Thursday, April 4, 2013

ဘယ်သူထောင်ထားတဲ့ မိုင်းလဲ...



မသိတဲ့လူတွေက ကေအိုင်အေ ထောင်ထားတဲ့ မိုင်းပဲ ရှင်း ပေးသလိုလို နဲ့ ကေအိုင်အေကို ဆဲနေတဲ့လူတွေလဲ အများကြီးပဲ။

လူစိတ်ရှိတဲ့ သာမန်လူတွေ အနေနဲ့ ဆက် စဉ်းစားလိုက်ပါ။

ဒီ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ မြစ်ကြီးနား မှ လိုင်ဇာ ကို ထွက်သွားတာ မြစ်ကြီးနား-ဗန်းမော် ကားလမ်း လမ်လည်ခေါင်က သွားတာပါ။ မြစ်ကြီးနား မြို့ခံ ကချင်တွေလဲ ပါတယ်။

သူတို့က လမ်းဘေးကို ၀င်သွားတာလဲ မရှိဘူး။ မြစ်ကြီးနား နဲ့ လိုင်ဇာ ကြားမှာ သူတို့ လမ်းခုလတ် မိုင်းပေါက်တယ် ဆိုတာလဲ မကြားဘူး။

ဒီ တပ်မတော်သားတွေ လမ်းရှင်းတယ် ဆိုတာ ဘယ်နေရာလဲ... ဘယ်အတွက်လဲ... မြစ်ကြီးနား-ဗန်းမော် ကားလမ်းကို အစိုးရ စစ်တပ် ထိန်းချုပ်ထားတာ ဇန်န၀ါရီလ လဂျားယန် စစ်ပွဲ ပြီး ကတည်းကပါ။ ဒီတော့ ဘယ်သူ ထောင်ထားတဲ့ မိုင်းလဲ...

ဘယ်နားမှာ မိုင်း ပေါက်သလဲ... ရှင်းရှင်းလေး လုပ်ပါဟ... ရွှေ တို့ရဲ့... အပြစ်မရှိ အပြစ်ရှာဖို့လောက်ပဲ တတ်နိုင်ကြသလား...

မိုင်းရှင်းတယ် ဆိုရင် ကေအိုင်အေ ထိန်းချုပ်နယ်မှာ လိုက်ရှင်း တာ တော့ ဘယ်လိုမှ မဖြစ်နိုင်။ မိုင်းလိုက်ရှင်းတယ် ဆိုတာ သူတို့ဟာ သူတို့ ထောင်ထားတဲ့ မိုင်း ပဲ ဖြစ်ပါမယ်။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်