Thursday, July 3, 2014

အစိုးရတပ်ရဲ့  လိင်အကြမ်းဖက်မှု မှတ်တမ်းများ


အစိုးရစစ်တပ်ဟာ မုဒိမ်းကျင့်ဖို့ လေ့ကျင့်တဲ့နေရာ ဖြစ်တယ် School for Rape ဆိုတဲ့ Besty Apple ရဲ့  အစိုးရအစီရင်ခံစာ (၁၉၉၈) ခုနှစ်က ထွက်လာပါတယ်။ ဒီအကြောင်းကို မုဒိမ်းတပ်မတော်အမည်နဲ့ DVB က အသံလွှင့်ခဲ့ဖူးပါတယ်။ နောက် (၁၅) နှစ်ကြာတော့ မုဒိမ်းမှုကျူးလွန်တဲ့ အစိုးရတပ်ရင်းတွေအကြောင်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် the Women’s League of Burma က Same Impunity, Same Pattern ဆိုတဲ့ အစီရင်ခံစာကို ဇန်နဝါရီလက ထုတ်ဝေခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ နေရာတွေမှာတောင် အစိုးရတပ်ဟာ မုဒိမ်းမှုကျူးလွန်နေတုန်းပဲလို့ မေလထုတ် ကရင်လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း တိုင်းရင်းသူအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း အစိုးရတပ်ရဲ့  မုဒိမ်းမှတ်တမ်းကို အခါမလင့် ဖော်ထုတ်ကြပါတယ်။ ဇန်နဝါရီလထုတ် အစီရင်ခံစာမှာတော့ ၂၀၁၀ ရွေးကောက်ပွဲကျင်းပချိန်ကစပြီး ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေကို မှတ်တမ်းတင်ထားပါတယ်။ မြို့ နယ် (၃၅) ခုမှာ အစိုးရတပ်ရင်း (၃၈) ရင်းက ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုတွေ ဖြစ်ပါတယ်။ တိုင်းရင်းသားနယ်မြေကို ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်ဟာ အရပ်သားကို အန္တရာယ်အဖြစ် သတ်မှတ်တာမို့ တိုင်းရင်းသားစိတ်ဓါတ်ပျက်ပြားအောင် မုဒိမ်းလက်နက်ကို အဖြစ်သုံးတာလို့ ဆိုပါတယ်။

ပင်လုံစာချုပ် ကို ဘေးဖယ်ထားပြီး ငြိမ်းချမ်းရေး လုပ်ဖို့ ဆိုတာ


ယောက္ခမ ကို မနှစ်သက်ပဲ ဇနီးသည် နဲ့ တည့်အောင် ပေါင်းမယ် ဆိုတဲ့ သဘော ဖြစ်နေပါတယ်။ ခဏတော့ ရမယ်၊ ကြာကြာတော့ အာမခံလို့ မရပါ။ ဘယ်သမီးကမှ ကိုယ့် အမေ ကို မကောင်းပြောပေးရင် ကြိုက်တာ မရှိပါ။

ပင်လုံစာချုပ် ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတဲ့ သမီးလေး မွေးလာရခြင်း ပါ။ ထိုနည်း၎င်း ပင်လုံစာချုပ် ဆိုတာလဲ ဖက်ဒရယ် ဆိုတဲ့ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု ကို ခုံမင်ခဲ့တယ်။ 

ယောက္ခမ ကို မျက်နှာလုပ်ချင်ရင် သူ့ရဲ့ ၀တ်စားဆင်ယင်ပုံ ကိုပါ လက်ခံပေးရတာ သဘာဝပဲ မဟုတ်လား။

မြန်မာ့ မီဒီယာများကို ဒူဝါ စောင့်ကြည့်နေတာ ကြာပြီ။


ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ ကချင် အရပ်ဖက် အဖွဲ့အစည်းများ အားလုံး နီးပါး တကျော့ပြန် စစ်ပွဲများ ရပ်ဖို့ နည်းမျိုးစုံ နဲ့ တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

မြစ်ကြီးနားမြို့ပေါ်မှာ တင် လူပေါင်း သောင်းနဲ့ချီ ချီတက်ခဲ့ကြတာပါ။ မီဒီယာ တွေ မသိစရာ အကြောင်းမရှိတာကို ပြောတာပါ။

ဒါပေမယ့်
ဘာဖြစ်လို့ မြန်မာ့ မီဒီယာ တွေမှာ မတွေ့ပါလိမ့်။

မနှစ် (၂၀၁၃) က ကေအိုင်အေ အဖွဲ့ ကို ကြိုဆိုတဲ့ ကချင်လူထုများရဲ့ သတင်း နဲ့ ဓါတ်ပုံကိုတော့ မသိကြဘူး၊ ကေအိုင်အေ အပြန်လမ်းမှာ ကြံ့ဖွတ်အမတ် တစ်ယောက် စော်သြလို့ လူ ၂၀ လောက် လမ်းဘေးမှာ ကေအိုင်အေ ကို ဆန္ဒပြတယ် ဆိုတဲ့ ဓါတ်ပုံတော့ မီဒီယာမှာ ပါလာတာတွေ့ရ ပါတယ်။
အောက်ပြည်က လူတွေရဲ့ ကချင်စစ်ပွဲ ရပ်ဖို့ လမ်းလျှောက်အဖွဲ့မျိုးစုံ ရဲ့ ဓါတ်ပုံတွေကတော့ ခဏခဏ တွေ့ရတတ်ပါတယ်။

သူတို့ကတော့ ဖက်ဒရယ် အကြောင်း မပြောကြဘူးလေ။
ကချင်လူထု အဖွဲ့အစည်း တွေက တညီထဲ ပြောကြတယ်။ ပင်လုံညီလာခံမှာ ပေးထားတဲ့ ကတိ ကို အမြန်ဆုံး အကောင်အထည်ဖေါ်ပေးပါ။ တဲ့။

ဒီနေရာမှာတော့ ဗမာတွေက ညီကြတယ်။ အဲလို သတင်းတွေ လုံးဝပဲ။

Wednesday, July 2, 2014

သုံးခါဖောရင် ရှောတယ် ဖထီး


နည်းနည်းတော့များသွားပြီဖထီး



'နဂလေးခလာ'ဘယ်သွားမလို့လဲ၊ ပကန့်အာမင်း ထမင်းစားပြီးပြီလား 'နန့်အာမင်း မနက်လာ' ဘာဟင်းနဲ့စားသလဲ၊ အဲဒီလောက်နဲ့ တင်ပြီးရမယ့်ကိစ္စ ဖထီးကဖောတာများပြီး နသားပါယား နင့်ကိုငါ ချစ်တယ်သွားလုပ်တော့ နဂိုကမှ ငိုချင်ရက်လက်တို့ ကြံ့ဖွံ့သမ္မ တကြီးကို နောက်ငါးနှစ် သမ္မတ ထပ်လုပ်ပါအုံး ဆိုတော့ နည်းနည်းတော့များသွားပြီ ဖ ထီး၊ ဖထီးတို့ ကားပါမစ်တွေလူစုံအောင် မရသေးဘူးနဲ့တူတယ်။ သစ်ရောင်းပြီးကားဝယ် စီးလည်းဖြစ်တာဘဲဥစ္စာ ဖထီးရာ ဘာလဲနယ်စပ်မှာ သစ်ခုတ်စရာမရှိတော့လို့လား ဒါမှ မဟုတ် သစ်ခုတ်တဲ့သူတွေ ဘွဲ့ထူးဂုဏ်ထူးပေးတာ ဖထီးမရသေးလို့ သမ္မတကြီးကို EXTENSION ပေးဖို့ လုပ်နေတာလား။

သမ္မတကြီးနှလုံးသားက ရိုးရိုးနှလုံးမဟုတ်ဘူး၊ စက်နှစ်လုံးတပ်ထားလို့ကို နှလုံးလို့ခေါ်တာဖထီးရ ကျန်းမာရေးကသိပ်ကောင်းတာ မဟုတ်ဘူး၊ သမ္မတအလုပ်က ဖထီးလဲသိတဲ့အတိုင်းဘဲ သိပ်အလုပ်များတာ၊ တစ်လတစ်ကြိမ်မိဘပြည်သူများခင်ဗျာ လုပ်ရတာ၊တော် ရုံလူမလုပ်နိုင်ဘူး၊ အသက်ကလည်းကြီးအားအင်တွေကလည်း ကုန်ခမ်းအိုမင်းမစွမ်းဖြစ်လာတော့ ခမျာနားချင်ရှာမှာပေါ့။ သမ္မတလုပ် နေရတော့ ဖထီးတို့လိုတောထဲမှာ ကာလူးလည်းမစွဲနိုင်ဘူး၊ ဖထီး သေသေချာချာမလေ့လာလို့ပါ၊ အခုနောက်ပိုင်း သမ္မတကြီးက စိတ်သွားတိုင်းကိုယ်မပါတော့ဘူး၊ လူစွမ်းအားကို အားမကိုးနိုင်တော့လို့ နှလုံးကိုတောင် စက်နဲ့လည်ပတ်နေရတာ၊ သမ္မတကြီးက နောက်ဆို ဘာလုပ်လုပ်စက်ပဲအားကိုးတော့မှာ သမီးကလေးကျေးရွာမှာ ကျူးကျော်ဖျက်တာတောင် လက်နဲ့ဆွဲမဖျက်တော့ဘဲ ဘူဒိုဇာနဲ့ ဖျက်တာကိုသာ ကြည့်ပေါ့ဖထီးရာ။ ဖထီးကလွှတ်ရိုးတာပဲ။

Tuesday, June 17, 2014

Myanmar Peace Centerမှ နိုင်ငံရေး ပါရဂူများသို့ အိတ်ဖွင့်ပေးစာ

ချစ်ခင်လေးစားရပါသော

ဆရာတစ်ဆူ ပါရဂူများခင်ဗျာ

ဆရာတို့ရဲ့ အသွင်ကူးပြောင်းရေးကာလ မှန်း ဆချက်များ နိုင်ငံရေး ဟောပြောပွဲကို မြန်မာနေရှင်နယ် ရုပ်သံလိုင်းကနေ ၈.၆.၂ဝ၁၄ ညမှာ ကြည့်လိုက်ရ တယ်ဆရာ၊ ဆရာတို့ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်မှုတွေကို သိလိုက်ရတော့ အထင်ကြီး လေးစားဂုဏ်ယူမိပါတယ်။ သမ္မတကြီးက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှ နိုင်ငံရေးအရ အတင်း အကျပ်မလုပ်ဖို့ ဖိအားမပေးဖို့ပြောပြီး တစ်ရက်နှစ် ရက်ပဲရှိသေးတဲ့အချိန်မှာ ဆရာတို့ရဲ့ ဟော ပြောပွဲနား ထောင်လိုက်ရတော့ ဒါဟာ Political Time Bombနိုင်ငံရေး ချိန်ကိုက်ဗုံးတစ်ခုလားလို့ သံသယဖြစ်မိပါ တယ်ဆရာ။ စကိုင်းနက်ရုပ်သံချန်နယ်ကလဲ မီးစတစ် ဖက်ရေမှုတ်တစ်ဖက် လုပ်နေရာကနေ အလဲဗင်းမီဒီ ယာက အခွန်မဆောင်ဘူးလို့ စွပ်စွဲလိုက်တော့ မီးစ ဖက်ကိုလုံးလုံးပြောင်းသွားပြီ ဆရာရေ့။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံဥပဒေပြင် ဆင်ရေး တရားပွဲတွေကို လုံးစေ့ပတ်စေ့လွှင့်မပြခဲ့ဘူး ဆရာ၊ Liveပြဖို့ဝေးလို့ Delay တောင်အတိုချုပ် ပဲပြတယ်ဆရာ၊ ဆရာတို့ဟောပြောပွဲကိုတော့ လေး နာရီကျော်ပြသွားတယ်ဆရာရဲ့၊ ဆရာတို့ကိုချီးကျူး မိတယ်ဆရာ၊ တော်လှန်ရေးကာလမှာတောင် အမေ ရိကန်တက္ကသိုလ်က Ph.Dဘွဲ့တွေ ဆွတ်ခူးနိုင်ခဲ့တယ် ဆိုတာနည်းတဲ့ ဇွဲနဘဲမဟုတ်ဘူး၊ ဒီမှာလဲဗေဒင်ဆရာမ တွေ ဒေါက်တာဘွဲ့တွေရကုန်ကြပြီဆရာ၊ သူတို့လဲဗေ ဒင်နဲ့ ပါရဂူဘွဲ့ရပေမယ့် မြန်မာ့နိုင်ငံရေးရှေ့ဖြစ်ဟော တာတော့ ဆရာတို့လောက်မကျွမ်းကျင်ဘူးဆရာ ဆရာတို့ဆွေးနွေးပွဲ ဟောပြောပွဲကို လူကိုယ်တိုင် တက်ရောက်ချင်ပေမယ့် တက်ခွင့်မကြုံခဲ့ဘူး ဆရာ ရေ့။

ထိုင်းရောက် မြန်မာများ သုံးသပ်ချက်

ထိုင်းနိုင်ငံက ရဲ နဲ့ စစ်သားတွေ ရှေ့မှာ မျက်နှာငယ်လေးနဲ့ ထိုင်နေရတဲ့ မြန်မာနိုင်ငံသားများရဲ့ သတင်း ဓါတ်ပုံတွေကို ကြည့်ပြီး ဒူဝါ လဲ စိတ်မကောင်း ဖြစ်မိပါတယ်။

မြန်မာ့ လက်ရွေးစင် ဟောင်း ကချင် တစ်ယောက် နဲ့ အင်ဆန်အောင်လ ကို နှိုင်းကြည့်ရအောင်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ပြုလုပ်တဲ့ အာရှရဲ့ အကြီးဆုံး သိုင်းပေါင်းစုံ လက်ဝှေ့အဖွဲ့ မှ ကြီးမှူးကျင်းပ တဲ့ လက်ဝှေ့ပွဲမှာ ကချင်လူမျိုး ဖြစ်တဲ့ Nsang Awng La က အီဂျစ်နိုင်ငံက Mahmoud Salama ကို ပွဲ စစ်ချင်း တစ်မိနစ် ကျော်ကျော်လေးမှာပဲ အလဲထိုး အနိုင် ရတဲ့ အကြောင်း၊ မြန်မာပြည်က ကမ္ဘာ့အဆင့်မှီပြိုင်ပွဲအတွက် မြန်မာ့ အလံ နဲ့ ပထမဆုံးအကြိမ် သတင်း ဖြစ်တဲ့ အကြောင်း သတင်းတွေ ထွက်လာတော့ ဝေဖန်မှုမျိုးစုံထွက်လာပါတယ်။

အမျိုးမျိုး ပြောတတ်တဲ့ အစိုးရ

ရန်ကုန်က ဘုန်းကြီးကျောင်း တစ်ကျောင်း နဲ့ ပတ်သက်လို့ အစိုးရ သာသနာရေး ၀န်ကြီးဌာန နဲ့ ပီနန် ဆရာတော် အကြား အငြင်းပွါးနေတာ အားလုံး အသိပါ။ 

ဒူဝါ က ခရစ်ယာန် ဆိုတော့ ဘာဆိုင်လို့ ၀င်ရှုပ်ရတာလဲ ထင်နေအုံးမည်။ ဒူဝါ ထောက်ပြချင်တာက အစိုးရ ဆိုသူတွေရဲ့ ပြီးစလွယ်ပြောတတ်တဲ့ အကျင့် ကိုပါ။

ကချင်တွေရဲ့ ငြိမ်းချမ်းရေး လက်မှတ်မထိုးနိုင်ရတာလဲ ဒီအကျင့်တွေ ကြောင့်ပါပဲ။

အခုကြည့်ပါ။

ပီနန်ဆရာတော်က သူ့ ကျောင်းမှာ မင်္ဂလာဆောင်တာတို့၊ လူမှုရေး ကိစ္စ (လောကီအရေး) အမျိုးမျိုး လုပ်တာ မကြိုက်လို့ ဆိုတော့.. မလုပ်ပါဘူးတဲ့။ 




အစိုးရ သတင်းစာမှာပဲ အဲဒီ ကျောင်းမှာ လုပ်ဖို့ ရှိတဲ့ မင်္ဂလာဆောင်ပွဲတွေ ဖျက်လိုက်ရတယ် ဆိုပဲ။ အဲဒါ သက်သေ ပဲ။ ဒါက လူသိရှင်ကြား၊ မြို့ကြီးက အဖြစ်အပျက် ကို ဗမာအချင်းချင်း မျက်စိမြိတ် ငြင်းရဲတဲ့ သတ္တိ ပါ။

တိုင်းရင်းသား ပြည်နယ်တွေမှာ ဗမာ လူမျိုး မီဒီယာတွေ သိနေရင်တောင် ဂရုမစိုက် ဖြစ်နေတဲ့ ပြဿနာတွေ၊ ကေအိုင်အေ က ပြောတဲ့ နိုင်ငံရေး စကားတွေကို အစိုးရ၀န်ကြီးတွေ ကိုယ်တိုင်ပြောမှ ယုံတတ်တဲ့ လူတချို့ အတွက် ထောက်ပြတာပါ။

မြန်မာ့ အပြောင်းအလဲ

ဒီနေ့ မြန်မာပြည် အပြောင်းအလဲ ဖြစ်နေပြီ တဲ့။

ဘယ်နေရာလဲ တော့ မသိသေးဘူး.. 

လောလောဆယ် ကြားနေရတဲ့ သတင်းတွေကတော့

(၁) ၁၇ (၁) နဲ့ ဖမ်းထားတဲ့ ကချင်တွေ နှစ်ရှည် ထောင်ဒဏ် တဲ့။
(၂) နိုင်ငံခြားက ပြန်လာတဲ့ အစိုးရကို ဝေဖန်တဲ့ မြန်မာနိုင်ငံသားဟောင်း တွေ ပြည်ဝင်ခွင့်ဗီဇာ မရဘူး တဲ့။
(၃) မီး မမှန်သေးဘူးတဲ့။
(၄) အစိုးရ ၀န်ကြီးတွေ သတင်းစာ ရှင်းလင်းပွဲ မတက်ရဲ တော့ဘူးတဲ့။
(၅) သတင်းထောက်တွေကို ထောင်ဒဏ်ချလိုက်ပြီတဲ့။
(၆) အစိုးရ နဲ့ သိပ်မတည့်တဲ့ ဘုန်းကြီးကျောင်း အပိတ်ခံရတယ် တဲ့။
(၇) ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် တဲ့။
(၈) အစိုးရ သစ်တက်လာပြီး နောက်ပိုင်း နိုင်ငံတကာက ကူညီနေတဲ့ ဒုက္ခသည်အသစ် စာရင်း သိန်းချီရှိနေပြီတဲ့။
(၉ ) ကားလိုင်စင် ပါမစ် ဈေးကွက် ရှိနေတယ် တဲ့။
(၁၀) လုပ်ငန်းလိုင်စင် အားလုံးအတွက် နေပြည်တော် အထိ သွားနေရတုန်း တဲ့။
(၁၁) နိုင်ငံခြားလုပ်ငန်း ကုမ္ဗဏီ တချို့ အစိုးရ ရဲ့လုပ်ထုံး လုပ်နည်းမှာ အထာ မကျ လို့ တပ်ခေါက်ပြန်ရတယ်တဲ့။
(၁၂) ပြည်သူတွေက အခြေခံ ဥပဒေ ပြင် ဖို့ လိုလား တယ် ဆိုပေမယ့် အစိုးရ မကြိုက်ရင် လုပ်လို့ မရဘူး ဆိုပဲ။

အေး... တခုတော့ ရှိတယ်..

၁၅၀၀ ကျပ်တန် ဖုန်းကပ် ထုတ်ပေးတယ် တဲ့။ မြန်မာပြည်သားတွေ ကျေးဇူးတင်လို့မဆုံး... လုယူကြလို့ မဲနှိုက်ရတယ် ဆိုပဲ။ သူများနိုင်ငံက ဖုန်းတွေများ လိုင်းမကောင်းလို့ ယူမဲ့လူ မရှိုလို့လား မသိ ပရိုမိုးရှင်း တောင် လုပ်ရောင်းရတယ်။ မြန်မာနိုင်ငံက ဖုန်းကတော့ ပရိုမိုးရှင်း မလို.. မဲတောင် နှိုက်ယူရတယ်။ လိုင်းကောင်းတာ မကောင်းတာ သူတို့နဲ့ မဆိုင်။

အဲဒါ မြန်မာ့ အပြောင်းအလဲ ပဲ။

လေယဉ်ပျက်ကျတာ ကချင်တွေနဲ့ မဆိုင်ဘူးလား

မကွေးတိုင်း နင်းကြမ်းကျေးရွာ အနီးမှာ M29 တပ်မတော်တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေးပြုလုပ်နေစဉ် ပျက်ကျသွားကြောင်း သိရပါတယ်။

M29 ဆိုတော့ ကာလ တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၂၉ သန်း (သိန်း ၂၉ ၀) တန်တယ် လို့ပြော ကြပါတယ်။ မြန်မာ ကျပ်ငွေ သိန်း ပေါင်း သုံးသောင်း နီးပါး ပေါ့။ 

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်