လွတ်လပ်စွာ တွေးခေါ်တတ်ဖို့ ဦးဏှောက်ဆေးလိုက်မယ် ဆိုရင်.. ပိုမို ကျယ်ပြန့်တဲ့ အတွေးအခေါ် ပညာရပ်တွေကို ရလာတတ်ပါတယ်... ဒါပေမယ့်... မူဝါဒ တခုခု ရိုက်သွင်းဖို့ ဦးဏှောက်ဆေးလိုက်ခြင်းဟာ လူ တစ်ယောက်ကို အကျဉ်းထောင်ထဲ ပို့လွတ်လိုက်သလိုပဲ ဘာမှ မသိတော့ဘူး။
ကချင် ခရစ်ယာန်ဓမ္မသက္ကသိုလ် က ဆရာ တစ်ပါးဟာ ကျောင်းသားသစ် (Fresher) အတန်းမှာ အမြဲတမ်း ဦးဦးဖျားဖျား ဘုရားသခင် မရှိတဲ့ အကြောင်း စပြီး လက်ချာပေးတာ နာမည်ကြီးခဲ့ပါတယ်။ အဲဒါကြောင့်လဲ ကချင်ခရစ်ယာန် အသိုင်းအ၀န်းမှာ သူ့ရဲ့ အတွေးအခေါ်ကို နားမလည်တဲ့လူတွေက အကြီးအကျယ် ဝေဖန်ခဲ့ပါတယ်။
တကယ်တော့ သူဟာ.. ဓမ္မစာသင်သားတွေကို မိဘ အသိုင်းအ၀ိုင်းက ရလာတဲ့ ယုကြည်မှု ဆိုင်ရာ ထုံးတမ်းစဉ်လာ အတွေးအခေါ် အားလုံးကို ဆေးကျောပေးလိုက်တဲ့ သဘော ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘုရားမဲ့ ၀ါဒလူတစ်ယောက် အနေနဲ့ စခိုင်းခဲ့တယ်။ ပြီးတော့ လွတ်လပ်စွာ ရေးခိုင်းတယ်.. တွေးခေါ်ခိုင်းတယ်... စာကြည့်တိုက်မှာ များများ ရှာဖတ်ခိုင်းတယ်...


