Tuesday, November 19, 2013

လူမျိုးတိုင်းမှာ အမှီအခိုကင်းတဲ့ ဘ၀ လိုအပ်တယ်။

ကချင်ပြည်နယ်မှာ ဆင်းရဲတယ် ဆိုတာ ဟုတ်တယ်... ဒါပေမယ့် အဲလို ဆင်းရဲအောင် ကချင်ပြည်သူတွေ ရွေးချယ်ခဲ့တာ မဟုတ်ဘူး။

ကချင်ပြည်နယ်မှာ ဖွံ့ဖြိုးရေး လုပ်ပေးချင်တယ် ဆိုပြီး တက်လာတဲ့ စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေ... ဖါးကန့်က ကျောက်လဲ ကုန်ပြီ ဖါးကန့်လမ်းတောင် ကောင်း အောင် မလုပ်ဖြစ်သေးဘူး.. ပူတာအိုမှာ ဖွံ့ဖြိုးရေး ပြန်လုပ်ချင်ပြီတဲ့....

ပူတာအို က ဆင်းရဲသားတွေကိုမှ ရွေးချစ်ရတဲ့ အကြောင်းရင်းကလဲ စဉ်းစားစရာ ပေါ့ကွာ... ရန်ကုန်လို မြို့ကြီးနားက ကျူးကျော်ရပ်ကွက်နေကလေးတွေ.. လက္ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ ကလေးတွေကော ကျောင်းမတက်ချင်ဘူးတဲ့လား... 

အဲဒါကြောင့်... ကချင်တွေက သူများ လုပ်ပေးတာကို ကျေကျေနပ်နပ်နဲ့ လက်ခံတတ်တဲ့ လူမျိုးမဟုတ်ဘူး....  လုပ်ပေးမယ်... ဆိုပြီး မပြောကြပါနဲ့... လုပ်ခွင့်ပဲ ပေးကြပါ။ ကျုပ်တို့ဘာသာ ကျုပ်တို့ လုပ်နိုင်ပါတယ်။ အဲဒါဟာ စစ်မှန်တဲ့ လွတ်မြောက်ခြင်းပဲ။

Independence ဆိုတာ အမှီအခိုကင်းသော၊ လွတ်မြောက်ခြင်း ဆိုတဲ့ အဓိပါယ် ဖြစ်တယ်။ ခွဲထွက်ရေး မဟုတ်ဘူး... လူတိုင်းလူတိုင်းမှာ အမှီအခို ကင်းတဲ့ ဘ၀ လိုအပ်တယ်။ အင်စတီကျူးရှင်းတိုင်းမှာလဲ အမှီအခိုကင်းတဲ့ အုပ်ချုပ်မှု လိုအပ်တယ်။ အိမ်ထောင်တိုင်းမှာလဲ အမှီအခိုကင်းအောင် ကြိုးစားကြတာချည်းပါ။

ကိုယ့်ဘ၀ ရပ်တည်ရေးအတွက် အခြား တစ်စုံတစ်ယောက်က စီမံပေးမယ်... ဆိုရင် အကျင်းသမား တွေကို ပြောတဲ့စကား ဖြစ်တယ်။

ကိုယ့်ဟာကိုယ် စီမံခွင့်ရတယ်... ဆိုတာ လွတ်လပ်သူများ ဖြစ်ပါတယ်။

လူမျိုး တစ်မျိုးဟာလဲ သူတို့ ကြမ္မာ သူတို့သာ ဖန်တီးယူလို့ရတယ်။ တခြားလူမျိုးတမျိုးက ဖန်တီးပေးမယ် ဆိုရင် ဘယ်လိုမှ မအပ်ဆပ်ပါ။ သိမှာလဲ မဟုတ်ပါ။ ပြစားယုံသာ လုပ်မည်သာ ဖြစ်သည်။ လုပ်ပေးစရာမလို၊ လုပ်ခွင့်၊ ရပ်တည်ခွင့်ပဲ လိုသည်။ အဲဒီအတွက် ဒီနေ့ ကမ္ဘာမှာ လူမျိုးတိုင်း၊ ဘာသာတရားတိုင်း၊ တနည်းမဟုတ် တနည်း တော်လှန်နေရခြင်း ဖြစ်တယ်။ ကချင်တွေလဲ တော်လှန်နေရဆဲ ပါ။ ဒီတော့ ဘာဖြစ်လို့ တော်လှန်နေကြသလဲ... စစ်ပွဲတွေရပ်ပါတော့ ဆိုရင်... ဘာဖြစ်လို့ လွတ်လပ်ခွင့် မပေးသေးသလဲ.. စစ်ပွဲတွေနဲ့ ဘာဖြစ်လို့ ဖြေရှင်းသလဲ လို့ ပြန်မေးရပါလိမ့်မယ်။

လူမျိုးတိုင်းဟာ တခြားလူမျိုး အုပ်စိုးတာ မခံချင်ကြလို့ ကိုလိုနီစနစ် ဖျတ်သိမ်းဖို့ သဘောတူခဲ့ကြပါတယ်။ ဥရောပ နိုင်ငံတွေ ဆိုတာ လူမျိုးတမျိုးနဲ့ တမျိုး ယဉ်ကျေးမှု၊ ဘာသာစကား၊ အစားအသောက်၊ ကိုးကွယ်ယုံကြည်မှုတွေ အတော်အသင့် တူကြတယ်။ တနိုင်ငံ နဲ့ တနိုင်ငံ လွတ်လပ်စွာ သွားလာကြတယ်။ ဒါပေမယ့် ကိုယ့် နယ်နိမိတ် နဲ့ ကိုယ် ပါ။ ဒါဟာ ငြိမ်းချမ်းခြင်းပဲ။ အချင်းချင်း လေးစားတတ်ရင် စစ်ဖြစ်စရာ အကြောင်းမရှိ။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ အရင် ကြိုးစားရပါအုံးမည်။

1 comment:

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်