Sunday, April 14, 2013

ဖက်ဒရယ် ဆိုတာ ရွာ တရွာထဲက အိမ်ထောင်စု လေးတွေလို ကိုယ့် အိမ်ကိုယ် လွတ်လပ်စွာ စီမံ ပိုင်ခွင့်သာ ဖြစ်ပါတယ်။

ရွာ တရွာမှာ အိမ်ထောင်တိုင်းက ကိုယ့် အိမ်ကိုယ် လွတ်လွတ်လပ်လပ် စီမံ ခန့်ခွဲခွင့်ရတာ ခေတ်သစ် ကမ္ဘာမှာပါ။

သမိုင်းဦး ဘုံမြေ စနစ်ခေတ်တုန်းက အိမ်ထောင်တိုင်းက လွတ်လပ်ခွင့် မရကြပါဘူး။ နောက်ပြီး အကြွင်းမဲ့ အာဏာရှင် ဘုရင် စနစ်မှာလဲ အိမ်ထောင်တိုင်းရဲ့ ကံ ကြမ္မာဟာ အုပ်ချုပ်သူ ရွာ အာဏာပိုင်တွေရဲ့ အာဏာစက်အောက်မှာ လုံးလုံးလျားလျား မူတည်နေပါတယ်။

၂၀ ရာစု နှေင်းပိုင်း ရောက်လာမှ အိမ်ထောင်တိုင်းဟာ လွတ်လပ်ခွင့် ပိုရလာပါတော့တယ်။ ဒီတော့ ခေတ်သစ် ကမ္ဘာ ရဲ့ အပြောင်းအလဲ ဟာလဲ ဘယ်ခေတ်နဲ့မှ မတူတဲ့ တိုးတက်ပြောင်းလဲ မှုကြီးများ တွေ့လာရပါတယ်။

တမျိုးပြောရမယ် ဆိုရင် လူတိုင်း၊ အိမ်ထောင်တိုင်းရဲ့ လွတ်လပ်မှု ကို အခြေခံတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ရင်း မြို့၊ ရွာ၊ နိုင်ငံတွေရဲ့ လုံခြုံရေး ကို တည်ဆောက်ကြပါတယ်။

အဲဒီ လွတ်လပ်ခွင့် ဆိုတဲ့ အရာတွေကို ပညာရှင်များ ရွာဖွေရင်း လူတစ်ဦချင်း၊ လူမျိုးတစ်မျိုးချင်း စီရဲ့ လွတ်လပ်ခွင့်တွေကိုလဲ ဖေါ်ထုတ်လာပါတယ်။ ဘာသာတရားတိုင်းရဲ့ လွတ်လပ်ခွင့်တွေကိုလဲ ဖေါ်ထုတ်လာပါတော့တယ်။

မြန်မာ နိုင်ငံမှာ ဖက်ဒရယ် မူ လို့ ပြောလိုက်ရင် ခွဲထွက်သမား များလို့ ချက်ချင်း သမုတ်တယ်။ တကယ်တော့ ဖက်ဒရယ် ဆိုတာ မတူ တဲ့ လူမျိုးခြား၊ ဘာသာခြား၊ မတူတဲ့ စရိုက်လက္ခဏာများ၊ မတူတဲ့ ခံစားချက်များ ရှိတဲ့ လူ့အဖွဲ့အစည်းများဟာ အချင်းချင် ပဋိပက္ခ မဖြစ်ရလေအောင် ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးနိုင်တဲ့ အခွင့်အရေး ပေးထားခြင်းသာ ဖြစ်ပါတယ်။ လူမျိုးတူ၊ ဘာသာတူ၊ တာတောင် အိမ်ထောင်စု တွေ ခွဲပြီး ကိုယ့် အိမ်ထောင် ကိုယ် စီမံ ခန့်ခွဲပြီး နေတာဟာ အဲဒီ သဘောပဲ ဖြစ်ပါတယ်။ ညီ အစ်ကို အရင်းတွေတောင် အိမ်ထောင်ပြုပြီး တအိမ်ထဲမှာ ထမင်း ပေါင်း ချက်စားပြီး နေနိုင်တာ သိပ် မရှိပါဘူး။ ဒီတော့ အိမ်ထောင်တွေ ခွဲလာရတယ်။ ဒါပေမယ့် ရွာ တရွာထဲမှာ ဥပဒေ တခုထဲ အတူ နေထိုင်ရင် နေမယ်။ ဒါမှ မဟုတ်ရင်လဲ ရွာ ပြောင်းနေရင် နေမယ်။ သို့သော် ညီအစ်ကို ဆွေမျိုး ဆိုတဲ့ သဘောတရား အောက်မှာ လိုအပ်လာရင် အချင်းချင်း ကူညီကြတယ်။

ဖက်ဒရယ် ဆိုတာ ရွာ တရွာထဲက အိမ်ထောင်စုလေးတွေနဲ့ သဘောအတူတူပဲ ဖြစ်ပါတယ်။ သူ့အိမ်ထောင်၊ ကိုယ့် အိမ်ထောင် လွတ်လွတ်လပ်လပ် စီမံ ခန့်ခွဲ့ခွင့် ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တရွာလုံးနဲ့ ဆိုင်တဲ့ လုပ်ငန်းမျိုးကိုတော့ ၀ိုင်းလုပ်မယ်။ ရွာလုံခြုံရေးကို ပေါင်းလုပ်မယ်။ အလေ့ကျ လုပ်မယ်။ ညီတူ ညီမျှ ရပ်ရွာ အရေး ရံပုံငွေ ၀ိုင်းထည့်ပြီး ရွာကျောင်းဆောက်မယ်။ လမ်းလုပ်မယ်။ သူများ အိမ်ထောင် အရေး ကို မလိုအပ်ပဲ ၀င် မရှုပ်ရဘူး။ ဒါပေမယ့် အကူအညီ လိုအပ်လာရင် ၀ိုင်းကူမယ်။ အိမ်ထောင်စုထဲမှာ အာဏာရှင်ဆန်ဆန် ပြုမူလာတဲ့ သဘော တွေ့လာရင် ၀ိုင်း ဖြေရှင်းမယ်။ ကိုယ့် အိမ်ထောင် ကိုယ် အိမ်သားတွေကို ထမင်းကျွေး၊ ပညာသင်ပေးတဲ့ ကိစ္စကို ဘယ်သူမှ ၀င်မရှုပ်ရမှန်း သိပေမယ့် အိမ်သား အချင်းချင်း သတ်ဖြတ်နေရင်တော့ ပတ်ဝန်းကျင်က ၀င်ပါရတော့မယ်။ ဆိုတဲ့ သဘောလေးတွေပါ။

ဖက်ဒရယ် ကို ကြောက်နေသူများဟာ မြန်မာ နိုင်ငံမှာ အာဏာရှင် အဖွဲ့အစည်း လက်လွတ်ရမှာ ကို ကြောက်နေသူများသာ ဖြစ်ပါတယ်။ အာဏာရှင် ဆိုတာ လူ တစ်ဦးထဲ လဲ ဖြစ်နိုင်သလို၊ အဖွဲ့အစည်း တခု၊ လူမျိုးတစ်မျိုးလဲ ဖြစ်နိုင်ပါတယ်။

မြန်မာ ပြည်မှာက လူမျိုးတစ်မျိုးကို အာဏာရှင် အဖြစ် ဆက်လက် ရပ်တည်စေချင်တဲ့ ဆန္ဒရှိသူများရဲ့ မကျွမ်းကျင်တဲ့ နိုင်ငံရေး ကစားကွက်တွေ ကြောင့် လူတစ်ဦး ဦးရဲ့ အာဏာရှင်အောက် ရောက်ခဲ့ရတယ်။

အဓိက ပြဿနာက သူများ အိမ်ထောင်စုမှာ အိမ်ထောင် ဦးစီး တက်လုပ်ချင်တဲ့ ရွာသူကြီး စိတ်ဝင်နေသူ လူတစ်စု ကြောင့်ပါ။

ကိုယ့် အိမ်ထောင် ကိုယ် လွတ်လပ်စွာ စီမံ ခန့်ခွဲ ပိုင်ခွင့်ဟာ ခေတ်သစ် ကမ္ဘာမှာ လူတိုင်း အသိအမှတ်ပြုသလို နားလည်ရင် ဖက်ဒရယ် ဆိုတာ ကြောက်စရာ မဟုတ်ပါ။

1 comment:

  1. http://www.youtube.com/watch?v=uvFRgvZExXQ

    ReplyDelete

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်