(၁) စွမ်းအင် (လျှုပ်စစ်မီး) လုံလောက်စွာ မရရှိပဲ ဘယ်လိုမှ အလုပ် မဖြစ်။
(၂) အင်တာနက် မြန်နှုန်း (အခုခေတ်က ငွေကြေး အ၀င်အထွက် ကိစ္စကို လုပ်ငန်း
ဌာနချုပ်ကနေ အချိန်တိုင်း အွန်လိုင်းပေါ်ကနေ စောင့်ကြည့်တဲ့ ခေတ် ဖြစ်ပါတယ်။
နောက်ပြီး ငွေပေးချေတဲ့ အခါ အွန်လိုင်းပေါ်မှ ပေးချေခြင်း၊ ခရေဒိတ်ကပ်
များဖြင့် ပေးချေခြင်းများဟာ အင်တာနက် မြန်နှုန်း နဲ့ တိုက်ရိုက် ဆက်စပ် နေတယ်။)
(၃) လုပ်ငန်းလိုင်စင် အတွက် စိတ်မချ ရခြင်း။ (ကုမ္မဏီတခု ထောင်ရင်
လိုအပ်တဲ့ စာရွက်စာတမ်း၊ ရုံးလုပ်ထုံးလုပ်နည်းများ ကို ထင်သာ မြင်သာ ဖြစ်
အောင် ဖေါ်ပြထားခြင်း မရှိ။ သူများ နိုင်ငံတွေမှာက ၀န်ကြီးဌာန တွေရဲ့
ဝက်ဆိုက် မှာ အားလုံး တင်ထားတယ်။ နောက်ပြီး နိုင်ငံခြား
ရင်းနှီးမြုပ်နှံသူတွေ အတွက် လုပ်ငန်းလိုင်စင်ကို နေပြည်တော် အဆင့်က
ဝန်ကြီး အစည်းအဝေး မှာ ဆုံးဖြတ်တာ မြန်မာပြည်ပဲ ရှိ ပါတယ်။ အမှန်ဆိုရင်
ဝန်ကြီး အဆင့်မှာ ဆုံးဖြတ်ရမှာက လုပ်ငန်း စာရင်း တွေ ထုတ်ပြန် ဖို့ပါ။
နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ၊ အသေးစား၊ အလတ်စား၊ အကြီးစား
ရင်းနှီးမြုပ်နှံသူတွေ အတွက် ဘယ်လုပ်ငန်းတွေ ဘယ်လို ပုံစံ နဲ့ လုပ်နိုင်တယ်
ဆိုတဲ့ အချက်တွေကို တိတိကျကျ ဖေါ်ပြထားပြီး သက်ဆိုင်ရာ တိုင်းဒေသ၊ ပြည်နယ်
ဝန်ကြီးဌာန နဲ့ စည်ပင်သာယာ မှာ မှတ်ပုံတင် လျှောက်ထား ရမှာပါ။ မလေးရှားမှာ
မြန်မာ ကုမ္မဏီ အသေးစား တွေ ဒီလိုပဲ လုပ်နေကြပါတယ်။ လက်ရှိ နိုင်ငံတော်
ပိုင်တဲ့ လုပ်ငန်း တွေ မဟုတ်ရင် အသေးစားလုပ်ငန်းတွေကို နေပြည်တော် အဆင့်က
လိုင်စင်ချပေးတာ ကျန့်ကြာမှု ဖြစ်စေပါတယ်။)
(၄) လတ်ပေးလတ်ယူမှု အတွက် စိတ်ကုန်ခြင်း။ (နိုင်ငံခြားသားတွေ စိတ်အကုန်ဆုံးကတော့ နေရာတကာ လတ်ပေးရတဲ့ ဓလေ့ ပါ။)
(၅) မြေနေရာ အစမတန် ဈေးကြီးခြင်း၊ (၂၀၁၀ မတိုင်မီကတည်းက
စစ်တပ်အသိုင်းအ၀ိုင်းဟာ မြေတွေ သိမ်းယူထားပြီး နေရာတကာ သူတို့ အသုံးမပြုပဲ
ဝန်ကြီးဌာန ကတဆင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ၀င်လာရင် အစမတန်
ဈေးခေါ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံတကာမှာက ဒေသခံတွေဆီမှာ တိုက်ရိုက် ၀ယ်
ပြီး လုပ်ငန်းလိုင်စင် လျှောက်နိုင်တယ်။ မြန်မာပြည်မှာက မဟုတ်။ ဒေသခံ
အာဏာပိုင်တွေနဲ့ ပေါင်းထားတဲ့ ခရိုနီတွေ နိုင်ငံအနှံ့ လက်ဦးမှု ရယူထားခြင်း
အတွက် အခက်အခဲ ကြုံနေရတယ်၊ လို့ ထိုင်းသတင်းစာ တွေမှာ ဖေါ်ပြထားပါတယ်။)
(၆) လိုအပ်တဲ့ ထောက်ပံ့ရေး ပစ္စည်း ရရှိနိုင်မှု အရင်းအမြစ် အားနည်းခြင်း၊
(လမ်းတံတား၊ သယ်ယူပို့ဆောင်ရေးချိပ်ဆက်မှု၊ လိုအပ်တဲ့ အရင်းအမြစ်ရရှိနိုင်မှု
တွေ အားနည်းပါတယ်။ ဥပမာ၊ နည်းပညာ နဲ့ ဆိုင်တဲ့ စက်ရုံထောင်မယ် ဆိုရင်
လိုအပ်တဲ့ အရင်းအမြစ် တွေက အများကြီးပါ။ အခြေခံလိုအပ်ချက်ဖြစ်တဲ့ သံထည်၊
ကွန်ကရိတ်၊ ဓါတုဆေးပစ္စည်းများ၊ သတ္တုအမျိုးအမျိုး စတာတွေ ထောက်ပံ့ပေးနိုင်မှု
အားနည်းခြင်း၊ ကိုယ့်စက်ရုံ တခုထဲအတွက် လိုအပ်တဲ့ ထောက်ပို့ပစ္စည်း
အားလုံးကို ကိုယ်တိုင် ထုတ်ယူဖို့ မဖြစ်နိုင်ပါ။ စက်ရုံတခု ထောင်ရင်
လိုအပ်တဲ့ ထောက်ပို့ ပစ္စည်းတွေကို တခြား လုပ်ငန်းစုတွေက တဆင့် ယူရတာ
ဖြစ်ပါတယ်။)
(၇) Infrastructure တွေ အားနည်းခြင်း။ (အားလုံး ပါပါတယ်။ လမ်းတံတား၊ အဆောက်အအုံ၊ ဖုန်းလိုင်း၊ မီးလိုင်း၊ ...... )
(၈) ကောင်းမွန် တည်ကြည်တဲ့ အစိုးရ မရှိမဖြစ် လိုအပ် ပါတယ်။ ဥပဒေ
စိုးမိုးရေး မရှိတဲ့ နိုင်ငံကို လုံခြုံစိတ်ချမှု မရှိဘူး လို့ သတ်မှတ်
ပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေး အာမခံချက် မရှိတဲ့ နိုင်ငံတွေကို
ကြောက်ကြပါတယ်။
(၉) တင်းကြပ်လွန်းတဲ့ ပို့ကုန် သွင်းကုန် လုပ်ငန်း နည်းဥပဒေများ။ ဈေးကွက်လွတ်လပ်မှု မရှိခြင်း။
Saturday, July 6, 2013
မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံလိုသူတွေ အတွက် အဟန့်အတားဖြစ်စေတဲ့ အချက်များ။
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
ကချင် နိုင်ငံတော် သီချင်း
မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။
မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။
ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။
ငါတို့ပြည်၊ ငါတို့မြေ
ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။
အဆုံးအစမဲ့ ကာကွယ်၊
ကမ္ဘာ တည် သ၍ တည်စေသတည်း။
No comments:
Post a Comment