရဲ့ စီမံ အုပ်ချုပ်မှု စနစ် အောက်မှာ စနစ်တကျ ဖြစ်လာရခြင်း ဖြစ်တယ်။ ဂျပန်လူမျိုးတိုင်းက စိတ်သဘောထားခြင်းတူလို့ မဟုတ်ဘူး။

အကျင့်ပျက်ခြစားမှု ကို တိုက်ဖျက်တဲ့ အကောင်းဆုံး၊ အထိရောက်ဆုံး နိုင်ငံရေး သီအိုရီ ကတော့ ဗဟိုက အောက်ကို ချမှတ်တဲ့ အုပ်ချုပ်ပုံစနစ်ကနေ (Top-down Administration system) ကနေ အောက်ခြေက ထိပ်ဆုံး ကို တက်လာတဲ့ အုပ်ချုပ်ပုံ စနစ် (Bottom-up Administration system) အရင် ပြောင်းဖို့ လိုပါတယ်။ အဲဒါကို ဗဟိုချုပ်ကိုင်မှု စနစ် လျှော့ချခြင်း (Decentralization) လို့လဲ ခေါ်တယ်။

အပေါ်ကဆင်းလာတဲ့ နိုင်ငံရေး အာဏာစနစ်မှာ အထက်ဖါးအောက်ဖိ စနစ်ပဲ ရတတ်တယ်။ ဒီတော့ လူကောင်းတွေ နေရာ မရပဲ၊ အထက်ကိုပဲ ဖါးတတ်ပြီး အောက်ခြေမှာ လုပ်ချင်ရာ လုပ်တတ်တဲ့ လူညစ်တွေ နေရာရလာတယ်။ ပြဿနာက အဲဒီမှာ စလာတာပဲ။ အောက်ခြေက အဆင့်ဆင့်တက်လာတဲ့ နိုင်ငံရေး အာဏာစနစ်မှာတော့ တကယ်ထူးချွန်တဲ့ လူကောင်းတွေ နေရာရတတ်ပါတယ်။ ရပ်ရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို နယ်ခံတွေက စိတ်ကြိုက် မဲစနစ်နဲ့ ခန့်ရမှာပါ။ အပေါ်က စိတ်ကြိုက်လူ မဖြစ်ရပါဘူး။

သမ္မတ ဦးသိန်းစိန် က Good governance, clean governance လို့ ပြောလာတာ ၂ နှစ်တောင် ကျော်လာပါပြီ၊ ဒုံရင်းက ဒုံရင်း ဖြစ်နေတာတွေ့ရမှာပါ။ အကြောင်းကတော့ စနစ် မပြောင်းပဲ လူနေရာ ပြောင်းသွားတာပဲ ရှိလို့ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေ ကို စနစ်ပြောင်းပြီ လို့ တချို့ပြောကြတယ်။ တကယ်တော့ အရင်က အာဏာရှင် တွေနဲ့ အာဏာဆင်းသက်ပုံစနစ် သဘောတရားအရ အတူတူ ပါပဲ။

စနစ် အရင် ပြောင်းပါ။ လူတွေဟာ စနစ်ကောင်းအောက်မှာ အလိုလို ကောင်းလာတတ်ကြပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်