Monday, December 16, 2013

အခြေခံ ဥပဒေ ပြင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကို သီးသန့် မြင်နိုင်ရမည်။

အခြေခံ ဥပဒေ ပြုပြင် ရေးဆွဲရေးအတွက် NLD ပါတီဝင် ပြည်သူများ စုရုံးကြစဉ်။ 
အန်အယ်ဒီပါတီကို အားပေး နေတဲ့ သာမန်လူငယ် တော်တော်များများဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် အဓိက လိုအပ်ချက် ဆိုပြီး ရှေ့တန်းတင် ဆွေးနွေးလာတာ တွေ့ရတယ်။ တဖက်မှာလဲ စစ်ဝါဒီတွေက ဒီအချက်ကိုပဲ အဓိက ထောက်ပြပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွဲရေး (သို့) အသစ်ရေး ဆွဲရေး ဆိုပြီး ပြောကြဆိုကြတဲ့ အထဲမှာ ဒေါ် အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ကြိုးစားနေတယ် ဆိုပြီး ကလော်လာတာ တွေ့ရပါတယ်။


တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ထက် တကယ်လိုအပ်ချက်တွေက အများကြီးပါ။ လက်ရှိ အနေအထား အရ၊ ၂၀၀၈ အခြေခံ ဥပဒေ သည် ပြည်သူက လွတ်လပ်စွာ မြဲပေးပိုင်ခွင့်တောင် မသေခြာပါ။ မြဲပေးနိုင်သည် ဆိုအုံးတော့ အဲဒီ ရွေးကောက်ခံ လွတ်တော်အမတ်များသည် ပြည်သူ ကို တိုက်ရိုက် ကိုယ်စားပြုသည်မဟုတ်၊ သူတို့ရဲ့ မြဲဆန္ဒ နယ်မြေမှာ ဘာမှ လုပ်ပိုင်ခွင့် ရှိသူများ မဟုတ်ပါ။

လက်ရှိ နိုင်ငံတော်ရဲ့ အာဏာ အရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်တဲ့ သမ္မတ ကြီး နှင့် တကွ၊ လုံခြုံရေး ကောင်စီ ၀င်များသည် ဗိုလ်ချုပ်မှူးကြီးဟောင်းရဲ့ ရွေးကောက်တော်မူထားတဲ့ လူများသာ ဖြစ်ပါတယ်။ ပြည်သူက ရွေးထားသူများ မဟုတ်။

အထူးသဖြင့် လွတ်တော်မှာ ၂၅ % အရွေးခံစရာ မလိုပဲ အော်တိုမစ်တစ် တက်လာသူများဟာ နိုင်ငံတော်မှာ အာဏာ အရှိဆုံး လူပုဂ္ဂိုလ် တစ်ဦးထဲရဲ့ စိတ်ကြိုက်လူများသာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ သဘောသဘာဝ အတိုင်း ဆိုရင် သူတို့မှာ ဘာမှ ဆုံးဖြတ်ပိုင်ခွင့် ရှိတာ မဟုတ်ပါ။ အရေးကြီး အဆိုကိစ္စများအတွက် အထက်အမိန့်သာ နာခံ ရသူများ ဖြစ်သည်။ အရေးမကြီးတဲ့ ကိစ္စများအတွက်တော့ ကိုယ်ပိုင်အသိဥာဏ်နဲ့ ဆွေးနွေးကောင်း ဆွေးနွေးနိုင်သည်။ သို့သော် ဆုံးဖြတ်ပိုင်ခွင့်ကတော့ အထက်က လာမည်သာ ဖြစ်သည်။

အဲဒီ ၂၅ % ကို ထိန်းချုပ်ထားသူ သည် သူ တစ်ဦးထဲရဲ့ ဆုံးဖြတ်ချက် နဲ့ ဘာ မဆို အမိန့်ချ နိုင်သည်။ သမ္မတ ပင် အာခံလို့ မရတဲ့ အမိန့်များ ချနိုင်သည်။ ဒီတော့ အဲဒီ လူ သဘောကောင်းရင် နိုင်ငံတော်က အာဏာရှင် နိုင်ငံ မဟုတ်သလို ထင်ရပေမယ့်၊ အဲဒီ လူ က သဘောထား တင်းမာရင် အာဏာရှင် ဆန်ဆန် မြင်လာမှာ ဖြစ်သည်။ ဒီတော့ မြန်မာ နိုင်ငံသားတွေရဲ့ ကံကြမ္မာဟာလဲ မူ (ဥပဒေ) ပေါ်မှာ မမူတည်ပဲ၊ လူ ပုဂ္ဂိုလ် ပေါ်မှာ မူတည် နေသည်။ အဲဒီ လူကို သြဇာ တက်ရောက် နိုင်သူကတော့ သူ့အမျိုးသမီး (မိန်းမ) နဲ့ ချစ်လှစွာသော သားသမီးများ ပြန် ဖြစ်တတ်လေသည်။ ဒီ အချက် ကို ခရိုနီ တွေက ကောင်းကောင်းအသုံးချသွား နိုင်သည်။ ဒီတော့ လက်ရှိ လူ က သဘောကောင်းလို့ ဘာမှ မဖြစ်ဘူး ထား ပါ။ နောက်တက်လာမည့် လူ အပေါ် ဘယ်သူ အာမခံ နိုင်မည်နည်း။ လက်ရှိ သမ္မတ နဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ သားသမီးများလဲ နောက်တက်လာမည့် အာဏာရှင် မိသားစု ရဲ့ ကျွန် ပြန် ဖြစ်မလာ နိုင်ဘူး လို့ ဘယ်သူ အာမခံ နိုင် မည်နည်း။

ဒီတော့ လက်ရှိ အခြေခံ ဥပဒေ ကို ပြင်ဆင်ရေး သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ထက် ပို အရေးကြီး ကြောင်း ပါ။ လက်ရှိ အာဏာရ လူပုဂ္ဂိုလ်များမှ အစ၊ လူတိုင်းမှာ တာဝန် ရှိပါတယ်။

မူဘောင် တစ်ခု အပေါ်မှာ နိုင်ငံသား အားလုံးရဲ့ ဘ၀ အာမခံချက် ရမည့် အခြေခံ ဥပဒေ လိုအပ်သည်။ အဲဒါကတော့ ဖက်ဒရယ် ပါ။ ဖက်ဒရယ် ဆိုတာ တိုင်းရင်းသား များ အတွက် သီးသန့် မဟုတ်ပါ။ လက်ရှိ အာဏာရ မိသားစု များ အတွက်လဲ ပါသည်။ နိုင်ငံသား အားလုံး အတွက် ဖြစ်သည်။ အညာဒေသ က ဗမာ လူမျိုးများအတွက်လဲ ဖြစ်သည်။ ဘူးလက် လှဆွေ ရဲ့ မိသားစု နဲ့ မကွေးတိုင်းအတွက်လဲ ပါသည်။ တိုင်းရင်းသား ပေါင်းစုံ အတွက် ဖြစ်သည်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် သာ မက၊ အသားအရောင်၊ ကျား၊မ၊ လူမျိုးဘာသာ မခွဲခြားပဲ ပြည်သူကြိုက်နှစ်သက်သူ ဘယ်သူမဆို သမ္မတ ဖြစ်ခွင့်ရဖို့ ဖြစ်သည်။ အချိန် မနှောင်း စေချင် ပါ။

2 comments:

  1. Ndai hku nga yang gaw, Myen nre ai amyu baw sang ni ra sharawng hpyi shawn nga ai Self administration gaw shanhte myen a ga law hkat ai hte gayau shamat kau na kun lo

    ReplyDelete
  2. ndai hku she rai yang gaw 2015 ra lata poi(election) gaw Myen a ga law shara she rai hkyen nga lo. Ethnic minority ni a self administration gaw yup mang naw she rai sai kun?

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်