ဘီစီခေတ်မှာ ရောမ အင်ပါယာ တခုလုံးကို ဂရိ အတွေးအခေါ် ပညာရှင်းများဖြစ်တဲ့ ဆိုကရေးတီး၊ အရစ္စတိုတယ်လ် တို့ ရဲ့ နောက်လိုက်များရဲ့ အတွေးအခေါ်များ က လွမ်းမိုးထားခဲ့တယ်၊ အမှန်ဆိုရင် ရောမလူမျိုးတွေဟာ ဂရိလူမျိုးများ မဟုတ်သလို၊ ဂရိ နိုင်ငံကိုလဲ သိမ်းပိုက်ထားတဲ့ ခေတ် ဖြစ်ပါတယ်။ နောက်ပိုင်း၊ ခရစ်ယာန် အတွေးအခေါ် က ပြန်လွမ်းမိုးပြန်တယ်။ ခရစ်ယာန် ဘာသာတရားမှာ ဂရိ အတွေးအခေါ် တစိတ်တပိုင်း ပါဝင်နေခြင်းသည် ခရစ်ယာန် သာသနာပြု ဆရာကြီး ရှင်ပေါလု ဟာ ဂရိ အတွေးအခေါ် ပညာရှင် တစ်ပါး ဖြစ်ခဲ့လို့ပါ။ သူဟာ သခင် ခရစ်တော် ဟောပြောခဲ့တဲ့ နှုတ်ကပတ် တရားတော်များကို ဂရိအတွေးအခေါ် ရှင်သန်နေတဲ့ ၀န်းကျင်မှာ နားလည်အောင် ရှင်းပြ တတ်သူ ဖြစ်ပါတယ်။ ရှင်းရှင်း ပြောရရင် ခရစ်ယာန် ဆိုတာ ဂျူး ဘာသာ တရား ကို ပြုပြင်ခဲ့တဲ့ သခင်ခရစ်တော်ရဲ့ တရားတော် နဲ့ ဂရိ အတွေးအခေါ် ပေါင်းစပ်ထားတဲ့ လောက နိယာမ သွေးကြော တစ်ပါး ဖြစ်ပါတယ်။
ဂေါတမ ဗုဒ္ဓ ဟာလဲ ဟိန္ဒူဘာသာတရားထဲမှ အလည်အလတ် (မဇ္ဈိမ) လမ်းစဉ် ကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ မဟာယာဏ နဲ့ ထေရ၀ါဒ ဂိုဏ်းတွေ ကွဲသွားပါတယ်။ မဟာယာဏ သည် မမြင်ရတဲ့ စွမ်းအင် (invisible power) တခုခုကို ယုံကြည်ခြင်းမှာ ခရစ်ယာန် နဲ့ ပုံသဏ္ဍာန်တူတယ် လို့ ဓမ္မပညာရှင် အချို့ ပြောကြပါတယ်။ စစ်မှန်တဲ့ ထေရ၀ါဒ မှာတော့ မမြင်ရတဲ့ အရာတွေကို အားမကိုးဘူး၊ ကိုယ့်ဟာကိုယ်သာ အားကိုးရာလို့ ဆိုတယ်။ ဒါပေမယ့် ထေရ၀ါဒ မှာ အယူတီးမှု (superstitious) များ တရားမ၀င် ရောနှော နေပြန်တယ်။ အဲဒါကို တချို့ ထေရ၀ါဒ သမား စစ်စစ်တွေက မိစ္ဆာ၀ါဒ လို့ သမုတ်ပြန်တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဘာသာတရား ဆိုသည်မှာ လူမှုဝန်းကျင် (human society) ကို တွန်းအားပေးနေတဲ့ အရာ ဖြစ်ပါတယ်။ ဖွဲ့စည်း တည်ဆောက်ပုံများ (institutions) များ နဲ့ တွန်သင်မှု (Teaching)၊ လက်တွေ့ ကျင့်ကြံမှု (practicing and implementation) ပုံစံ အမျိုးမျိုးပေါ်လိုက်ပြီး ထိရောက်တဲ့ ဘာသာတရား အဆုံးအမ များကို ခံယူတတ်လေ့ ရှိပါတယ်။
ဘာသာရေး အဖွဲ့အစည်းရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာလ
ခရစ်ယာန် ဘာသာ သမိုင်းမှာ လွန်ခဲ့တဲ့ ခရစ်တော်သက်ရှိထင်ရှားရှိစဥ
စွန့် ဦး ခရစ်ယာန် ကမ္ဘာသစ် ကို အစပျိုးခဲ့တာ အမေရိကန် နိုင်ငံ ဆိုရင် မမှားပါ။ ဘာသာရေး အာဏာရှင်များကို ကြောက်ရွံ့ပြီးထွက်ပြေးလာတဲ
အဲဒါကြောင့် နိုင်ငံတနိုင်ငံ တိုးတက်အောင်မြင်ဖို့ ဆိုသည်မှာ ဘာသာတရား ကောင်းယုံနဲ့မရ၊ ဖွဲ့စည်းအုပ်ချုပ်ပုံသည် အသက်နဲ့အမျှ အရေးကြီးတယ် ဆိုတာ ခရစ်ယာန် သမိုင်းက သက်သေထူခဲ့ပါတယ်။
အခုခေတ်မှာတော့ နိုင်ငံအလိုက် ရာခိုင်နှုန်းလိုက် ချမ်းသာသော နိုင်ငံတွေမှာ
နံပါတ်စဉ်အလိုက် ကြည့်ရအောင်
(၁) ခရစ်ယာန် နိုင်ငံ တွေ (အမေရိကန် နဲ့ ဥရောပ နိုင်ငံတွေ)
(၂) မဟာယာဏ ဗုဒ္ဓနိုင်ငံတွေ (တရုတ်၊ ဂျပန်၊ ကိုရီးယား စသည်များ)
(၃) မူဆလင် တွေ (ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ ဘရူနှိုင်း စသည်များ)
(၄) အခြားသော သီးသန့် ဘာသာတရား နိုင်ငံများ (အီစ္စရေး (ဂျူး)၊ အိန္ဒိယ (ဟိန္ဒူ)၊ ပန်ချာ (ဆိပ်စ်)၊ စသည်များ)
(၅) ထေရ၀ါဒ ဗုဒ္ဓနိုင်ငံများ။ (မြန်မာ၊ ကမ်ဘောဒီးယား၊ ထိုင်း၊ လာအို၊ သီရီလင်္ကာ၊ ဗီယက်နာမ်၊ စသည်များ)
No comments:
Post a Comment