Thursday, November 8, 2012

ကချင်တွေ ဘာလို့လက်နက်ကိုင် တော်လှန်လဲ ?

အခုတလော KIA ငြိမ်းချမ်းရေး ISSUE က တော်တော် Hot နေတာ သတိထားမိတယ်.. ဒီနေ့ ဇွန်လ ၉ ရက် ဆိုရင် ဗမာ စစ်တပ် ထိုးစစ်ဆင်တာကို KIA ခုခံနေတာ တစ်နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်သည်။

အချို့က KIA ကို လွတ်တော် နိုင်ငံရေး ကို လက်ခံလိုက်ပါ ပြီးတော့ လွတ်တော်ထဲ ၀င်ပါလား လို့ ပြောကြပါတယ်.. ဒီတော့ ဖြစ်ပျက်ခဲ့တာလေး နည်းနည်း ပြန်နွေးလိုက်တာပေါ့...



KIO ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေးအတွက် တောက်လျှောက် ညီလာခံ တက်ခဲ့တယ်... မြန်မာ နိုင်ငံသား အားလုံးအတွက် အကြုံးဝင်မဲ့ ဒီမိုကရေစီ လမ်းစဉ် အချက် ၁၉ ချက် ကို လဲ တင်ပြခဲ့တယ်၊ (KIO 19 Points Proposal:) သို့သော် .. မှတ်တမ်းတင်ထားပေးမယ် ဆိုတာနဲ့ပဲ ဖယ်ထားခံခဲ့ရတဲ့ အပြင်... မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက " တောင်ပေါ်ကို ပြန် ကန်ထုတ်ခံရမယ်" လို့တောင် ခြိမ်းခြောက်လိုက်သေး ဆိုပဲ (Burma at Crossroads:)  KIO ခေါင်းဆောင်တွေဟာ ဗမာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့တိုင်း ကြုံရင် ကြုံသလို တမျိုး၊ တရားဝင်နည်းလမ်းကတဖုံ၊ မြန်မာ့ နိုင်ငံရေးမှာ ကချင်လူမျိုးများ ရဲ့ အခန်းကဏ္ဍ အကြောင်းပြောတိုင်း .... ကျနော်တို့က စစ်သား.. နောင်တက်လာမဲ့ အရပ်သား အစိုးရနဲ့ နိုင်ငံရေး စကားပြောကြပါ.. လို့ပဲ စကားလွဲတတ်ကျတယ်တဲ့လေ.... ဒီတော့ ယောက်ျား စကားပဲ ... တက်လာမဲ့ အစိုးရလွတ်တော် မှာ ပါဝင်နိုင်ရေး ကြိုးစားတဲ့ အနေနဲ့ KSPP (Kachin State Progressive Party: ) မှာ KIO ခေါင်းဆောင် တချို့ မိခင်အဖွဲအစည်းက တရားဝင် နုတ်ထွက်ပြီး ပါတီဝင်တယ်..... အဲဒီပါတီ က မှတ်ပုံတင် ကျမလာ။ ... ဘာပဲဖြစ်ဖြစ် အစိုးရဖွဲ့ရင်တော့ တခုခုတော့ ထူးခြားမှာပဲ ဆိုပြီး၊ တက်လာတဲ့ အစိုးရ နဲ့ နိုင်ငံရေး စကားပြောဖို့ KIO စောင့်နေရင်းနဲ့ပဲ အခုလို ထိုးစစ်ဆင်တာ ခံလိုက်ရတာပါပဲ....

ထိုးစစ်ဆင်တာကို တာလီမြစ် ရေအားလျှပ်စစ် ကြောင့်ရယ်လို့ အများက ထင်ကြတယ်... စစ်အစိုးရ က အရင်ကတည်းက KIA ကို အမြစ်ပျက် ချေမုန်းဖို့ပဲ... ဒီတော့ KIA ကို နယ်ခြားစောင့်တပ် (Boarder Guard Force) ပြောင်း ဖို့ အတင်း အဓမ္မ ကချင်လူမျိုးတွေရဲ့ ဆန္ဒ မပါပဲ တွန်းပို့တယ်၊ (The Kachins' Dilemma:) . ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ထိ ခဏဏ ကြားခဲ့ရတဲ့ ဗမာ စစ်တပ်ရဲ့ ရာဇသံ (BGF Deadline) ကို နိုင်ငံရေး လေ့လာတဲ့ လူ အားလုံး ကြားမိပါလိမ့်မယ်။ ဟိုးအရင့်အရင် ကတည်းကလဲ ကြားလဲမကြားဘူး၊ ကြိုလဲပြောမထားတဲ့ BGF အစီအစဉ်က (ဘဘ ကြီးရဲ့ စေတနာ ဆိုပြီးလာပေးတဲ့ BGF အစီအစဉ် ) KIO ခေါင်းဆောင်များလဲ ဘာလုပ်ရမှန်းမသိ၊ စစ်လဲ ပြန်မတိုက်ချင်။ သူတို့ စိတ်ကူးထားတာတော့ လွတ်တော်နိုင်ငံရေး နဲ့ တဖြည်းဖြည်းချင်း အခြေခံ ဥပဒေ ပြင်ပြီး စိတ်ချရတဲ့အချိန် လက်နက် အားလုံးအပ်လိုက်မယ်... အခုတော့ ဘာမှန်းမသိ ညာမှန်းမသိ BGF လုပ်ပါဆိုတော့.. ကချင် နိုင်ငံရေး အတိုင်ပင်ခံ အစည်းအဝေး ချက်ချင်း ကျင်းပရတယ်... BGF လက်ခံမလား ဆိုတော့.. ကချင်ပြည်သူတွေ၊ အထူးသဖြင့် လူငယ်တွေက ခါးခါးသီးသီး ငြင်းကြပါလေရော (Kachins vow to resist Junta pressure:), (Burma: Kachin People reject ceasefire without political talks).... မင်းတို့ ခေါင်းဆောင်ပိုင်း မြို့ပေါ်မှာ တိုက်တာ အဆောက်အအုံ နဲ့ ချမ်းချမ်းသာသာ ဇိန်ရှိရှိ နေ နေတာကို နှမျောရင် နုတ်ထွက်ကြ... လူငယ်တွေ ဆက်လုပ်မယ်.... လို့ ၀ိုင်းပြောတော့... KIA ခေါင်းဆောင်များက မဖြစ်သင့်တာ မဖြစ်ရလေအောင် အတတ်နိုင်ဆုံး ပဋိပက္ခ မဖြစ်အောင် သူတို့ပဲ ဆက်ထိန်းမယ်ပေါ့... အတတ်နိုင်ဆုံး စစ်ပွဲရှောင်ချင်တဲ့သဘော...

သို့သော်... ၂၀၁၁ ဇွန်လ ၉ ရက်နေ့မှာတော့ ဗျူဟာမှူးကိုယ်တိုင် KIA ထိန်းချုပ်နယ်မြေထဲ ရေအားလျှပ်စစ် လုပ်ငန်းခွင် ခဏ၀င် ကြည့်မယ် အကြောင်းပြပြီး ခွင့်တောင်းဝင်တယ်... ပြီးတော့ ပြန် မထွက်တော့ဘူး.. အဲဒီအကွက်ကို KIA ဗိုလ်ချုပ် ဂမ်ရှောင်က ခလေးအကွက်လို့ နာမည်တပ်ပေးလိုက်တယ်တဲ့... အဲထဲ ကနေကို ကွပ်ကဲပြီးတော့ KIA ကိုစတိုက်တော့တာပဲ... နောက်တော့ သူလဲ တင်ပါးနဲ့ ခြေဖနှောက် တသားထဲ ပြေးပါလေရော... ပြီးတော့ KIA ဆက်ဆံရေး ရုံး ၀န်ထမ်းကို ဖမ်း၊ စစ်တုံ့ပန်းလှဲမယ်ဆိုတော့ ရ စရာ မရှိအောင် နှိပ်စက်ပြီး၊ အသေကောင်ပြန်ပေး... သူတို့ရဲ့ တုံ့ပန်းကျတော့ မှဲ့တစက်မစွန်းပြန်ပေးတယ်။ (သတင်းဖတ်ရန်)... ပြီးတော့ အနီးအနားရှိတဲ့ ရွာတွေကို ဒုက္ခ စ ပေးတော့တာပဲ။ အခုလိုင်ဇာမှာ ခိုလုံနေတဲ့ ဒုက္ခသည် အများပိုင်း အစိုးရထိန်းချုပ်နယ်ဖက်က ပြေးလာတဲ့လူတွေချည်းပဲ။ (Crimes in Northern Burma: ) (Burma: Committing Abuses in Kachin State: ) (ဒုက္ခပင်လယ်ဝေခြင်း။ အစီရင်ခံစာ ).

ဒီတော့ ဘယ်မလဲ လွတ်တော်ထဲ KIO ၀င်မဲ့လမ်း? KIO မပြောနဲ့ KSPP ဆိုတာ ကချင်လူမျိုးများပါတီပဲ KIO ထွက် တစ်ယောက် နှစ်ယောက် ပါတာကလွဲလို့ အားလုံး မြို့ပေါ်က ရပ်မိ ရပ်ဖ ကချင်၊ ရှမ်း နိုင်ငံရေး သမားတွေနဲ့ ဖွဲ့ထားတဲ့ ဒီမိုကရေစီ စစ်စစ်ပါတီကို ဘာ လို့ ပါတီ မှတ်ပုံတင် မပေးလဲ...

တချို့က KIA ဘာ တောင်းဆိုနေမှန်း မသိဘူးလို့လဲဆိုလေရဲ့..... KIA တောင်းဆိုနေတာ မသိသေးဘူးဆိုရင် ပြောပြမယ်.. KIA ဆိုတာ KIO ရဲ့ စစ်တပ်ပဲ ရှိသေးတယ်... KIO မှာ ကချင် နိုင်ငံရေး အဖွဲ့တွေရှိတယ်.. နိုင်ငံရေးအကြံပေးအဖွဲ့၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ ရဲ၊ စည်ပင်သာယာရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အမျိုးသမီးရေးရာ၊ လူငယ်၊ အားလုံးစုံတယ်... ကချင် အစိုးရပဲ.. ဒီတော့ ကချင်ပြည်နယ်ဟာ ဒီလောက် ခိုင်ခိုင်မာမာ ရှိနေတဲ့ ကချင် နိုင်ငံရေးအဖွဲ့က အုပ်ချုပ်ခွင့်တောင်းနေတာ .... တရား သလား၊ မတရားဘူးလား ဆိုတာ တခုထဲ ပြောကြည့်ပါ... ဒါတောင် သီးသန့် နိုင်ငံခွဲထွက်ဖို့ မဟုတ်ဘူး.. ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲ တောင်းတာ.. မြန်မာ့အလင်း (ကချင်အတွက်အမှောင်) ပဲ ဖတ်ရင်တော့.. KIA ဘာတောင်းဆိုခဲ့တယ် ဆိုတာ ဘယ်သိမလဲ..

လွန်ခဲ့တဲ့ ၁၇ နှစ်တုံးက အပစ်အခတ် ရပ် လက်မှတ်ထိုးထားတာ KIA က တခါမှ ချိုးဖေါက်ခဲ့တာ မရှိဘူး.... ရှမ်းပြည်မြောက်ပိုင်းမှာ KIA စစ်သားတွေကို ငြိမ်းချမ်းရေးကာလမှာ လက်နက်မဲ့ အသားလွတ် ဥပဒေမဲ့ ပစ်သတ်လိုက်တာ နှစ်ခါတောင် သီးခံခဲ့သေးတယ်... အခုလဲ စပြီးထိုးစစ် ဆင်တာ KIA မဟုတ် ဗမာစစ်တပ်ကဖြစ်တယ်.... အခုထိ စစ်ကြောင်းမထိုးရင်၊ သို့မဟုတ် ထိုးစစ်မဆင်ရင် ငြိမ်းချမ်းနေပြီးသား၊ အပစ်ရပ်နေပြီးသားပဲ... KIA က ကျူးကျော်စစ် တခါမှ လဲ မဆင်နွဲ သေးဘူး... ဒီတော့ ဘာ အတွက် အပစ်ရပ် လက်မှတ်ထပ်ထိုးစရာ ရှိလဲ... လက်မှတ်ထိုးထားလည်း စစ်တပ်က နောက်ကြော ကို ဓါးနဲ့ ၀င်ထိုးနေတာ ဒီတိုင်း ခံလိုက်ရမှာလား၊ အခုလဲ မသေမချာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဆိုတဲ့လူတွေက တဖက်မှာ တမျိုးပြော၊ အစိုးရသတင်းစာမှာ တမျိုးရေး၊ စစ်တပ်က တမျိုးလုပ်၊ ဘာကိုယုံရမှန်းမသိ။ (ဗိုလ်ချုပ် ဂမ်ရှောင် ပြောစကား : )....  စဉ်းစားပေါ့.. ဒီတော့ တိုင်းရင်းသား လက်နက်ကိုင် ဆိုတိုင်း လူဆိုး စရင်းထဲ အတင်း အဓမ္မ တွန်းထည့်နေရုံ လောက်ပဲ ကြိုးစားနေ သမျှ ဘာ ငြိမ်းချမ်းရေး မှ ဖြစ်လာမှာ မဟုတ်ပါ။

KIA ဆိုတာ မသိနားမလည်တဲ့ လူမိုက်အုပ်စုက ဦးဆောင်နေတာမဟုတ်ဘူး... KIO ကို စတည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ် တွေဟာ ရန်ကုန် တက္ကသိုလ် ကျောင်းသားတွေဖြစ်တယ်..

KIA ခေါင်းဆောင်ဟောင်း ဆရာကြီး ဦးဘရန်ဆိုင်းဆိုတာ မြစ်ကြီးနား က နှစ်ခြင်း ခရစ်ယာန် အထက်တန်းကျာင်း (နောက်ပိုင်း ဆရာ အတတ်သင်ကျောင်းဖြစ်သွားတဲ့ကျောင်း) ကျောင်းအုပ်ပဲ... မြစ်ကြီးနားက အထက ကျောင်းတွေမှာ ဆရာ၊ဆရာမ ကြီးလုပ်နေတဲ့ ပုဂ္ဂိုလ် တော်တော်များများသူ့ တပည့်ဟောင်းတွေဖြစ်တယ်... အခုလက်ရှိ KIO ဥက္ကဌ ဦးဇောင်းဟခ်ရာ လဲ ပါတီစုံခေတ် ဆွမ်ပရာဘွမ်း ခရိုင်တောင်ချုပ် ဟောင်းဖြစ်တယ်။ ဗိုလ်ချုပ် ဂမ်ရှာင်၊ ဗိုလ်ချုပ်ဂွမ်မော် တို့ဆိုတာ တက္ကသိုလ်ဘွဲ့ရပြီး KIA ထဲကိုယ့် သဘောနဲ့ကိုယ်ဝင်ခဲ့တာဖြစ်တယ်။ အခုလက်ရှိ KIA ဗိုလ်လောင်းကျောင်းဆင်းအားလုံး ဘွဲ့ရများဖြစ်တယ်.. တချို့ဆို နိုင်ငံခြား ပညာတော်သင် ဘွဲ့ရထားတာ... English လို ကောင်းကောင်း ဖတ်တတ်တယ်... ပြောတတ်တယ်...

ဒီတော့ KIA ဘာလိုချင်လဲ ? ထာဝရ ငြိမ်းချမ်းရေးလိုချင်တယ်... အပစ်အခတ်ရပ်ရုံနဲ့မပြီးဘူး.. ထာဝရငြိမ်းချမ်းရေး ဆိုတာ တရားမျှတ မှုမှာ အခြေခံတယ်... တရားမျှတ မှု ဆိုတာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မှာ အခြေခံတယ်၊ ဒါဟာ ဖယ်ဒရယ် (Federal) ဖြစ်တယ်၊ ဖယ်ဒရယ်ကို မသိကျိုးကျွံပြုထား တဲ့ ကာလ ပတ်လုံး မြန်မာပြည် ဘယ်တော့မှ မငြိမ်းချမ်းဘူး... ဖယ်ဒရယ်ဟာ ခွဲထွက်ရေးမဟုတ်ဘူး၊ ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချရေး (Decentralization) သာဖြစ်တယ်.. လွတ်လပ်စွာ အတူရှင်တွဲနေထိုင်ရေးမူဖြစ်တယ်... သူ့မြို့၊ သူ့ရွာ၊ ကိုယ့်မြို့ကိုယ့်ရွာ အုပ်ချုပ်ရေး အာဏာပိုင် ကိုယ်တိုင်ဖွဲ့စည်းရေးသာဖြစ်တယ်... အမေရိန်ကန်လဲ ဖယ်ဒရယ်ဖြစ်တယ်... ဥရောပ နိုင်ငံ အားလုံး.. အိန္ဒိယနိုင်ငံအဆုံး ဖယ်ဒရယ်ဖြစ်တယ်... မကောင်းတာဘာမှ မရှိဘူး...

သေနတ်နဲ့ ခြိမ်းခြောက်တဲ့ ငြိမ်ဝပ်ပိပြားရေးဟာ ငြိမ်းချမ်းရေး မဟုတ်ဘူး... ခြိမ်းခြောက်တာ ကြောက်မယ်ဆိုရင် ကချင်လူမျိုးတွေ အစကတည်းက လက်နက်ကိုင် တော်လှန်ရေး မစခဲ့ဘူး.. ခြိမ်းခြောက်တာ ခံပြင်းလွန်းလို့ကို လက်နက်ကိုင်လာတာပဲ.... လက်နက် ကိုင် လို့ ကချင်ရွာ မီးရှို့တယ် မပြောနဲ့ ကချင်တွေ ဘာမှ လက်နက် မကိုင်ခင် ကတည်းက မဒိမ်းကျင့်၊ စော်ကား မော်ကား ဆက်ဆံ၊ ဘာသာရေး၊ လူမျိုးရေး အရ ခွဲခြားဆက်ဆံတယ်.... ခရစ်ယာန် ဘုရားရှိခိုးကျောင်း ဆောက်ဖို့ ဘယ်တော့မှ ဆောက်မိန့်ကျတယ် မရှိဘူး၊ တချို့နေရာဆို ဘုရားကျောင်းလို့ နာမည်မတပ်ရ လို့တောင် လာခြိမ်းခြောက်သေး....     ဗုဒ္ဓ ဘာသာ စေတီများကျတော့ နိုင်ငံတော် အကြီးအကဲ ဆိုသူများကိုယ်တိုင် နိုင်ငံတော် အခန်းအနားပုံစံ ပြုလုပ်ပေးတယ်...

ကချင် ခရစ်ယာန် စာသင်ကျောင်းတွေ အတင်းအဓမ္မသိမ်းတယ်... လက်ရှိ မြစ်ကြီးနားမြို့ပေါ်ရှိ နာမည်ကြီးအထက်တန်းကျောင်းအားလုံး ခရစ်ယာန် စာသင်ကျောင်းတွေဖြစ်တယ်... လက်ရှိ ပညာရေးကောလိပ်အစ၊ ကွန်ပြူတာကောလိပ် အဆုံး.. ခရစ်ယာန်တွေဆီက သိမ်းထားတာဖြစ်တယ်... ကချင်စာလဲ သင်ခွင့်မရှိတော့ဘူး... တကယ်တော့ အခုထိ ဗမာအစိုးရ လက်ထက် ဆောက်ပေးတာ ဘာမှ မရှိဘူး.... လက်ရှိ ကြံ့ဖွံ့ခေါင်းဆောင် ဦးသိန်းဇော် ကိုယ်တိုင် ခရစ်ယာန် စာသင်ကျောင်းမှာ ပညာသင်ပြီး လူဖြစ်လာတာပါ... မယုံရင်သူ့မေးကြည့်ပါ... သူ့ဆရာမတွေတောင်အခုထိရှိသေးတယ်...

ယဉ်ကျေးမှုစော်ကားခံရ၊ ကချင်တွေမှာ Family name (Htinggaw Mying) ရှိတာကို မကြားဖူးဘူး၊ ရှုပ်တယ်ဆိုပြီး မှတ်ပုံတင်မှာ မထည့်ပေးဘူး၊ နိုင်ငံခြားရောက်မှ Family name က အရေးကြီးမှန်းသိလာရ၊ ကချင်ပြည်နယ်က တခုထဲသော မနောပွဲ တစ်နှစ်နေမှ တခါပဲ ကျင်းပခွင့်ရတဲ့ ကချင်ပြည်နယ်နေ့လုပ်ခွင့်အတွက် နှစ်တိုင်းအဆင့်ဆင့် စာတင်ရတယ်... ပွဲရက်မှာ အစိုးရရုံး၊ ကျောင်းမပိတ်ပေးဘူး... ၂၀၀၉ ခုနှစ်မှာလဲ ဗန်းမော်က မနောကွင်းအဖျက်ခံရတယ် (သတင်းဖတ်ရန် :).... မြန်မာ စကား မတတ်လို့ ဆိုပြီး အဆဲခံရ... အလုပ် လျှောက်လွှာ မှာ ကချင်၊ ခရစ်ယာန်ဆိုရင် ဘေးဖယ်၊ လက်မခံ... ကချင်တွေ ရွေးကောက်ပွဲမှာရွေးထားတဲ့ အမတ်က ၀န်ကြီးဖြစ်မလာပဲ.. ဦးနု က ကောက်တော်မူတဲ့ တစ်ယောက် ၀န်ကြီးတက်ဖြစ် (ကချင်ပြည်နယ် ၀န်ကြီးဟောင်း ဒူဝါ ဇန်ထဆင် ရဲ့ "ဒီမိုကရေစီ ပြောင်းပြန်" ဖတ်ရန် ) ... ကချင်တွေပိုင်တဲ့နယ် ဖီမော်၊ ကော်လန် ကန်ဖန် ဒေသ ကို ဦးနုက ကချင်လူမျိုးတွေ ကန့်ကွက်နေတဲ့ကြားက တရုတ်ကိုပေးလိုက်တယ်.. မကျေနပ်တဲ့ ကျောင်းသားတွေ ဦးနု ကို တွေ့ပြီးပြောတော့ "ငါလိုးမသား ခွေးကောင်တွေ အားလုံး ဖမ်းချုပ်လိုက်မယ်" ဆိုပြီး မဖွယ်မရာ ဆက်ဆံတယ် (သွားတွေ့ခဲ့တဲ့ ကျောင်းသားများ ကိုယ်တိုင်ပြောစကား)... ခရစ်ယာန်ဆိုရင် ရာထူးမတက် (တက္ကသိုလ် အတူတက်တုန်းက ပူတာအိုမှာ ရထားရုံပိုင် အလိုရှိတယ် လို့ပြောင်နှောက်တာ ကို ယုံတဲ့ ဗမာ ငတုံးကျတော့ မြို့နယ်မှုးတွေတက်ဖြစ်) ... အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုများ ကို မခံနိုင်လို့ကို လက်နက် ကိုင်လာတာ...

ဒီတော့ ငြိမ်းချမ်းရေး ကိုလိုချင်ပါတယ် ဆိုတဲ့ လူတော်လူကောင်းများ ဒီအရာတွေကို ဘယ်လိုဖြေရှင်းမယ်... ဖယ်ဒရယ်ဒီမိုကရေစီ ဘာကြောင့်လိုအပ်တယ် ဆိုတာ အရင် လေ့လာပြီး  ငြိမ်းချမ်းရေးစကား စပြောရင် ပိုအဆင်ပြေလိမ့်မယ်လို့ အကြံပြုလိုက်ပါတယ်....

Duwa Kachin < kachinduwa@gmail.com>

1 comment:

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်