Thursday, August 8, 2013
ကိုယ့်ဟာကိုယ် မတတ်မှန်းကို မသိခြင်းက ပိုဆိုးစေတယ်။
နိုင်ငံရေး ပညာရှင်တိုင်း နိုင်ငံရေး သမားတွေ မဟုတ် သလို
စီးပွါးရေး ပညာရှင်တိုင်းလဲ စီးပွါးရေး သမားတွေ မဟုတ်၊
ဘော်လုံး ပညာရှင်တိုင်း ဘော်လုံးသမားတွေ မဟုတ်သလို
စစ်ရေးကျွမ်းကျင်သူတိုင်းလဲ စစ်ဗိုလ်ချုပ်ကြီးတွေ မဟုတ်ပါ။
သို့သော် တိုးတက်တဲ့ နိုင်ငံတိုင်းဟာ အရေးကြီးလာရင် ပညာရှင် တွေကို အားကိုးတတ်တဲ့ ဓလေ့ ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာ စစ်တုန်းက ဗြိတိန်နိုင်ငံဟာ ဂျာမန် စစ်တပ်တွေရဲ့ ဗုံးဒဏ် အလူးအလဲခံခဲ့ရပါတယ်။ ဂျာမန်တွေရဲ့ ခြေလျှင်တပ်ဝင်သိမ်းဖို့ပဲ ကျန်တော့တာပါ။ အဲဒီအချိန်မှာ ဗြိတိန်ဝန်ကြီးချုပ် ၀န်စတန်ချာချီ ဟာ နေမ၀င် အင်ပါရာ စစ်တပ်ကြီးကို ဦးဆောင် နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ခေါ်ပြီး အချိန်တိုအတွင်းမှာ အမြန်ဆုံး ပြန်လည် တုန့်ပြန် တိုက်ခိုက်နိုင်ဖို့ စစ်ဆင်ရေး အစီရင်ခံစာ ရေးခိုင်းပါတော့တယ်။ တခြား ခြေလျှင်တပ် တို့လို နေရာအတွက်တော့ အင်အားဖြည့်ဖို့ အခက်အခဲ မရှိပေမယ့် လေတပ်လို နေရာအတွက်တော့ အချိန်တိုအတွင်း မဖြစ်နိုင်ပါ။
ဒီတော့ လေတပ်ဗိုလ်ချုပ်ကြီးဟာ လက်ရှိ ရှိနေတဲ့ အင်အား ကို အကောင်းဆုံး အသုံးချ နိုင်ဖို့ သုတေသန လုပ် ရပါတော့တယ်။
ဒီတော့ သုတေသန ကျွမ်းကျင်သူတွေဟာ သိပ္ပံနဲ့ နည်းပညာ သက္ကသိုလ်တွေမှာပဲ ရှိတာပါ။ ဒီတော့ အောက်စ်ဘို့ သက္ကသိုလ် လို နာမည်ကြီး သက္ကသိုလ်က သုတေသီတွေကို ချည်းကပ် ပါတော့တယ်။ ဘယ်သူမှ မအားကြပါ။
နောက်ဆုံး သတ္တဗေဒ ဌာန မှာ ယင်ကောင် များကို သုတေသန လုပ်နေတဲ့ သုတေသီ တစ်ယောက် နဲနဲ အားနေတာကို ရ လိုက်ပါတော့တယ်။
ဒီတော့ လေတပ် ကို ခေါ်လာတယ်။ အဲဒီ သုတေသီဟာ စစ် လေယဉ်တွေအကြောင်း ဘာမှ နားမလည်ပါ။
ဒါပေမယ့်၊ သူ့ကို လေတပ် ဗိုလ်ချုပ်ကြီးတွေက နိုင်ငံ့ အတွက် ဒီလောက် သေရေး ရှင်ရေး အရေးကြီးတဲ့ အလုပ် ကို စိတ်ချ လက်ချ အပ်လိုက်ပါတော့တယ်။
အဲဒီ သုတေသီဟာ နေ့တိုင်း စစ်လေယဉ်မှူးတွေကို လေ့လာတယ်။ လေယဉ်ကွင်း အနေအထား၊ လေယဉ်ဂူဒေါင်များမှ အသွင်းအထုတ်၊ လေယဉ်မှူးများကို လေယဉ်မောင်းခိုင်းလိုက်၊ ပြန်ဆင်းခိုင်းလိုက်၊ ဂူဒေါင်ထဲ သွင်းခိုင်းလိုက်၊ ဓါတ်ဆီဖြည့်ခိုင်းလိုက်၊ နဲ့ အလုပ်ရှုပ်နေတယ်။ လေယဉ်မှူးတွေက မညီးမညူ သူခိုင်းတဲ့ အတိုင်း လုပ်ပေးတယ်။
နှစ်လ လောက် ကြာတဲ့ အခါ၊ လေတပ် စစ်ဆင်ရေး သုတေသန အစီရင်ခံစာ (Operational Research Report) ထွက်လာပါတော့တယ်။
စစ်ရေးမှာ အတွေ့အကြုံအများကြီး ရင့်ကျက်နေတဲ့ နေမ၀င် အင်ပါယာ စစ်ဗိုလ်ချုပ်ကြီးတွေ ဘာမှ အတွန့်မတက်ခဲ့ပါ။ သူ့ရဲ့ အစီရင်ခံစာ အတိုင်း သူတို့ ဆက်လုပ်ခဲ့ကြပါတယ်။ နောက်ဆုံး အောင်မြင်တယ် ဆိုပါတော့။
ဒူဝါ အနေနဲ့ စဉ်းစားမိတာက၊ မြန်မာပြည်မှာသာ ဆိုရင် အတွေ့အကြုံရင့်တဲ့ လူတိုင်းက အဲဒီ လုပ်ငန်းအကြောင်း သူတို့ ပိုတတ်တယ် ထင်ကြတယ်။
တကယ်တော့ ကိုယ့်ဟာကိုယ် မတတ်မှန်းကို မသိခြင်းက ပိုဆိုးစေတာပါ။
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
ကချင် နိုင်ငံတော် သီချင်း
မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။
မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။
ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။
ငါတို့ပြည်၊ ငါတို့မြေ
ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။
အဆုံးအစမဲ့ ကာကွယ်၊
ကမ္ဘာ တည် သ၍ တည်စေသတည်း။
No comments:
Post a Comment