A captured Carl Gustaf rocket launcher at a KIA base in Kachin State. (Photo: John Salin) |
ဆွိဒင်နိုင်ငံရဲ့ နိုင်ငံခြားကုန်တင်ပို့မှု ထိန်းချုပ်ရေးဌာန (The Swedish Agency for Non-Proliferation and Export Controls, ISP) မှ အဆိုပါ စစ်ဆေးမှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီ Saab Bofors Dyanamics ဟာ ကမ္ဘာ့ထိပ်ဆုံး လက်နက်ထုတ် စက်ရုံ နံပတ် ၃၀ စာရင်းဝင် ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ Sebastian Carlsson ပြောတာကတော့ သူတို့ ကုမ္ပဏီအနေနဲ့လဲ အဆိုပါ စုံစမ်း စစ်ဆေးမှုကို အပြည့်အ၀ ပူပေါင်းပါဝင်မှာ ဖြစ်တဲ့ အကြောင်းပြောပါတယ်။ သူပြောတာက “ကနော်တို့ အနေနဲ့လည်း ကျနော်တို့ရဲ့ ထုတ်ကုန် အခုလို မြန်မာကို ဦးတည်နေတာ မကြိုက်ဘူး၊ မြန်မာကိုလည်း မရောင်းခဲ့ပါဘူး” လို့ ပြောပါတယ်။
သူဆက်ပြီး ပြောတာက..
သူတို့ ကုမ္ပဏီထုတ် လက်နက် ရောင်းတဲ့ နိုင်ငံ ၂၀ ရှိတယ် လို့ ဆိုပါတယ်။ အဆိုပါ နိုင်ငံတွေကို ရောင်းခဲ့တဲ့ ကုတ်နံပါတ်တွေကို ပြန် စစ်လိုက်ရင် ပေါ်မှာ ဖြစ်တဲ့ အကြောင်း ပြောပါတယ်။
အခုစစ်ဆေးမဲ့ ပုံစံကတော့ ဘယ်လိုကြောင့် မြန်မာစစ်တပ်ထဲ အဲဒီ လက်နက် ရောက်သွားတဲ့ လမ်းကြောင်းကို စစ်ဆေးမှာ ဖြစ်ပါတယ်။ သူတို့ရောင်းတဲ့ အထဲမှာ အိန္ဒိယ နဲ့ ထိုင်း လဲ ပါပါတယ်။ သတင်းဌာန အနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေး ၀န်ကြီးဌာန ကိုမေးမြန်းထားပါတယ်။ အလားတူ၊ ထိုင်း နဲ့ မြန်မာ ကို မေးမြန်းထားသော်လည်း သတင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရပါတယ်။
မူရင်း အင်္ဂလိပ်သတင်း >>>> http://goo.gl/iODyA
No comments:
Post a Comment