Thursday, January 3, 2013
သေနတ်နဲ့ ခြိမ်းခြောက်တဲ့ ငြိမ်ဝပ်ပိပြားရေးဟာ ငြိမ်းချမ်းရေး မဟုတ်။
နှစ်ပေါင်း ၅၀ ကျော် သေနတ်နဲ့ ခြိမ်းခြောက်ပြီး အုပ်ချုပ်လာတယ်.... လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က ငြိမ်ဝပ်ပိပြားရေး ဆိုတဲ့ ခေါင်းစဉ်တောင် သပ်ပြီး အုပ်ချုပ်လာတာ မြန်မာနိုင်ငံသားတွေ ဘာမှ မငြိမ်းချမ်းခဲ့ပါဘူး။ ချမ်းသာလဲ မသွားဘူး။ လူနည်းစု သာ ချမ်းသာသွားတယ်။ ၉၉ ရာခိုင်နှုန်းသော မြန်မာ နိုင်ငံသားတွေဟာ ဒုံ ရင်းက ဒုံရင်းပါပဲ။
ခေတ်မီ အသုံးအဆောင် ပစ္စည်းများ သုံးလာတာ အစိုးရ ကြောင့် မဟုတ်။ ဒီဖက်ခေတ်တွေမှာ တကမ္ဘာလုံး အတိုင်းအတာ ပြောင်းလဲ လာတဲ့ ခေတ်ကြီး ဖြစ်တယ်။
တာတောင် မြန်မာနိုင်ငံမှာ ခေတ်ပေါ် အိုင်တီ နည်းပညာ အသုံးအဆောင် များ မသုံးလိုက်ပဲ ခေတ်လွန်သွားတာတွေ အများကြီးပါ။
ဥပမာ...
(၁) ကြိုးဖုန်း ကို လူတိုင်း၊ အိမ်တိုင်း မသုံးလိုက်ရပဲ ခေတ်လွန်သွားတော့မယ်။
(၂) ၁၉၉၀ နောက်ပိုင်း ခေတ်စားခဲ့တဲ့ Pager ဆိုတဲ့ ဆက်သွယ်ရေး နည်းပညာ မြန်မာ ပြည်သားတွေ မကြားလိုက်ရဘူး။ ပေဂျာ ဆိုတာ တလမ်းသွား ကြိုးမဲ့ ဆက်သွယ်ရေး ကိရိယာ ဖြစ်ပါတယ်။ ဆယ်လူလာ ဖုန်း စသင် ခေတ်စားလာတဲ့ အစောပိုင်း အချိန်ထိ တော်တော် အသုံးတည့်ခဲ့တာပါ။ လမ်းဘေးဖုန်း၊ ကြိုးဖုန်းများ ဖေါဖေါတီတီ ရှိနေတဲ့ နိုင်ငံတွေမှာ လူတိုင်းလိုလို သုံးခဲ့တဲ့ ခါးချိတ် ကိရိယာ သေးသေးလေး ဖြစ်ပါတယ်။ အခုခေတ် Handset မှာ အသုံးများတဲ့ နည်းပညာ တခု ဖြစ်တဲ့ Miss Call and Message ပုံစံ ပါပဲ။ လူတစ်ယောက်က ကိုယ့်ဆီ ဖုန်း ဆက်ဖို့ အရေးပေါ် Message ပို့လိုက်တဲ့ အခါ ဖုန်းနံပါတ်ပေါ်လာတယ်။ အဲဒီ ဖုန်းနံပါတ်ကို ပြန်ဆက်သွယ်ရန် ဆိုတဲ့ သဘောပါ။ ပြန်တော့ ပြောလို့ မရ ပေမဲ့၊ ချိန်းချက်ကို ချက်ချင်း သိနိုင်တဲ့ သဘော ဖြစ်ပါတယ်။
(၃) လမ်းဘေး ကတ်ဖုန်း နဲ့ အကြွေဖုန်း စနစ် (Public Phone) ကိုလဲ လက်လွတ်ခဲ့ရ ပါတယ်။
(၄) လူတိုင်း၊ အိမ်တိုင်း ကိုယ်ပိုင် အိတ်ဆောင် ကွန်ပြူတာ နဲ့ အင်တာနက် မသုံးလိုက်ရပဲ Tablet ခေတ်ကို ရောက်သွားတော့မယ် နဲ့ တူပါတယ်။
(၅) လမ်းဘေးမှာ အကြွေထည့်ပြီး အချိုရည်ဗူးများ ၀ယ်သောက်၊ အ၀တ်အစား လျှော်ဖွတ်တဲ့ စနစ် (Vending Machine) ကလဲ အခုထိ မသုံးနိုင်သေးဘူး။ ဒါပေမယ့် အချိန်မီပါသေးတယ်။
စစ်ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ စွမ်းဆောင်ချက်က အထွတ်အထိပ်ကို ရောက်နေသယောင် အမြဲတမ်း ဟောပြောတတ်ပါတယ်။ ဒါပေမယ့် အဆိုပါ နည်းပညာ များ လက်လွတ်လိုက်ရခြင်းသည် စစ်ဝါဒီများ ကြီးစိုးနေသောကြောင့်သာ ဖြစ်ပါသည်။
ကရင် ဌာနချုပ် မာနေပလော ကျသွားလို့ ကရင် တော်လှန်ရေးမပြီးပါဘူး။ ၁၉၈၇ မှာ ကေအိုင်အေ ဌာန ချုပ် တခါ ကျဖူးတယ်။ ကေအိုင်အေ ပိုလို့တောင် အင်အားတောင့်လာခဲ့ပါတယ်။
သေနတ် နဲ့ ဆက်လက်ဖြေရှင်းမယ် ဆိုရင် နောက်ထပ် စစ်ကျွန်ဘ၀ ကို ပြန်သွားရုံမှ တပါး ဘာမှ ထူးလာမည် မဟုတ်ပါ။
ငြိမ်းချမ်းရေး ဆိုတာ လူတိုင်းလူတိုင်း လွတ်လပ်စွာ ရှင်သန်ခွင့် ပဲ ဖြစ်ပါတယ်။
လူမျိုးတိုင်းလဲ သူ့ယဉ်ကျေးမှု၊ ဘာသာတရားမှာ လွတ်လပ်စွာ ရှင်သန်ခွင့် ရရပါမယ်။ ဒီလို ရှင်သန်ခွင့် ဆိုတာ တခြားလူမျိုးတစ်ယောက်က တခြားလူမျိုးအပေါ် အခွင့်ပေးမှ လုပ်ရတာမျိုး မဖြစ်သင့်ပါ။
ဥပမာ...
ဗမာ တစ်ယောက်က ကချင်တွေရဲ့ ပွဲလမ်းသဘင်၊ ဘာသာတရားကို လုပ်ခွင့်ချပေးမှ လုပ်ခွင့်ရတဲ့ စနစ်မျိုးကို ခေါ်တာပါ။ ဒီလို စနစ်ရှိနေရင် လူအပေါ်မှာ မီခိုနေရတဲ့ သဘော ဖြစ်သွားတယ်။ လူကောင်းရင် လုပ်ခွင့်ရမယ်၊ အဲဒီလူက သဘောမတွေ့ရင် လုပ်ခွင့် မရတော့ဘူး။ ဒီတော့ ဖါးရတော့မယ်။ ဒီတော့ မာန်တက်လာမယ်။ ခံရတဲ့ လူတွေက ခံပြင်းစိတ်ကြီးထွားလာမယ်။
ဒီတော့ ကချင်ကို ကချင်၊ ကရင်ကို ကရင်လူမျိုးတွေကိုယ်တိုင် ရွေးချယ်ထားတဲ့ ပါလီမန် နဲ့ အုပ်ချုပ်သူ လူတန်းစားများ အုပ်ချုပ်မှသာလျှင် ရေရှယ်မှာ ငြိမ်းချမ်းလာမှာ အမှန်ပါ။
ဒါကို ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးရေး လို့ခေါ်ပါတယ်။ ဖက်ဒရယ်လို့လဲ ခေါ်ပါတယ်။ မြန်မာ ပြည်ရဲ့ နိုင်ငံရေး ဇာတ်ခုံကို ငြိမ်းချမ်းသွားအောင် တကယ်လုပ်ချင်တယ် ဆိုရင် ဖက်ဒရယ်မှ တပါး တခြား မဖြစ်နိုင်ပါ။
မြန်မာ ပြည်ပဲ မဟုတ်။ ဖက်ဒရယ် ဆိုတာ တိုးတက်တဲ့ နိုင်ငံတိုင်း ကျင့်သုံးနေတဲ့ စနစ် ဖြစ်ပါတယ်။
ဖက်ဒရယ် အကြောင်း မပြောပဲ ငြိမ်းချမ်းရေး စကားပြောတာက စစ်ကျွန်ဘ၀ကို ပြန်တောင်းဆိုနေတဲ့ လူစားမျိုးသာဖြစ်ပါတယ်။
လက်တစ်ဆုတ်စာ လူ့ဘော်ကျော့များကို ဖူးဖူးမှုတ်ထားတဲ့ အသိုင်းအ၀ိုင်း ရှိနေတာကလဲ မြန်မာ နိုင်ငံရဲ့ တိုးတက်မှု ဖြစ်စဉ်ကို အဟန့်အတား ဖြစ်နေတဲ့ အချက် ဖြစ်ပါတယ်။
လက်နက်နဲ့ ငြိမ်းချမ်းရေး မရပါ။ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးသာလျှင် မြန်မာ နိုင်ငံအတွက် အဖြေကောင်း ရှာနိုင်မည်။
တိုင်းရင်းသားများကို ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့် ပေးထားတယ် ဆိုရင်တော့ တော်လှန်စရာ မကြောင်း မရှိပါဘူး။ အခုထိ ဘာအခွင့်အရေးမှ မပေးဖူးပါ။ တချို့က အခွင့်အရေး ဆိုတာကြီးကို နေပြည်တော် အစိုးရ က ကြည့်စီစဉ်ပေးရင် ရပါတယ်။ ဆိုတဲ့ သဘောမျိုးပြောနေတာလဲ ရှိပါသေးတယ်။ နိုင်ငံရေး အခွင့်အရေး ဆိုတာ စီးပွါးရေး အခွင့်ရေး ဖွင့်ပေးတာမျိုးနဲ့ မတူပါ။
နိုင်ငံရေး အခွင့်အရေး ဆိုတာ အာဏာ လွဲပြောင်းခြင်းပဲ ဖြစ်ပါတယ်။ ဆက်ပြီး အခွင့်အရေး တွေ ထပ်ထပ် ချပေးစရာမလို၊ အဲဒီ အခွင့်အရေး မှန်သမျှ ချခွင့် အာဏာပဲလိုတာပါ။
ငါးဟင်းတောင်းစားနေတာ မဟုတ်၊ ငါးမျှားခွင့် ကို ချပေးသူ အင်းပိုင်ရှင် ဖြစ်ခွင့် တောင်းနေတာပဲ ဖြစ်တယ်။ အရင်က အင်းပိုင်ရှင်တွေစီက အပိုင်စီးထားခြင်းခံရတဲ့ မူရင်းပိုင်ရှင် တွေက တောင်းနေတာလဲ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို အမြစ်ပြတ် တိုက်မယ် ဆိုတဲ့ အိမ်မက်သာ ရှိနေရင်တော့... စစ်ကျွန်ဘ၀ က လွတ်လမ်း မမြင်ပါ။
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
ကချင် နိုင်ငံတော် သီချင်း
မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။
မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။
ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။
ငါတို့ပြည်၊ ငါတို့မြေ
ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။
အဆုံးအစမဲ့ ကာကွယ်၊
ကမ္ဘာ တည် သ၍ တည်စေသတည်း။
No comments:
Post a Comment