ဗမာ ဘုရင်များ လက်လက်က ဘယ်တော့ အခါမှ ပြည်ထောင်စု မဟုတ်ခဲ့ပါ။
ကချင်လူမျိုးတွေက ဗမာဆိုတဲ့ လူမျိုး မြင်တောင် မြင်ဖူးတာ မဟုတ်။ ဗမာ စကားလဲ ပြောတတ်တာ မဟုတ်။ ရှမ်းပြည်သားတွေ အခုထိ မန္တလေးဆင်းရင် ဗမာပြည်သွားမယ် လို့ ပြောကြတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပင်လုံစာချုပ်ဆိုတာ အတူတကွ ရှင်တွဲနေထိုင်ရေးမူ ဖြစ်တယ်။ တပြည် နဲ့ တပြည် စစ်ခင်းဖို့မဟုတ်၊ အုပ်ချုပ်ခံဖို့လဲ မဟုတ်ပါ။
သူ့ပြည်သူ အုပ်ချုပ်၊ ကိုယ့်ပြည်ကိုယ် အုပ်ချုပ်ဖို့ သဘောတူထားတာဖြစ်တယ်။ အခုမှ များလာတဲ့ လူမျိုးတွေကို ထည့်တွက်ကြေး ဆိုရင် နောင်တချိန် တရုတ်များလာရင် တရုတ် ပြည် အဖြစ်ခံမလား။ (အေးလေ.. အဲလို ဖြစ်ဖို့ စဉ်းစားနေတဲ့ လူတွေလဲ ဗမာ စစ်ခေါင်းဆောင်တွေမှာ ရှိကောင်း ရှိမှာပေါ့။)
အိမ်ရှင် ဆိုတာ တစ်ယောက်ပဲ ကျန်ကျန် အိမ်ရှင်ပါ။ ကျန်လူများက ဧည့်သည်များသာ ဖြစ်တယ်။ အိမ်ရှင် ကို လေးစားရမယ်။ ကချင်ပြည်မှာ လာအုပ်ချုပ်ပြီး ကချင်အလံ မကိုင်ရ၊ မရောင်းရ ဆိုရင်တော့ ခင်များတို့က တော်တော် လွန်သွားပြီ လို့ ပြောရမယ်။ အင်္ဂလိပ် ခေတ်တောင် ဗမာ အလံ၊ ကချင်အလံ သုံးနိုင်သေးတယ်၊ ဘာဖြစ်လို့ လွတ်လပ်တဲ့ ပြည်ထောင်စုထဲ ရောက်လာမှ ကချင်အလံ မသုံးရသလဲ?
No comments:
Post a Comment