Saturday, January 19, 2013

နောက်ထပ် ဒါမျိုး အနိဌာရုံ ထပ် မမြင်ရလေ အောင်





(လဂျားယန်တိုက်ပွဲ မှတ်တမ်း ပါ)

ဘာရည်ရွယ်ချက်နဲ့မှ တင်တာတော့ မဟုတ်ပါ.. နောက်ထပ် ဒါမျိုး အနိဌာရုံ ထပ် မမြင်ရလေ အောင် ၀ိုင်းလုပ် ၀ိုင်း ပြော ရအောင်လို့ပါ။ စစ်သွေးကြွ စကားပဲ ပြောရင်တော့ နောက်ထပ် ဒါမျိုးလေးတွေပဲ တွေ့နေရမှာပဲ။ မဖြစ်သင့်ပဲ ဖြစ်နေရတယ် လို့ မြင်ပါတယ်။ တကယ်တော့ စားပွဲပေါ်မှာ ဖြေရှင်းလို့ ရနေရဲ့သားနဲ့ စားပွဲပေါ် ကို ရောက်မလာ အောင် တမင်တကာ တွန်းထုတ်တဲ့ လူတစ်စု ကြောင့် ဖြစ်နေရတာပါ။

ယနေ့ခေတ်ဟာ မရှိ မာန တွေ ထောင်လွှားနေရမဲ့ အချိန် မဟုတ်တော့ပါ။ မြန်မာ နိုင်ငံကို အများတကာ အထင်အမြင်သေးပြီး ဆက်ဆံခံနေရတာကိုလဲ ကျနော်တို့ နိုင်ငံသားအားလုံး ညီတူမျှတူ ခံစားရတာပါပဲ။ ကချင်လူမျိုးတွေလဲ မြန်မာ နိုင်ငံသား ဖြစ်ရခြင်းအတွက် ဂုဏ်ယူချင်ပါတယ်။ အထင်သေးတာကိုတော့ မခံချင်ကြပါဘူး။ မြန်မာ နိုင်ငံနဲ့ ဆိုင်တဲ့ ကောင်းသတင်းပဲ ကြားချင်ကြပါတယ်။ တကယ်ပဲ လက်တွေ့မှာ လူမျိုးအချင်းချင်း ရိုသေလေးစား ခြင်းနဲ့ အောက်ခြေက စပြီး လုပ်ရမှာပါ။ မခံချင်အောင် ထိုးနက် စကားနာထိုးနေလို့ ပြီးနိုင်မှာ မဟုတ်ပါ။



ကေအိုင်အေ ကို အမြစ်ပြတ် တိုက်၊ ငါလိုးမ ကချင်တွေ.. အမျိုးပြုတ်သွားမယ်... ဆိုတဲ့ အဆဲအဆို ကို ကချင်တွေ နားပြင်းကပ် သလို.. ငါလိုးမ ဗမာ တွေ... ရီးလား.. ဆိုတဲ့ ဆဲဆိုမှုတွေကိုလဲ ဘယ်သူမှ ကြားချင်မှာ မဟုတ်ပါ။

ဗမာ လူမျိုးနဲ့ ဆိုင်တဲ့ စစ်တပ် ကို သောင်းကျန်းသူလို့ ပြောပေးတာ ဗမာလူမျိုးတွေ မကြိုက်သလို.. ကေအိုင်အေ ကို သောင်းကျန်းသူ လို့ သုံးနှုန်းခြင်းဟာလဲ ကချင် တမျိုးသားလုံး ကို စော်ကားခံ ရသလို ခံစားရပါတယ်။

ယခု အခါမှာ ဘယ်ခေတ်တုန်းကနဲ့မှ မတူပဲ ကချင်တွေဖက်က မှန်မှန်ကန်ကန် သုံးသပ်ပြီး ပြောပေးတဲ့ ဗမာ လူထု ပညာတတ် အတိုင်းအ၀ိုင်း အများအပြားလဲ ရှိလာနေတာကို သတိထားမိပါတယ်။ ဒါဟာလဲ ငြိမ်းချမ်းရေး ဖေါ်ထုတ်ခြင်းအတွင် အားဆေးတခွက်ပါပဲ။ ကချင်လူမျိုး အများစုဟာ ဗမာလူမျိုးတွေကို တမျိုးသားလုံး ရမ်းပြီး အဆိုးမြင်နေခဲ့တာ ကြာပါပြီ။ ဒီလို ဖြစ်အောင်လဲ ကချင်လူထု နဲ့ ဆက်ဆံနေရတဲ့ ဗမာစကားပြော စစ်တပ်ရဲ့ အောက်တန်းစား အပြုအမူ တွေကြောင့်ပါ။ နောက်ထပ် ဒီလို မဖြစ်ရလေအောင် ပြည်ထောင်စု စစ်တပ် အမှန်တကယ် ကို လိုအပ်ပါတယ်။ ဒါမှ တိုင်းရင်းသားများ လုံခြုံစိတ်ချရပြီး အေးချမ်းတဲ့ လူနေမှုဘ၀ ကို ထူထောင် နိုင်မှာပါ။

လွတ်လပ်ရေး ရခါစ ကချင်ပြည်မှာ ကချင်စစ်တပ် သီးသန့် ရှိစဉ်တုန်းက ဘယ်ကချင်နိုင်ငံရေး သမားများမှ တော်လှန်ရေး စိတ်မ၀င်စားခဲ့ပါဘူး။ ခွဲထွက်ရေး ဆိုတာ ဘယ်တော့မှလဲ စိတ်မကူးဖူးပါဘူး။ အောက်ပြည်မှာ ပြဿနာ ပေါင်းစုံ ရှိနေသည့်တိုင် သွားတိုက်ကူတာက လွဲပြီး ကချင်ပြည်မှာက အေးချမ်းမှု အပြည့် ရှိနေခဲ့တာပါ။ ဒါပေမယ့် မခံနိုင်တဲ့ အဆုံးတော့ ခွဲထွက်ဖို့ မဖြစ်မနေ ကြိုးစား သွားရပါလိမ့်မယ်။

လက်တွေ့ကျတဲ့ အပြောင်းအလဲ ဆိုတာ လက်တွေ့ကျတဲ့ အပြုအမူ နဲ့ စရပါတယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်