ဆရာတစ်ဆူ ပါရဂူများခင်ဗျာ
ဆရာတို့ရဲ့ အသွင်ကူးပြောင်းရေးကာလ မှန်း ဆချက်များ နိုင်ငံရေး ဟောပြောပွဲကို မြန်မာနေရှင်နယ် ရုပ်သံလိုင်းကနေ ၈.၆.၂ဝ၁၄ ညမှာ ကြည့်လိုက်ရ တယ်ဆရာ၊ ဆရာတို့ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်မှုတွေကို သိလိုက်ရတော့ အထင်ကြီး လေးစားဂုဏ်ယူမိပါတယ်။ သမ္မတကြီးက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှ နိုင်ငံရေးအရ အတင်း အကျပ်မလုပ်ဖို့ ဖိအားမပေးဖို့ပြောပြီး တစ်ရက်နှစ် ရက်ပဲရှိသေးတဲ့အချိန်မှာ ဆရာတို့ရဲ့ ဟော ပြောပွဲနား ထောင်လိုက်ရတော့ ဒါဟာ Political Time Bombနိုင်ငံရေး ချိန်ကိုက်ဗုံးတစ်ခုလားလို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံဥပဒေပြင် ဆင်ရေး တရားပွဲတွေကို လုံးစေ့ပတ်စေ့လွှင့်မပြခဲ့ဘူ
ဒီမှာကသတင်းထုတ်ပြန်မှု အားနည်းတယ်ဆ ရာ၊ အဲဒီတော့ ဒီလိုပွဲမျိုးတွေမှာ တက်ခွင့်ရဖို့ဆိုတာ နီးစပ်တဲ့အသိုင်းအဝိုင်းရှိ
ဆရာတို့အဖွဲ့က ပြည်သူတွေနဲ့ ဟိုးအဝေးကြီးမှာ နေခဲ့ကြပြီး ပြန်လာကြတဲ့အခါ တိုင်းပြည်ရဲ့ ရာထူး ကြီးတဲ့ အာဏာပိုင်တွေက ဝမ်းသာအယ်လဲ ကြိုဆို တာတွေ့လိုက်ရတော့ ဆရာတို့အထင်နဲ့အမြင်ပါစင် အောင်လွဲခဲ့ပြီဆိုပြီး ချက်ချင်းကြီး ကောက်ချက်ချ လိုက်ကြတယ်နော်။ အနော်ရထာလမ်းမပေါ်က ဒန် ပေါက်ဆိုင်ဧည့်ကြိုတွေနဲ့ မဂိုလမ်းအောက်ဘလောက် က ရွှေကြိုတွေကို ဆရာတို့ တစ်ခါမှမဆုံဆည်းဘူးလို့ ဘဲလို့ ကျွန်တော်ထင်မြင်မိတယ်ဆရာ၊ ဆင်လာရင် ကြံကျွေး၊ မျောက်လာရင် ငှက်ပျောသီးကျွေး၊ ကလေး လာရင်သကြားလုံးကျွေး၊ ပညာတတ်နိုင်ငံရေးသမား တွေကို ဘယ်လိုဆက်ဆံရမယ် ဆိုတာ၊ စစ်ဗိုလ်ချုပ် ကြီးတွေသိတယ်ဆရာ၊ ဆရာတို့ဟားဗတ်မှာ လာဘ် ပေးလာဘ်ယူလုပ်နည်း ဘယ်နှစ်နည်းရှိတယ်လို့ သင်ခဲ့ရသလဲဆရာ၊ ဆရာတို့သင်တဲ့အထဲမှာ မပါဝင် တဲ့လာဘ်ပေးလာဘ်ယူနည်းတွေ ဗိုလ်ချုပ်ကြီးတွေဆီ မှာ အများကြီးရှိသေးတယ် အိမ်မြေတိုက်တာကား ငွေကြေးနဲ့ လာဘ်ထိုးလို့မရတဲ့သူတွေကို နေရာပေး၊ အလေးပေးဆက်ဆံရင် ကိုယ့်ဘက်ပါအောင် စည်းရုံး လို့ရတယ်ဆိုတာကိုစစ်ဗိုလ်ချ
ဆရာတို့ကို စစ်တပ်ဘက်ပါသွားပြီလို့ မစွပ်စွဲဝံ့ ပါဘူးဆရာတို့ပါသွားမှာကိုဘဲ
ဆရာတစ်ဆူပါရဂူများခင်ဗျာ
နိုင်ငံတကာကကျင့်သုံးတဲ့ နိုင်ငံရေးမူဝါဒတွေ မြန်မာပြည်မှာလိုက်နာကျင့်သ
နယ်ဆင်မင်ဒဲလား ရင်ဆိုင်ခဲ့ရတဲ့သူတွေနဲ့ဒီက
ကျနော်တို့ပြည်သူတွေစစ်တပ်ရ
အာဏာရှိရင် တရားဝင်လူသတ်လို့ရတဲ့ ကျ နော်တို့ တိုင်းပြည်မှာ ကိုယ့်လက်ထဲက အာဏာကို သူများ လက်ထဲအလွယ်တကူ လွဲပြောင်းပေမယ့် သူ တော်စင် မမွေးဖွားသေးပါဘူး ဆရာရယ်၊ဒီမိုကရေစီ ကိုယ်ဝန်က တစ်စတစ်စ ရင့်မာလာလို့ အတင်းအ ကျပ်လက်ထပ်လိုက်ကြရတာ ဆရာရေ၊အရပ်လက် သည်အားကိုးနဲ့ ဖျက်ချခဲ့တာလဲ အကြိမ်ကြိမ်၊ပဋိသ န္ဓေတားဆေးမျိုးစုံ စားခဲ့တာလဲအကြိမ်ကြိမ်၊ တော်ကြာ ဒီမိုကရေစီ ရင်သွေးက ဝမ်းဗိုက်ထဲမှာလျောသွားရင် ကိုယ်ဝန်အဆိပ်တက်ပြီး မိခင်ရဲ့အသက်ကိုပါ ရန်ရှာ လာနိုင်လို့ ချက်ချင်းလက်ထပ် ချက်ခြင်းမွေးခဲ့ရတဲ့ ဒီမိုကရေစီသားဦးလေးပါဆရာ၊ကိ
ဒီမိုကရေစီရင်သွေး အပြင်ရောက်လာတော့လဲ ဘယ်သူ့ အဖေခေါ်လို့ ခေါ်ရမှန်းမသိဘူး ဆရာရဲ့။ ဟိုလူက ငြိုငြင်၊ဒီလူက မခေါ်ချင် မပြောချင်နဲ့ ရပ် တည်နေရတာပါ ဆရာတို့ စဉ်းစားကြည့်ပါ။ ဆရာ တို့ကို ဝန်ကြီး ဘယ်နှစ်ပါးက ဟက်ဟက်ပက်ပက် ဆက်ဆံကြလို့လဲ၊ ဝန်ကြီး ဦးအောင်မင်းတစ်ယောက် ထဲ အဆင်ပြေရုံနဲ့ အစိုးရတစ်ဖွဲ့လုံး ကိုယ်စားပြုတယ် မထင်ပါနဲ့ ဆရာ။ ဦးအောင်မင်းကရှေ့မှာ စကားပြော နေတုန်း နောက်ကကာချုပ်ဦးမင်းအောင်က လောင် ချာနဲ့ပစ်နေကြတဲ့ အဖွဲ့တွေပါ ကျနော်တို့ ပြည်သူ တွေက နိုင်ငံတကာ နိုင်ငံရေးပညာတွေ၊ နိုင်ငံတကာ ဖွဲ့စည်းပုံတွေ အကြောင်းမသိကြပါဘူး ဆရာ။ စစ် အစိုးရအကြောင်းနဲ့ ၂ဝဝ၈ နာဂစ်အပြီး အလောင်း တောင်ဖြောင့်ဖြောင့် မကောက်နိုင်ချိန်မှာ အတင်းအ ကျပ် ထောက်ခံခိုင်းထားတဲ့ ဖွဲ့စည်းပုံအကြောင်းကို ကောင်းကောင်းသိပါတယ်ဆရာ။
ဆရာတို့က ကမ္ဘာ့အမြင်တွေ ကျယ်လာတော့ ဟိုးအဝေးကြီးကို လှမ်းမြင်နိုင်ပြီး အနီးမှုန်လာတတ် တယ်၊ ဆရာ ရဲရဲကြီး အာမခံရဲလား၊ဆရာတို့ အသက် တွေ ဘဝတွေနဲ့ရင်းပြီး လောင်းကြေးထပ်ရဲလား။ဒီ မိုကရေစီဆိုတာ ပြည်သူ ကြိုက်တဲ့သူကို ပြည်သူ ကိုယ်တိုင် ရွေးချယ်ခွင့် ရရမှာမဟုတ်ဘူးလား ဆရာ၊ ကျနော်တို့ ကြိုက်တဲ့သူကို ကျနော်တို့ ရွေးလို့မရဘူး လား ဆရာ၊ စစ်တပ်က သူတို့ကြိုက်တဲ့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကို ယခုထက်ထိ ခေါင်းဆောင်တင် ထား ဆဲပါဘဲ ဆရာရယ်၊ ဆရာတို့က လက်ရှိသမ္မတကြီး ပြီးယုံနဲ့ ပြီးမယ်ထင်နေသလားဆရာ။
ကာကွယ်ရေး ဦးစီးချုပ်ကို ဘယ်သူခန့်တာလဲ ဆရာတို့ သိသလား၊ ဘယ်သူ ဖြုတ်ရဲသလဲ ဆရာတို့ သိသလား မြန်မာ့နိုင်ငံရေးက ရှုပ်ထွေးတယ် ဆရာ၊ ကျနော်တို့ကသာ လင်ဆိုးမယား တဖားဖားဆိုသလို အစိုးရရဲ့ အကျင့်ဆိုးတွေ သိသိကြီးနဲ့ ခံနေကြတာပါ ဆရာရယ်။
နိုင်ငံတကာ စံနှုန်းတွေနဲ့ မြန်မာနိုင်ငံရေးကို ချဉ်းကပ်မယ် စဉ်းစားရင်၊ ဆရာတို့ ဆံပင်တွေ ဖြူ သွားတွေကျိုးပြီး မြန်မာအိမ်ဖော်တွေ ကမ္ဘာ့ဈေးကွက် ကို လက်ဝါးကြီးအုပ်တာကိုတောင် မမြင်လိုက်ရဘဲ ဖြစ်သွားပါမယ်၊ ဆင်းရဲတွင်းဆိုတာ ငရဲအိုးလို ပူ လောင်လေတော့ မြန်မာပြည်သူတွေ ဆင်းရဲတွင်းက ချက်ချင်း ခုန်ထွက်ချင်တာ၊ သူတို့မှာ အပြစ်ရှိသလား ဆရာ၊ ဆင်းရဲတွင်းဆိုတာ စိမ့်စမ်းရေတွင်းလို မအေး မြနိုင်ဘူး ဆရာ။ ချမ်းသာတဲ့သူတွေကအကူးအပြောင
ဆရာတို့ရဲ့ ပညာဂုဏ်အလုပ်ဂုဏ်၊ အသိဥာဏ် ဂုဏ်တွေကို အများကြီးလေးစားပါတယ်ဆရာ။ ဆရာ တို့ဟားဗတ်တို့၊ ယေးတို့ အောက်စဖို့ဒ်မှာ သင်ကြား ခဲ့တဲ့ ပညာတွေထဲက မြန်မာပြည်သူတွေ အကျိုးရှိမဲ့ နည်းနာနိဿယျတွေကို အနှောင်အဖွဲ့ကင်းကင်း၊ ပြည်သူဆန်ဆန် တွေးခေါ်စဉ်းစားပြီး မြန်မာ့မြေနဲ့ ကိုက်ညီမယ့်နည်းစနစ်တွေနဲ့တ
ကျနော်ပြောဖို့ကျန်သွားတယ်ဆ
ဒါပေမယ့်မရှင်ဘူးဆရာရေ။ထင်း
ဆရာတို့ကို အထင်ကြီးလေးစား
အစဉ်ဂါရဝပြုလျှက်
ရေနံ့သာခင်မောင်ထွေး
ပြည်သူ့ဆန္ဒဂျာနယ်အတွဲ(၂)အမှ
(သစ်ထူးလွင် မှ ထပ်ဆင့် ကူးယူတင်ပြပါသည်။)
No comments:
Post a Comment