Thursday, December 12, 2013

KIA နဲ့ မူဆလင် ကို တွဲထားခြင်း ရဲ့ ရည်ရွယ်ချက်များ။

KIA နဲ့ မူဆလင် ကုလား အဖွဲ့ ဆိုတဲ့ ၀ါဒဖြန့် လော်နေတာ အွန်လိုင်းမှာပဲ စိတ်မနံ့တဲ့ လူတစုလို့ပဲ ထင်မိတာ နေပြည်တော် စည်ပင်ဆိုင်းပုတ်မှာ တောင် ရောက်နေတယ်။

ဒီတော့ ပေါ့သေးသေး တော့ ထားလို့ မရတော့ဘူး။ ဝေဖန်ကြည့်တာပေါ့။

ရေးထားတာက KIA နဲ့ မူဆလင် အကြမ်းဖက်သမားတွေက ဗုံးခွဲဖို့ ကြံတာတဲ့။ ဗိုလ်ကြီးအဆင့်တွေက ကရင်လူမျိုးတွေ ဖြစ်သွားပြန်တယ်။ နောက် ကချင် တစ်ယောက်က ဗမာ နာမည်နဲ့ ဖြစ်ပြန်ရော။
ရည်ရွယ်ချက်
********
နေပြည်တော် ဆိုတာ အညာဒေသ ပါ။ ရိုးစင်းတဲ့ ဗမာပြည်သူတွေ ရှိတယ်။ KIA ဆိုတာ သူတို့ ကောင်းကောင်း မသိ။ နောက်ပြီး အွန်လိုင်းက စာတွေလဲ မဖတ်တာများတယ်။ အင်တာနက် မသုံးတတ်သူတွေက ခပ်များများ။

စည်ပင်က ရေးထားတယ် ဆိုတော့ သာမန်ပြည်သူ လူသွားလူလာများတဲ့ နေရာမှာ ရေးထားတာဖြစ်တယ်။ ဒီတော့ အညာဒေသက ဗမာ တွေကို ကေအိုင်အေ ဆိုတတာ လူဆိုးအဖွဲ့ပါ ဆိုတဲ့ အကြောင်း မိတ်ဆက် ပေးခြင်း ဖြစ်ပါတယ်။ အမှားအမှန် သူတို့ စဉ်းစားဖို့လဲ မအားဘူး။ အွန်လိုင်းပေါ်မှာ တက်လာတဲ့ ဗမာ တချို့တောင် ဒီ ဆိုင်းဘုတ်မြင်တော့ ခပ်ပြင်းပြင်းဆဲသွားတာ တွေ့လိုက်ရတယ်။ ကုလားနဲ့ ကချင်ကို အမျိုးဖြုတ်ရမယ် တဲ့။ ယှန်ထင် ကြောင်ထင် ဖြစ်အောင် လုပ်တဲ့ နည်း ဖြစ်ပါတယ်။

လူမျိုး တစ်မျိုးရဲ့ တော်လှန်ရေး ကို အသရေဖျက်တဲ့ နည်းလဲ ဖြစ်ပါတယ်။ သဘောက တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးဟာ အကြမ်းဖက် ၀ါဒ နဲ့ တွဲလိုက်တာ ဖြစ်တယ်။ နိုင်ငံရေး နည်းနဲ့ မဖြေရှင်းချင်တဲ့ သဘော။ နိုင်ငံရေး နဲ့ မဖြေရှင်းခြင်းသည်၊ ခရိုနီ စီးပွါးရေး သမားများရဲ့ အကွက်ကောင်း ဖြစ်ပါတယ်။ ခရိုနီ ဆိုတဲ့နေရာမှာ ဦးပိုင် အပါအ၀င် ဖြစ်တယ်။ တိုင်းရင်းသားများရဲ့ နိုင်ငံရေး လမ်းစဉ်ကို လစ်လျူရှုထားခြင်းသည် မြန်မာနိုင်ငံသား သာမန်ပြည်သူများရဲ့ ဘ၀ ဆက်တိုင်းမွဲဖို့ အကြံအစည်သာ ဖြစ်တယ်။

ကားပါမစ် ပေးခြင်း နဲ့ ပါမစ် အပေါ် ကလော်ခြင်းက တဆင့် တိုင်းရင်းသား တော်လှန်ရေးသမားများရဲ့ နိုင်ငံရေး သိက္ခာ ကျဆုံးခြင်း ဖြစ်တယ်။ အဲဒီ ကားပါမစ် ကို မယူတဲ့ ကေအိုင်အေ ကို တခြားနည်းလမ်း နဲ့ သိက္ခာ ချခြင်း ဖြစ်တယ်။

ဒါပေမယ့် မီဒီယာ ခေတ်မှာ ဘာမှ ဖုန်းကွယ်ထားလို့ မရလေတော့ 7days က မရမက ကလော်ထုတ်လာတယ်။ အောက်မှာ သတင်း အပြည့်အစုံ ကို ဖတ်နိုင်ပါတယ်။

ဂဂဂဂဂဂဂဂ

အကြမ်းဖက်သမား အသိပေးကြေညာချက် အခြေအနေ ရှုပ်ထွေးဆဲ
=====================================
(7day Daily )
ဆီးဂိမ်းပြိုင်ပွဲကာလတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်ရန် ထွက်ခွာလာသည်ဆိုသည့် ကေအိုင်အေ အကြမ်းဖက်သမားသုံးဦးအကြောင်း နေပြည်တော်မြို့မဈေး ကြေညာချက်နှင့် ပတ်သက်ပြီး အခြေအနေမှာ ရှုပ်ထွေးလျက်ရှိသည်။

ထိလွယ်ရှလွယ်ဖြစ်ပြီး လက်ရှိအချိန်တွင် လုံခြုံရေးအရ အရေးကြီးသည့် အချက်အလက်များကို ထည့်သွင်းကြေညာထားသော်လည်း လုံခြုံရေးအရာရှိများဘက်က ၎င်းတို့မသိရှိသေးကြောင်းသာ ငြင်းဆိုလျက်ရှိသည်။

ကေအိုင်အေ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း စွပ်စွဲချက်များကို ငြင်းဆိုထားပြီး ၎င်းတို့ ဆီးဂိမ်းကို အနှောင့်အယှက်ပေးရန်မရှိကြောင်း ပြောကြားခဲ့သည်။ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ၎င်းတို့၏ သဘောထားကြေညာချက်ကို ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း ၎င်းကဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲကာလတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်ရန် အကြမ်းဖက်သမားသုံးဦးသည် ကေအိုင်အေအမာခံနယ်မြေ လိုင်ဇာမှ ရန်ကုန်မြို့သို့ ထွက်ခွာသွားကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက် နေ့စွဲဖြင့် နေပြည်တော်မြို့မဈေးတာဝန်ခံ အမည်တပ်ကာ ကြေညာထားခြင်းဖြစ်သည်။

အဆိုပါကြေညာချက်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ရန် ရန်ကုန်တွင် ရောက်ရှိနေသော အစ္စလာမ်သာဘာရေး အစွန်းရောက်မွတ်ဆလင်အဖွဲ့ များနှင့် ဆက်သွယ်လုပ်ဆောင်ရန် ကေအိုင်အေကချင်အဖွဲ့မှ အကြမ်းဖက်သမားသုံးဦး ရန်ကုန်သို့ အောက်တိုဘာလ ၁၈ ရက်တွင် ထွက်ခွာသွားပြီဟု ကြေညာထားသည်။ယင်းကြေညာချက်ကို အ ထက်အဖွဲ့အစည်းတစ်ခုမှ ညွှန်ကြားသောကြောင့် ကြေညာခြင်းဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက်က ပြောကြားခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းက ညွှန်ကြားသည်ကို ဖြေကြားခြင်းမပြုခဲ့ပါ။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်ပြီး နေပြည်တော်ရှိ လုံခြုံရေးဆိုင်ရာအရေးပါသည့်ဌာနများဖြစ်သည့် နေပြည်တော်ရဲချုပ်ရုံး၊ သမ္မတပြောရေးဆိုခွင့်ရှိသူတို့က ၎င်းတို့ မသိရှိသေးကြောင်း ဒီဇင်ဘာ ၇ ရက်က 7Day ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားကြသည်။ လုံခြုံရေးအရ အရေးပါသည့်အဆိုပါသတင်းကို ပြည်တွင်းသတင်းဌာနအချို့က ဒီဇင်ဘာ ၈ ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ရေးသားကြသော်လည်း အစိုးရဘက်က ဒီဇင်ဘာလ ၈ ရက် ညပိုင်းအထိ တရားဝင်တုံ့ပြန်ခြင်းတစ်စုံတစ်ရာမရှိသေးပါ။

ယင်းသတင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ထားမှုမရှိသေးကြောင်း ဇဗ္ဗူသီရိမြို့နယ် နေပြည်တော်အမှတ် (၅) ရဲစခန်း တာဝန်ကျရဲအရာရှိကပြောသည်။ အသေးစိတ်အချက်အလက်ကို နေပြည်တော်စည်ပင်သို့ မေးမြန်းရန်သာ အဆိုပါအရာရှိက ထပ်မံပြောကြားသည်။ နေပြည်တော်မြို့မဈေး တာဝန်ရှိသူထံ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းဖြေဆိုခြင်းမရှိပါ။

1 comment:

  1. sawa Myen.dai. rai nkai hkrai sha chye galaw ai. Nhkru ai lam hta gawng Unique nan re lo! sadi maja nga ga

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်